သွေးပေါင်ချိန်များနေခြင်းနှင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များနေခြင်း


လူငယ်များတွင် သွေးပေါင်ချိန်များနေခြင်းကိုအိုမီဂါ ၃ ဖက်တီ အက်ဆစ်ကြွယ်ဝသော အစားအသောက်များကို စားသုံးပေးခြင်းဖြင့် ကာကွယ်နိုင်ဖွယ်ရှိကြောင်းကို American Heart Association’s Scientific Sessions ၂၀၁၆ တွင် တင်သွင်းခဲ့သော ကနဦးလေ့လာမှု တစ်ခုမှ သိရှိရပါသည်။ ငါးများနှင့် အပင်မှရသော အဆီအမျိုးအစားအချို့တွင် အများဆုံးပါဝင်လေ့ရှိ သော အိုမီဂါ ၃ ဖက်တီအက်ဆစ်သည် လူသားတို့အတွက် မရှိမဖြစ်လိုအပ် သော အဆီအမျိုးအစားတစ်ခုဖြစ်သည်။ အရွယ်ရောက်ပြီး လူငယ်လူရွယ်ပေါင်း ၂၀၃၆ယောက်တို့အား သွေးထဲရှိ အိုမီဂါ ၃ဖက်တီအက်ဆစ် ပမာဏနှင့် သွေးပေါင်ချိန်များကို တိုင်းတာမှတ်သားထားကာ လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပါဝင်သူများ၏ သွေးထဲရှိ အိုမီဂါ ၃ ဖက်တီအက်ဆစ်ပမာဏ အနည်းအများအပေါ်မူတည်ပြီး အုပ်စုလေးစုခွဲကာ လေ့လာခဲ့ရာတွင် အိုမီဂါ ၃ ဖက်တီအက်ဆစ်အများဆုံး ရှိနေသောအုပ်စုဝင်များသည် အပေါ် သွေး ၄ ယူနစ်နှင့် အောက်သွေး ၂ယူနစ်ခန့်အသီးသီးလျော့နည်းသည်ကိုတွေ့ရှိခဲ့သည်။ သွေးထဲတွင် အိုမီဂါ ၃ ဖက်တီအက်ဆစ်များလေလေ သွေးပေါင်ချိန်ပိုကျလေလေဖြစ် ပြီး အိုမီဂါ ၃ ဖက်တီအက်ဆစ် ကြွယ်ဝသော အစားအသောက်ပုံစံကို လိုက်နာရန် တိုက်တွန်းခြင်းသည် သွေးတိုးခြင်းကို တက်ဖျက်နိုင်မည့် နည်းဗျူဟာတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည် ဆိုထားပါသည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ