သားလျှောခြင်းအား တားဆီးကာကွယ်ရန် ကိုယ်ဝန်ဆောင်မိခင်များ ဘေးစောင်းအိပ်သင့်ဟုဆို

Monday, November 27, 2017 09:30(+0630) (7 နှစ် ခန့်က)


သားလျှောခြင်းသို့မဟုတ်ကလေး အသေမွေးဖွားခြင်းအား တားဆီး ကာကွယ်ရန် ကိုယ်ဝန်ဆောင်မိခင် များအနေဖြင့် မီးမဖွားမီသုံးလခန့် အလိုတွင်အိပ်စက်ရာ၌ဘေးစောင်း အိပ်သင့်ကြောင်း သုတေသီများက အကြံပြုပြောကြားလိုက်သည်ဟု သိရသည်။

အမျိုးသမီး ၁ဝဝဝ အား ပြု လုပ်သည့် သုတေသနအရ မွေးဖွား ခါနီး သုံးလအလိုတွင် ကိုယ်ဝန် ဆောင်မိခင်များအနေဖြင့် ပက် လက်အနေထားဖြင့် အိပ်စက်မည် ဆိုပါက သားလျှော၊ သားပျက်ဖြစ် နိုင်ခြေ နှစ်ဆမြင့်မားကြောင်း သိ ရသည်။

အဆိုပါ သုတေသနသည် ကလေးအသေမွေးဖွားသူ ကိုယ် ဝန်ဆောင်အမျိုးသမီး ၂၉၁ ဦးနှင့် ကလေးအရှင်မွေးဖွားသူ ကိုယ်ဝန် ဆောင်အမျိုးသမီး ၇၃၅ ဦးတို့အား လေ့လာဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ၏အိပ်စက်မှုအနေအထားသည် အရေးအကြီးဆုံးဖြစ်ပြီး၎င်းတို့အိပ် ရာမှနိုးထလာချိန်တွင် ၄င်းတို့ အနေဖြင့် ပက်လက်အနေအထား ဖြစ်နေပါကလည်း မစိုးရိမ်သင့် ကြောင်း သုတေသီများကပြော ကြားခဲ့သည်ဟု သိရသည်။

ယူကေတွင် ကိုယ်ဝန်ဆောင် ၂၂၅ ဦးတွင် တစ်ဦးသည် ကလေး အသေမွေးဖွားလေ့ရှိကြောင်း သိရ သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ဘေး စောင်းအိပ်ခြင်းဖြင့် တစ်နှစ်လျှင် ကလေးငယ်ပေါင်း ၁၃ဝ ကို အသက်ရှင်သန်ခွင့်ပေးနိုင်မည်ဟု အဆိုပါသုတေသနအား ရေးသား သူများက ခန့်မှန်းထားကြောင်း လည်း သိရသည်။
အဆိုပါ သုတေသနကို ဗြိတိန် နိုင်ငံထုတ် Journal of Obstetrics and Gynaecology (BJOG)တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သွန်းသွန်း
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ