နံနက်ခင်း နေရောင်ခြည်က ကိုယ်ခန္ဓာ ကျစ်လျစ်လှပစေနိုင်


နံနက်စောစောမှာ နေရဲ့ အလင်းရောင်နဲ့ ထိတွေ့ခြင်းဟာ ကိုယ်ခန္ဓာ ကျစ်လျစ် လှပစေကြောင်း လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ် ။ နံနက်ခင်းအချိန်မှာအလင်းရောင်နဲ့ ထိတွေ့တဲ့ ကြိမ်ရေ ၊ ပမာဏနဲ့ အချိန်ကာလဟာ ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေကြောင်းကို ဖော်ထုတ် နိုင်ခဲ့ပါတယ် ။

လေ့လာမှုခေါင်းဆောင် Phyllis Zee က ““အလင်းရောင်ဟာ လူတစ်ယောက်ရဲ့ ကိုယ်တွင်း ဇီဝနာရီကို ချိန်ညှိအပေးနိုင်ဆုံး ညွှန်းကိန်းဖြစ်ပါတယ် ။ အလင်းရောင်နဲ့ ထိတွေ့ ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးနိုင်ပါတယ် ။ မနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့ ခြင်းဟာ စွမ်းအင်လိုအပ်မှုနဲ့ သုံးစွဲမှုတွေကိုပါ ညီမျှစေပါတာကြောင့် မနက်ခင်းအလင်းရောင်နဲ့ မိနစ် ၂၀မှ နာရီဝက်လောက် ထိတွေ့ပေးခြင်းဟာ ကိုယ်အလေးချိန်အညွှန်းကိန်းကို ပုံမှန်အခြေအနေမှာ ရှိနေစေပါတယ်””လို့ ရှင်းပြထားပါတယ်။

မနက်ခင်းအလင်းရောင်နဲ့ ထိတွေ့မှုမရှိဘဲ အိပ်စက်နေသူများအဖို့ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီကို ချိန်ကိုက်ညီစေခြင်း (synchronize) မဖြစ်တော့ဘဲ အ၀လွန်လာနိုင်ကြောင်း Phyllis Zee က သုံးသပ်ထားပါတယ်။

ဒီလေ့လာမှုကို Journal PLOS ONE မှာဖော်ပြထားတာ ဖြစ်ပါတယ်။

သက်နှင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ