Esophagitis အစာမျိုပြွန်ရောင်ခြင်း


မင်္ဂလာပါဆရာ ကျွန်မမေးခွန်းလေးတခုမေးချင်လို့ပါဆရာ။ ကျွန်မအသက်က ၃၅ ပါ။ ကျွန်မလျှာအရင်းပိုင်းနဲ့ အာခေါင်လည်ချောင်းထဲမှာ နေရတာတမျိုးဖြစ်နေလို့ပါ။ မနေနိုင်မထိုင်ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူးဆရာ။ ဒါပေမဲ့ အာခေါင်ကခြောက်သလိုမျိုးပြီးတော့ ရင်ကျပ်ချင်သလိုးမျိုး တချက်တချက်လဲ ဘယ်ဘက်ရင်ဘက်ကအောင့်သလို ခံစားရပါတယ်။ ကျွန်မလည်ချောင်းကင်ဆာတို့ လျှာကင်ဆာတို့ကိုကြောက်လို့ပါဆရာ။ နားနှာခေါင်းလည်ချောင်းဆေးခန်းမှာ သွားပြတာအစာပြွန်ရောင်နေတာလို့ပြောပါတယ်။ ဆေးသောက်တာသက်သာပါတယ်ဆရာအပူအစပ်တွေနဲ့ လက်လုပ်ချဉ်ရယ် ရေခဲရေ အဲ့တာတွေ ရှောင်ခိုင်းပါတယ်ဆရာ။ ဆရာ့ရေးတဲ့အထဲမှာအစာပြွန်ရောင်တာရေးထားတာ မတွေ့လို့ သိချင်လို့ပါဆရာ။

အစာမျိုပြွန်ဆိုတာ ခံတွင်းကနေဆက်နေပြီး အောက်မှာ အစာအိမ်အထိတန်းနေတဲ့ပြွန်လိုနေရာဖြစ်တယ်။ ရင်ခေါင်းပိုင်းမှာ ရှိတယ်။ အဲတာရောင်နေရင် အစာမျိုတဲ့အခါနာမယ်။ GERD ခေါ် အစာခြေအရည်အထက်ဆန်ခြင်းကနေ အများဆုံး ဖြစ်စေတယ်။

Hiatal hernia ခေါ် အစာအိမ်ထပ်ပိုင်းနေရာက အူကျွံသလိုတက်တာကနေလည်းဖြစ်စေနိုင်တယ်။ aspirin, ibuprofen, naproxen ခေါ်အနာသက်သာဆေးတွေ၊ alendronate, ibandronate, risedronate ဆေးတွေ၊ clindamycin or tetracycline ပိုးသေဆေးတွေ၊ vitamin C, iron, potassium pills ဆေးတွေ၊ Steroid ဆေးတွေကနေလည်း ဖြစ်နိုင်တယ်။ HIV ရှိသူ၊ ဆီးချိုရှိသူ၊ ကျောက်ကပ်မကောင်းသူတွေမှာလည်း တချို့ ဖြစ်တတ်တယ်။ ဓါတ်ကင်ရသူတွေ၊ Scleroderma ရောဂါရှိသူ၊ အလာဂျီရှိသူတွေမှာလည်း ဖြစ်တတ်တယ်။

ရင်ပူမယ်။ အစာမျိုရင်နာမယ်။ ဆိုးရင် အရည်မျိုတာနဲ့နာမယ်။ ရင်ပတ်နာမယ်။ ချောင်းဆိုးမယ်။ တချို့ ပျို၊ အန်မယ်။ ဖျားမယ်။ ဗိုက်အောင့်မယ်။

Endoscopy ကိရိယာနဲ့စစ်ဆေးမယ်။ Barium X-ray ဓါတ်မှန်ရိုက်မယ်။

ကုသရာမှာ ဖြစ်စေတာကိုကုရမယ်။ ဆေးသောက်တာတွေသတိထားရမယ်။ GERD ကိုကုသရမယ်။ အစားအသောက်ကို နည်းနည်းနဲ့အကြိမ်ခွဲစားသင့်တယ်။ စားပြီးနောက် ၂-၃ နာရီအတွင်း လှဲမနေသင့်ပါ။ မအိပ်မီအစာစားတာမကောင်းပါ။ အရက်၊ ချောကလက်တွေက ပိုဆိုးစေတယ်။ စပ်တဲ့အစာတွေရှေင်ြသင့်တယ်။ အက်စစ်များတဲ ခရမ်းချဉ်သီး၊ လိမ်မော်သီး မသင့်ပါ။ ဆေးလိပ်မသောက်သင့်။ ကုတင်ခေါင်းရင်းကိုမြှင့်ထားသင့်တယ်။ အဝတ်အစား ချောင်တာဝတ်ပါ။ ကိုယ်အလေးချိန်များရင် လျှော့ချပါ။

Antacids အက်စစ်ဓါတ်ပျယ်ဆေးပေးမယ်။ Famotidine (Pepcid), omeprazole (Prilosec), ranitidine (Zantac) ဆေးတွေလည်းပေးတယ်။ တချို့ ခွဲစိတ်ရတယ်။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ