Chlorine (ကလိုရင်း) ရဲ့  အဆိုးအကောင်း သိကောင်းစရာ မှတ်တမ်း


ကလိုရင်း (Cl) သည် သိပ္ပံနယ်ပယ်တွင်သာမကသိပ္ပံနှင့် မရင်းနှီးသော သာမန် လူများကပင် အသိများသည့် ဓာတုဒြပ်စင်ဖြစ်သည်..(အထူးသဖြင့် ရေကန် ရေထဲ့များတွင် ထည့်ရသည်ဟု အသိပိုများပါသည် )

အသုံးပြုခြင်း........
ကလိုရင်း (Cl)သည် ရေသန့်စင်ခြင်း၊ဘက်တီးရီးယားပိုးသတ်ဆေးနှင့် အရောင်ချွတ် အရောင်တင်ဓာတ်ငွေ့ အတွက် အဓိကအရေးပါသော ဓာတုဒြပ်စင်ဖြစ်သည်။ ကလိုရင်း (Cl)ကို ထုတ်ကုန်ပစ္စည်းတော်တော်များများ ထုတ်လုပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးကြသည်ကို တွေ့ရသည်။ တိုက်ရိုက်သုံးခြင်းနှင့် သွယ်ဝိုက်သုံးခြင်းသာကွာသည်။ စက္ကူထုတ်လုပ်ငန်းများ၊ ပိုးသတ်ဆေး(အနာရောဂါပိုး)၊ဆိုးဆေးများ၊အစားအစာ၊အင်းဆက်ပိုးမွှားသတ်ဆေး၊အိမ်သုတ်ဆေး (ပန်းချီဆေး၊သဘောင်္ သုတ်ဆေး) ၊ပလပ်စတက်များ၊ ဆေးဝါးများ၊ ချည်မျှင်နှင့် အထည် လုပ်ငန်းများ၊ နှင့်တခြားသော စားသောက်ကုန်-လူသုံးကုန်များထုတ်လုပ်ရာတွင်အသုံးပြုကြသည်။

ထို့အပြင် သောက်သုံးရေများရှိ ဘက်တီးရီးယားနှင့် အခြားသောအရာများ သန့်စင်ရန် အတွက်လည်း ကလိုရင်း (Cl)ကို အသုံးပြုကြသည်။ကလိုရင်း (Cl)သည် စက္ကူများ ထုတ်လုပ်ရာတွင် သစ်သားပျော့ဖတ်များကပ်ပါ မနေအောင် (သန့်စင်နေအောင်) ချွတ်ဆေးအနေဖြင့် ပါဝင်နေသကဲ့သို့ သုံးပြီးသား စက္ကူများများကို မင်များဖယ်ရှားပြီး အသစ်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်သော စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုသည်။ဟိုက်ဒရိုဂျင်ရရန်အတွက် ကလိုရင်း (Cl)ကို အစားထိုးအသုံးပြုသည့်အခါ အော်ဂဲနက် ဒြပ်ပေါင်းများတွင် လိုချင်သော ဂုဏ်သတ္တိများရရန် ၄င်းက ပေးစွမ်းဆောင် ရွက်နိုင်သဖြင့် အသုံးပြုကြသည်။

ထို့ကြောင့် ကလိုရင်း (Cl)ကို အော်ဂဲနက်ဓာတုဗေဒတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်၊၊ (အထူးသဖြင့်- ကလိုရိုဒ်(Chlorates)၊မေ့ဆေး( ကလိုရိုဖော) (Chloroform)၊ ကာဗွန်တြာကလိုရိုက်(Carbon tetrachloride) နှင့် ဘရိုမင်း(Bromine) ထုတ်ဖော်ရာတွင် အသုံးပြုသည်။)

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ .......
ကလိုရင်း (Cl) သည် ဓာတ်ပြုအားကောင်းသော ဓာတ်ငွေ့ဖြစ်သည်။ သဘာဝအားဖြင့် တွေ့ရသော ဒြပ်စင်လည်း ဖြစ်သည်။အီသိုင်လင်း ဒိုင်ကလိုရိုက် (ethylene dichloride) နှင့် အခြားသော ကလိုရင်းဆက်စပ် ပျော်ရည်များ၊ပိုလီဗင်နိုင်းလိ ကလိုရိုက်(Polyvinyl chloride (PVC))များ၊ ကလိုရိုဖရူလိုကာဗွန်(Chlorofluorocarbonds)နှင့် ပလိုပိုင်လင်း အောက်ဆိုဒ် (Prpylene oxide) များတွင်ု ကလိုရင်း (Cl) ကို အများဆုံးအသုံးပြုကြသည်။

စက္ကူများချွတ်ရန် စက္ကူကုမ္ဗဏီများတွင် ကလိုရင်း (Cl) ကို အသုံးပြုသည်။ရေနှင့် ညစ်ညမ်းရေများသန့်စင်သည့် စက်ရုံများတွင် ရောဂါပိုးများ နှင့်တခြားသော ညစ်ညမ်းစေသော အရာများ ကင်းစင်သန့်ရှင်းသော ရေအဆင့်ရရန်အတွက် ကလိုရင်း (Cl) ကို အသုံးပြုကြသည်။
လေ -ရေ- မြေ တွင်ပါဝင်နေသော ကလိုရင်း (Cl) များသည် အလုပ်ခွင်နှင့် ပတ်ဝန်းကျင်များတွင် ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။

ကလိုရင်း (Cl) သည်ရှူရှိုက်လိုက်သော လေမှ လည်းကောင်း၊ စားသောက်လိုက်သောအစာနှင့် ရေမှ လည်းကောင်း ခန္ဒာကိုယ်အတွင်း ပိုင်းသို့ဝင်ရောက်လာနိုင်သည်။ သို့သော် ၄င်း၏ဓာတ်ပြမှုစွမ်းများကြောင့် ခန္ဒာကိုယ် အတွင်းပိုင်းတွင် ကျန်နေနိုင်ခြင်းမရှိပါ။လူသားတို့၏ ကျန်းမာရေးအပေါ် ကလိုရင်း (Cl) အကျိုးသက်ရောက်မှုများမှာ – ကလိုရင်း (Cl)ပမာဏ ဘယ်လောက် များများပါရှိမှု၊ ဘေးဖြစ်မှုအချိန်နှင့် အကြိမ်အရေအတွက် အပေါ်မှာမူတည်ပေသည်။ထို့ အပြင် လူ၏ကျမ္မာရေး နှင့် ဘေးသက်နေသော ပတ်ဝန်းကျင် အခြေအနေပေါ်မှာလည်း တည်မှီးနေသည်။

ကလိုရင်း (Cl)ပမာဏ အနည်းငယ်ကိုရှူမိပါက အချိန်အတိုအတွင်း အသက်ရှူမှု စနစ် တစ်ခုလုံးကို အကျိုးယုတ်ဘေးသင့်စေနိုင်သည်။ ချောင်းဆိုး ရင်ကြပ်ခြင်းနှင့် အဆုတ်ကိုပါ ဆိုးကျိုး ဖြစ်စေသည်။ အရေပြား၊ မျက်လုံးနှင့် အသက်ရှူမှုစနစ်ကို လည်း ဆိုးကျိုးဖြစ်စေသည်။ ထိသို့သောုအကျိုးသက်ရောက်မှုများမှာ သာမန်အားဖြင့် ပတ်ဝန်းကျင်တွင်တွေ့ရှိရသည်မှာ အလွန်နည်းသည်။ နေဒဏ်ထိတွေ့မှုများသောကြောင့် ဆံပင်များပိုပြီးမာကျောကျွတ်ဆတ် ပျက်စီး လွယ်စေသည်သာမက (အထူးသဖြင့်ဆံပင်များကို အရောင်ဆိုးထားသောသူတွေမှာပိုမိုပျက်စီးကာ နှစ်ခွကွဲစေသည်ဟု နယူးယောက်ဆေးပညာစင်တာက အလှအပရေးရာဆိုင်ရာ ခွဲစိတ်ဆရာဝန် ကဆိုထားသည်။)

ကလိုရင်း (Chlorine) ပါဝင်သော ဆံပင်ဆိုးဆေးများသုံးထားသည့်အခါ နေရောင် ဒဏ်က အဲဒီဆံပင်တွေကို အရောင်မွဲခြောက်နှစ်ခွကွဲတာ ပိုဖြစ်စေသည်။ ထို့ကြောင့် ဆံပင်ဆေး ဆိုးထားသူများအနေဖြင့် အသုံးပြုမယ့်ဆံပင်အလှကုန်တွေထဲမှာ UV ကာကွယ်မှုပါ မပါကြည့်ဖို့ လိုအပ်သည်သာမက အပြင်နေရောင်ထဲသွားတဲ့အချိန်တိုင်း ကောင်းဘွိုင်ဦးထုပ်ကဲ့သို့ ရှာထိုး အပြည့်ပါသော ဦးထုပ်မျိုးဝတ်ဆင်ဖို့လိုအပ်ပေသည်။ နွေရာသီတွင် ဆံပင်ကိုထိန်းသိမ်း ကာကွယ်ရေးအတွက် UV ဒဏ်ကာကွယ်တဲ့ရှမ်ပူ၊ အားဖြည့်ဆေး (Conditioner) နှင့် စပရေးများ ကိုသုံးပေးဖိုလိုအပ်ပေသည်။ ကလိုရင်း (Chlorine)့ ဖြန်းထားသော ရေကူးကန်များတွင် ရေကူး ရာတွင်လည်း ခုခံကာကွယ်နိုင်သည့် အ၀တ်စုံများကို ၀တ်ဆင်ခြင်းဖြင့် ကလိုရင်း၏ အကျိုးသက် ရောက်မှုကို တွန်းလှန်ကာကွယ်နိုင်သည်။

ပတ်ဝန်းကျင်သို့ အကျိုးသက်ရောက်မှုများ .......
ကလိုရင်း (Cl) သည် ရေနှင့်ရောသည့်အခါ ရေတွင်ပျော်ဝင်သည်။ ရေမှတဆင့် လေထဲသို့ အငွေ့ပျံနိုင်သော အခြေအနေသို့ကူးပြောင်းနိုင်သည်။ ကလိုရင်း (Cl)ကို ပတ်ဝန်းကျင်သို့ တိုက်ရိုက် ထုတ်ပေးနေမှုအများဆုံးမှာ ရေနှင့်လေ ပင်ဖြစ်သည်။ ထိုအခြေအနေများတွင် ကလိုရင်း (Cl)သည် တခြားသော ဓာတုဆိုင်ရာများနှင့် ဓာတ်ပြုမှုဖြစ်ပေါ်သည်။ ၄င်းသည် ရေထဲရှိ အင်အော်ဂဲနစ် ပစ္စည်းများနှင့် ပေါင်းစပ်ပြီး ကလိုရိုက် ဆားများ ရရှိနိုင်သကဲ့သို့ အော်ဂဲနစ် ပစ္စည်းများ နှင့်ပေါင်းစပ်သည့်အခါ ကလိုရင်းပါဝင်သော အော်ဂဲနစ် ဓာတုဒြပ်ပေါင်းများ ဖြစ်စေနိုင်သည်။

၎င်း၏ ဓာတ်ပြုမှု အားကောင်းမှုကြောင့် မြေကြီးထဲတွင် ရွေ့လျားမှုမရှိနိုင်သကဲ့သို့ မြေအောက်ရေများတွင်လည်း ၀င်ရောက် နေရာ ယူမှုမှာလည်း မရှိပေ။ အပင်နှင့် သတ္တ၀ါများမှာလည်း ကလိုရင်း သိုလှောင်နိုင်မှုမရှိပေ။ သို့သော်လည်း ဓာတ်ခွဲခန်း လေ့လာမှုများတွင် လေထုထဲရှိ ကလိုရင်းသည် ခုခံအားစနစ်၊ သွေး၊ နှလုံး နှင့် အသက်ရှူမှု စနစ်တစ်ခုလုံးကို ဘေးသင့်စေနိုင်ကြောင်း အထပ်ထပ်ပြဆိုလျက် ရှိပေသည်။ အလွန်နိမ့်သော အဆင့်တွင်ပင် ကလိုရင်းသည် ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသည်။ အထူးသဖြင့် ကလိုရင်းသည် ရေ နှင့် မြေရှိ သက်ရှိအဖွဲ့အစည်း (living organisms) ကို ဆိုးကျိုး များစွာပေးနိုင်သည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ