Bad smell in nose နှာခေါင်းအနံ့ဆိုး


၁။ ဆရာ ကျွန်တော်သူငယ်ချင်း မှာဖြစ်နေတဲ့ရောဂါ မေးပါရစေ။ အသက်က ၄၂ နှစ်ပါ အိမ်ထောင်သည်ပါ။ အမျိုသမီးပါဆရာ။ သူနှာခေါင်းက ပုဒ်စော်နံနေပါတယ်ဆရာ အသက်ရှုလိုလည်းကောင်းပါတယ်ဆရာ။ ဘေးကလူကို ရှုခိုင်းလည်း သိသာပါတယ်ဆရာ။ အဖျားကတော့ နှစ်ရက်လောက်ရှိပြီ တတ်တတ်နေပါတယ်။ နေ့ခင်းပိုင် နဲ့ညနေပိုင်း တနေ့နှစ်ကြိမ်တတ်ပါတယ်ဆရာ။ အဲဒါ ဘာဖြစ်တတ်သလဲ ဘာတွေလုပ်သင့်လည်းဆိုတာ ဆောင်ရန် ရှောင်ရန်လေးတွေ ဆရာညွန်ကြားချက်လေးတွေ သိချင်ပါတယ်ဆရာ။ စိုးရိမ်လို့ပါဆရာ။

မေးတာသေချာအောင် ကူးယူပြီးဖတ်ရတယ်။ တတ်လို့ ၄ ခါရေးတယ်။ တက်လို့ရေးချင်သလားမသိပါ။ အဖျားတက်တာ၊ အတက်ရောဂါ၊ အထက်တက်တာနဲ့ တတ်မြောက်တာ မတူပါ။

၂။ ဆရာရှင့် သမီးက ဆရာ့စည်းကမ်းချက်တွေကိုမသိပါဘူး။ စည်းကမ်းမကျခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။ သမီးရဲ့တူလေးက အသက် ၃ နှစ်ပါ။ နှာခေါင်းထဲကအနံ့ထွက်နေပါတယ်။ အပုပ်နံ့ပါ။ အပြင်ဆရာဝန် ၃ ဦးရှိပါပြီ မသက်သာပါဘူး။ နှာခေါင်းထဲကိုဆေးထည့် စားဆေးပေးပါတယ်။ ကလေးက မနာဘူးပဲပြောနေပါတယ်ဆရာ။ ကြာပါပြီ ၁ လလောက်ရှိပါပြီ။ ကျေးဇူးပြုပြီးပြန်ဖြေပေးစေချင်ပါတယ်ရှင့်။

အကြောင်းရင်းကိုရှာရမယ်။ တခုချင်းအလိုက်ကုသရတာမတူပါ။ တခုခုနှာခေါင်းထဲ ဝင်နေသလား။ ဆိုင်းနပ်ခေါ် အရိုးခေါင်းထဲကလေအိတ်လေးတွေ ရောင်နေသလား။ အိပ်ရင်ဟောက်တာများသလား။ နှာခေါင်းထဲ အသီးရှိနေသလား။

အနံ့ဆိုးဟာ ပုပ်သိုးနေတာမျိုး၊ အသားငါးညှီနံ့မျိုးဖြစ်နိုင်တယ်။ တခုခုနှာခေါင်းထဲ ဝင်နေရင် နားနှာခေါင်းအထူးကု ဆရာဝန်နဲ့ ပြသင့်တယ်။ အတွင်းထဲရောက်အောင် ထိုးမထည့်ရပါ။ ဆွဲထုတ်လို့ရရင်ထုတ်ပါ။

Post Nasal Drip နှာခေါင်းနောက်ပိုင်းက နှာရည်ယိုခြင်းကလည်း ဖြစ်စေနိုင်တယ်။ ပိုးဝင်လာရင် နံမယ်။ viral and sinusitis infection ဗိုင်းရပ်စ်ကနေဖြစ်တာများတယ်။ decongestants ဆေးတွေသုံးနိုင်တယ်။ ဗက်တီးရီးယားဆိုရင် ပိုးသေဆေးပါလိုမယ်။

Sinusitis ဆိုင်းနပ်စ်ကလည်းဖြစ်တယ်။ အအေးမိတာကနေစတယ်။ ဆေးနည်းတွေကများတယ်။ ဆားရည်စက် နှာခေါင်းထဲချပေးတာကောင်းတယ်။ မျက်နှာကိုရေနွေးငွေ့ပေးတာလည်း အထောက်အကူရတယ်။

Polyps အသီးပိုဖြစ်တာ ကင်ဆာမဟုတ်ပါ။ နှာခေါင်းမှာ ဆို့နေမယ်။ နှာရည်ယိုမယ်။ အနံ့ကောင်းကောင်းမရဖြစ်မယ်။ အိပ်ရင်ဟောက်မယ်။ ခေါင်းကိုက်မယ်။ nasal corticosteroids ကော်တီဇုန်းပါဆေးနှာခေါင်းထဲ ရက်တို (တပါတ်) ထည့်တာကောင်းတယ်။ ခွဲထုတ်ဘို့လိုနိုင်တယ်။

Ozena နှာခေါင်းရောင်ခြင်းတမျိုးကနေလည်းဖြစ်တယ်။ ပိုးဝင်လို့ဖြစ်တာများတယ်။ glycerine နဲ့ glucose ပါအစက်ချဆေးညွှန်တယ်။ ဆားရည်နွေးကောင်းတယ်။ ပိုးသေဆေးလိုတယ်။

Rhinoscleroma နှာခေါင်းရောဂါလည်းရှိတယ်။ ခွဲရနိုင်တယ်။ clindamycin နဲ့ cephalosporins ဆေးတွေပေးတယ်။

Adenoiditis ရောင်ခြင်းရောဂါကလည်း ပိုးတွေကနေဖြစ်စေတယ်။အလာဂျီကနေလည်း ဖြစ်တယ်။ ပိုးသေဆေးတွေ ပေးမယ်။ လိုအပ်ရင် ခွဲရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ