Common Cold in children ကလေးတွေ အအေးမိရင်


၁။ မင်္ဂလာပါဆရာရှင့် သားလေးကနောက်လသုံးရက်ဆိုလေးလပြည့်ပါပီရှင့် သားကအေးရင်နှာပိတ်တတ်ပါတယ်ရှင့် ညဘက်လည်းစောင်ခြုံပေးရင် ကန်ပစ်လို့ သူ့ကို အနွေးထည်တွေ ဝတ်ပေးရပါတယ်ရှင့် လူကြီးတွေပြောကျတာ ညအိပ်ရင် ကလေးကို ဦးထုပ်စောင်းပေးရင် ခြေအိတ်ဝတ် မပေးရဘူး အပူငုတ်ပီး ကလေးမျက်လုံးထိတယ်လို့ပြောကြပါတယ်ရှင့် သားကခြေအိတ်ဝတ်မပေးရင်လည်းခြေဖျားလေးတွေအေးပါတယ်ဆရာ အဲ့ဒါလူကြီးတွေပြောသလိုဟုတ်ပါသလားရှင့်

ကလေး လူကြီးအားလုံး ရာသီဥတုနဲ့ သင့်တင့် မျှတတာကို ဝတ်စား နေထိုင်ရပါတယ်။ ဦးထုပ်စောင်း မဟုတ်။ ဦးထုပ်ဆောင်းလို့ရေးရတယ်။ စောင်းဆိုတာ မတည့်တာ ရွဲ့တာ။

၂။ ဆရာရှင့် ကျွန်မသမီးလေးက ၉ လပါဆရာ။ ကျွန်မဆီကနှာစီးချောင်းဆိုး ကူးတာလား ရေချိုးနောက်ကျသွားလို့လား မသိပါဆရာ။ အခုခလေးကနှာခေါင်း။ တအားပိတ်နေပါတယ်။ ပရုတ်ဆီနဲ့ခြေထောက်တော့ ပွတ်ပေးထားပါတယ်။ ညဘက်ဆိုတော့ ဆေးခန်းတွေလည်း မသွားချင်တော့ပါ။ ဆရာ ၉ လ ကလေးနှာစေးတာ ဘာဆေးသုံးရမလဲရှင်။

အအေးမိတယ်ဆိုတာ အမျိုးမျိုးသောဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတယ်။ အသက် ၆ နှစ်အောက် ကလေးတယောက်ဟာ တနှစ်ထဲမှာ ၆ ကြိမ်ကနေ ဂ ကြိမ် အအေးမိတတ်တယ်။ တခါမိရင် ၂ ပါတ်လောက် ကြာနိုင်တယ်။ စိုးရိမ်စရာမရှိလှပါ။ အေးရင်လည်းဖြစ်တယ်။ အမေးမိတာက ဖြစ်ကာစ ၂-၄ ရက်အတွင်းမှာသူများကို အလွန်ကူးစက်လွယ်တယ်။ အအေးမိနေသူတယောက်ရဲ့ လက်မှာလဲ ဗိုင်းရပ်စ် ပိုးကပါနေရင် ၂ နာရီအတွင်းသူများဆီကူးသွားနိုင်တယ်။ လူ့ကိုယ်မှာသာမကသက်မဲ့ မျက်နှာပြင်တွေ အပေါ်မှာလဲပိုးကနေနိုင်တယ်။

ချောင်းဆိုးရာ၊ နှာချေရာကနေထွက်လာပြီးပိုးပါနေတဲ့ Droplets အမှုံအမွှားလေးတွေကို ရှူမိရင် ကူးတော့တာဘဲ။
ပိုးဝင်ပြီး ၁-၂ ရက်အတွက်းရောဂါလက္ခဏာတွေ စပေါ်ပြီ။ ကလေးတွေမှာဖြစ်ရင် Nasal congestion နှာခေါင်းပွစိပွစိ ဖြစ်တာကအများဆုံးဘဲ။ ခပ်ကြည်ကြည်၊ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်း နှာရည်တွေယိုလာမယ်။ ဖြစ်ကာစ ၃ ရက်မှာအပူချိန် ၁ဝဝ့၉ (၃၈) ဒီဂရီအထိဖျားနိုင်တယ်။ လည်ပင်းနာတာ၊ ချောင်းဆိုးတာ၊ နေမထိထိုင်မသာဖြစ်တာ၊ အိပ်ရေးပျက်တာ၊ အစားပျက်တာတွေလဲ ဖြစ်လာနိုင်တယ်။

ကလေးတွေ အအေးမိ နှာစေးတာက အလိုလိုပျောက်ပါမယ်။ နာနေဘို့၊ ရေ-အရည်များများသောက်စေဘို့ လိုမယ်။ ဖြစ်နိုင်ရင် အခန်းထဲလေအတွက် Humidifier သုံးပါ။ ကိုယ်ပူရင် Acetaminophen (Paracetamol/Tylenol) နဲ့ Ibuprofen (Motrin) တမျိုးမျိုးကို ကိုယ်အလေးချိန်နဲ့အညီတိုက်ပါ။ Aspirin မတိုက်ပါနဲ့။ Antibiotics ပိုးသေဆေးတွေ မတိုက်ပါနဲ့။ အအေးမိတာက ဗိုင်းရပ်စ်တွေကနေဖြစ်တာပါ။ ဒီဆေးတွေက ဗက်တီးရီးယားတွေအတွက်ပါ။

ကလေးအများစုဟာနောက်ဆက်တွဲရောဂါတွေ မဖြစ်ကြပါ။ ဒါပေမဲ့ နားကိုက်တာ၊ ပန်းနာလိုဖြစ်တာ၊ နူမိုးနီးယား ဝင်တာတွေ ဖြစ်လာနိုင်တာကိုသတိထားဘို့လိုတယ်။

အအေးမိသက်သာဆေးတွေ အမျိုးမျိုးသုံးကြတာကတော့ Antihistamines (အင်တီ-ဟစ်တမင်း)၊ Decongestants နှာရည်ကျဲဆေး၊ ချောင်းဆိုးပျောက်ဆေး၊ Expectorants ချွဲထွက်ဆေးတွေ ဖြစ်တယ်။ ဒါတွေကိုကောင်းလေမလားလို့ စမ်းသုံးတာမျိုးသာ ဖြစ်တယ်။ ဆရာဝန်တွေကမညွှန်ပါ။

Acetaminophen (ပါရာစီတမော) ဒါမှမဟုတ် Ibuprofen (အိုင်ဘူပရိုဖင်) ဆေးကိုအသက် ၆ လ အထက် ကလေးတွေကို ပေးနိုင်ပါတယ်။ ကိုယ်ပူတာကျဘို့နဲ့ အနေရသက်သာစေဘို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ကိုတော့ သေစေမှာမဟုတ်ပါ။

အအေးမိတာသက်သက်အတွက် ပဋိဇီဝဆေးတွေ မလိုပါ။ နားကိုက်တာ၊ နူမိုးနီးယား၊ ဆိုင်းနပ်စ် တို့လို ဗက်တီးရီးယား ဝင်တာတခုခု ဖြစ်ရင်တော့ လိုမယ်။ မလိုဘဲသုံးရင် ဆေးယဉ်တာ၊ ဆေးမတည့်တာဖြစ်နိုင် သလိုဆေးဘေးထွက်-ဆိုးကျိုးတွေ ခံရနိုင်တယ်။

သွပ်ဓါတ်၊ ဗီတာမင် စီနဲ့ Echinacea လို တိုင်းရင်းဆေးမျိုးတွေက ဖြစ်တာကိုရောကာကွယ်ဘို့ အတွက်ပါ အထောက်အကူပြုစေတယ်ဆိုပေမဲ့ ဆရာဝန်တွေတော့ မတိုက်တွန်းပါ။ Zinc Lozenges & Nasal Sprays သွပ်ဓါတ်ပါငုံဆေးနဲ့ ရှူဆေးတွေက ထိရောက်တယ်လို့ မကြာသေးခင်က သုတေသနတွေက ဆိုပါတယ်။

အအေးမိတာအတွက် ဆေးမျိုးဟာ လက္ခဏာသက်သာဆေးမျိုးတွေသာ ဖြစ်တယ်။ ကလေးတွေကို ကုသရတာ လူကြီးတွေနဲ့ ကွဲတယ်။ လူကြီးဆေးတွေကို ၅ နှစ်အောက်ကလေးတွေ မပေးတာကောင်းတယ်။ လူကြီးသုံးတွေထဲက Antihistamine (အင်တီ-ဟစ်တမင်း) ဆေးဖြစ်တဲ့ Diphenhydramine (Benadryl®) ဆေးကတော့ တနှစ်သား ကလေးတွေ ကောင်းကောင်း အိပ်စက်စေနိုင်မယ်။ ဆေးကြောင့် စိတ်လှုတ်ရှားတာ၊ အသက်ရှူနှေးတာ၊ စိတ်ပိုင်း လက္ခဏာတွေဟာ ဒီလိုဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေဖြစ်တယ်။ Diphenhydramine ဆေးကိုတော့ တနှစ်အထက် ကလေးတွေကိုသာ ပေးနိုင်တယ်။ Aspirin (အက်စ်ပရင်) ဆေးကို ၁၈ နှစ်အောက် ကလေးတွေကို မပေးပါနဲ့။ ကလေးငယ်လေးတွေအတွက် နှာခေါင်းထဲအစက်ချရတဲ့ Saline nose drops ဆားရည်ပေးရင် နှပ်-ချွဲ ကျဲစေမယ်။ ကလေးကြီးရင် Saline nose spray ဆားရည် (စပရေး) ပေးနိုင်တယ်။

Humidified air လေကိုအစိုဓါတ်လုပ်ပေးတာ နှာခေါင်းလက္ခဏာတွေကို သက်သာတယ်။ ကလေးကိုရေ၊ အရည် သောက်စေပါ။ လိုထက်တော့ ပိုစရာမလိုပါ။ တကိုယ်ရေသန့်ရှင်းရေးလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ လက်ဆေးတာ၊ အရက်ပြန်ပါတဲ့ လက်ဆေးရည် သုံးတာကောင်းတယ်။ ကလေးတွေအတွက် Humidifier for baby အမျိုးအစား ဝယ်လို့ရနိုင်တယ်။ Hand sanitizer လက်ပိုးသန့်ဆေးရည်ကို အသုံးများလာတယ်။ ကောင်းပါတယ်။

အအေးမိအတွက်ဆေးတွေ အများကြီးရှိတယ်။ အစသက် ၆ နှစ်အောက်ကို မတိုက်ဘို့ FDA က အကြံပြုထားပါတယ်။
1. Cough suppressants (dextromethorphan or DM)
2. Cough expectorants (guaifenesin)
3. Decongestants (pseudoephedrine and phenylephrine)
4. Antihistamines (brompheniramine, chlorpheniramine maleate, diphenhydramine [Benadryl]

Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ