တီဘီရောဂါပိုးအား ကုသပေးနိုင်မည့် ဆေးဝါးသစ်တစ်မျိုးအား စမ်းသပ်နေ


ဘက်တီးရီးယား ကူးစက်ခြင်း အား ကုသမှုအတွက် အသုံးပြုရန် ၁၉၆၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ သည်။ ပဋိဇီဝပိုးသတ်ဆေး အမျိုး အစားဖြစ်သည့် cephalosporin ပထမမျိုးဆက် ဆေးဝါးများသည် ယခုအခါ တီဘီရောဂါကုသမှုအတွက် အစွမ်းအာနိသင်များ ရှိနေကြောင်း ထုတ်ဖော်တွေ့ရှိခဲ့သည့် သုတေသန သစ်တစ်ခုကို Scientific Reports ဂျာနယ်တွင် ဖော်ပြလိုက်ပါသည်။ ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံး ဖြစ်စေသောရောဂါများတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ တီဘီရောဂါ အားကုသရန် အနည်းဆုံး ဆေး ခြောက်လခန့်သောက်နေရပြီး ဆေး ယဉ်ပါးတီဘီဖြစ်ပွားမှု၏ အန္တရာယ် များအား ခြိမ်းခြောက်ခံနေရသည်။ တီဘီဆေးသစ် တီထွင်ဖန်တီးရဖို့ အတွက် ကုန်ကျစရိတ်မှ ၂.၆ ဘီလီယံအထိ ကုန်ကျနေရပြီဖြစ် ကြောင်း လေ့လာမှုများကဆိုသည်။

ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ ၎င်း cephalosporin ဆေးဝါးသည် တီဘီပိုးအား ထိရောက်စွာ သုတ်သင် ရှင်းလင်းနိုင်စွမ်းရှိပြီး လက်ရှိ သာမ ရိုးကျ ကုထုံးများနှင့် ကုထုံးသစ်များ တို့ဖြင့် ပေါင်းစပ်ကုသပါက ပိုထိ ရောက်မှုရှိကြောင်း သိရပါသည်။ လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဂဏု ဇီဝပညာရှင့် University of British Columbia (UBC) မှ ဆန်ဒီယေလိုယေမွန်ဂါဇီယာက ယင်း cephalosporin ဆေးဝါးသည် သောက်ဆေးဖြစ်ပြီး ယုံကြည်စိတ်ချ ရသည့် မှတ်တမ်းများလည်းရှိကြောင်း ပြောကြားခဲ့ပါသည်။


Dr. A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ