Pantoprazole ပန်တိုပရာဇိုးလ်


ဆရာ ပုံပါဆေးကို အမြဲသောက်လို့ရလားဆရာ။

Pantoprazole (ပန်တိုပရာဇိုးလ်) ဆေးဟာ လူသုံးများတယ် ။ Proton pump inhibitors အမျိုးအစားဆေးဖြစ်တယ် ။ အစာအိမ်လေနာ ၊ အူသိမ်အစပိုင်းလေနာ ၊ အစာမျိုပြွန်ကနေ အစာခြေရည် အထက်ဆန်တာအတွက်ပေးတယ် ။ အစာအိမ်က အက်စစ်ရည် ထွက်တာကို နည်းစေတယ် ။ ရင်ပူတာ သက်သာစေမယ် ။ အစာမျိုခက်တာနဲ့ မပြတ်တမ်း ချောင်းဆိုးနေတာ အတွက်ပါ ပေးနိုင်တယ် ။ ဆေးနာမည်အမျိုးမျိုးရှိတယ် ။ Pantocid 40 နာမည်နဲ့လည်းလာတယ် ။

ဆေးဘယ်လိုပေးမလည်း
• Duodenal ulcer အူသိမ်အစပိုင်းလေနာဆိုတာ Helicobacter pylori infection ဗက်တီးရီးယားကနေဖြစ်တယ်။
• Zollinger-Ellison Syndrome ရောဂါအတွက်လည်းပေးတယ်။ အဲတာက ရှားတဲ့ သရက်ရွက်နဲ့ အူသိမ်အစပိုင်းမှာ အကျိတ်ဖြစ်တာ။ အစာခြေရည်တွေအများကြီးထွက်စေတယ်။
• အူသိမ်အစပိုင်းလေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၂-၄ ပါတ်။ Helicobacter pylori infection ကြောင့်ဖြစ်ရင် ပိုးသေဆေးနဲ့ပါတွဲပေးရတယ်။
• Gastric ulcer အစာအိမ်လေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပတ်။
• Reflux oesophagitis အစာခြေရည်အထက်ဆန်လို့ရောင်တာတာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပတ်။
• Zollinger-Ellison Syndrome ရောဂါအတွက် 40 mg တနေ့ ၂ ကြိမ်။
• Gastro-oesophageal reflux disease (GERD) အစာခြေရည်အထက်ဆန်တာအတွက် 20 mg တနေ့ ၁ ကြိမ်၊ ၄ ပတ်။ လိုသေးရင် နောက်ထပ် ၄ ပတ်။

ဘေးထွက်သက်ရောက်မှုတွေကတော့ ခေါင်းကိုက်၊ ဝမ်းပျက်၊ ပျို့-အန်၊ အာခေါင်ခြောက်၊ သွေးဖြူဥနည်း၊ သွေးမှုံနည်းတာ ဖြစ်နိုင်တယ်။ တာရှည် (၃ နှစ်ကြာ) သောက်ရင် ဗီတာမင် ဘီ-၁၂ နည်းစေတတ်တယ်။ အဲတာနည်းရင် အားနည်းမယ်။ လျှာအနာပေါက်မယ်။ ခြေလက်ထုံမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ