လူ့အသက်ကို ရန်ရှာတဲ့ ကပ်ပါးပိုးများ


ပြီးခဲ့တဲ့ရက်များအတွင်းက မြောက်ကို ရီးယား တပ်ဖွဲ့ဝင်တစ်ဦးဟာ နယ်စပ်ကို ဖြတ်ကျော်ကာ တောင်ကိုရီးယားသို့ ထွက်ပြေး ရောက်ရှိလာခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာတွေ ရရှိထားလို့ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။ ¤င်းကို ကုသနေတဲ့ ဆရာဝန်တွေက ¤င်းရဲ့ ကိုယ်ထဲက အူအတွင်းမှာ ရှိနေတဲ့ ကပ်ပါးပိုး ပမာဏဟာ မကြုံစဖူးလောက်အောင် တော်တော်လေး ကြီးမားများပြားတဲ့ ပမာဏရှိနေတာကို တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

စစ်မဲ့ဇုန်ကို ဖြတ်ကျော် ထွက်ပြေး လာချိန်မှာ မြောက်ကိုရီးယားနယ်စပ်က အစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါ တယ်။ ဆရာဝန်တွေရဲ့ ပြောဆိုချက်အရ လူနာဟာ တည်ငြိမ်သွားပြီ။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ အလွန်ကြီးမား များပြား တဲ့ သန်ကောင်တွေ၊ တုပ်ကောင်တွေ ရှိနေတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာ တွေကို ရောဂါပိုးဝင်ရောက်ပြီး အခြေ အနေ ပိုဆိုးသွားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆေးပညာရှင် တစ်ဦးအနေနဲ့ လုပ်ကိုင်လာတဲ့ အနှစ် ၂ဝ ကာလ အတွင်းမှာ ဒီလောက်များပြားတဲ့ သန်ကောင်တွေ ရှိနေတာကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ လူနာရဲ့ အူထဲကနေ ဖယ်ထုတ်လိုက်တဲ့ အရှည်ဆုံး သန်ကောင် တစ်ကောင်ဆိုရင် ၂၇ စင်တီမီတာ ( ၁၁ လက်မ) လောက်ရှိတယ်လို့ တောင်ကို ရီးယားမှ ဒေါက်တာ လီကွတ်ခ်ဂျွန်က ပြောပါတယ်။
ကပ်ပါးပိုးတွေ ခန္ဓာကိုယ်ထဲ ဘယ်လို
ဝင်ရောက်လာနိုင်သလဲ
မသန့်ရှင်းတဲ့ အစားအသောက် တွေကို လူတွေစားသုံးမိရင် ကပ်ပါး ပိုးမွှားတွေ အစားအသောက်ကတစ်ဆင့် ပါလာနိုင်သလို အရေပြားကနေတစ်ဆင့် လည်း ဝင်ရောက်လာနိုင်ပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်ရဲ့ ခန္ဓာကိုယ် ထဲမှာ ကပ်ပါးပိုး (သန်ကောင်) တွေ ရှိနေရခြင်းဟာ ပထမအချက်ကြောင့် ဖြစ်ဖို့များပါတယ်။

သန့်ရှင်းမှုမရှိတဲ့ အစားအသောက် တွေကနေ ဝင်ရောက်လာတဲ့ ကပ်ပါးပိုး တွေဟာ အများအားဖြင့် သန်ကောင်တွေ အဖြစ် လူ့ကိုယ်ထဲ ဝင်ရောက်လာကြ ပါတယ်။ လူတွေရဲ့ အညစ်အကြေးကို ဓာတ်မြေသြဇာအဖြစ် အသုံးပြုမယ် ဆိုရင် အဲဒီဓာတ်မြေသြဇာ ဖျန်းထားတဲ့ အသီးအရွက်တွေကို မချက်ပြုတ်ဘဲ စားရင် သန်ကောင်တွေဟာ ပါးစပ် ကနေတစ်ဆင့် လူရဲ့ အူထဲကို ရောက်ရှိ ကုန်ပါတော့တယ်။

လူ့ခန္ဓာကိုယ်ထဲကို ကပ်ပါးပိုးတွေ ဝင်ရောက်လာရင် တချို့မှာ ပြင်းထန်တဲ့ လက္ခဏာတွေ မပြတတ်ပေမယ့် တချို့ ကိစ္စတွေမှာ အသက်အ္တရာယ်ကို ခြိမ်းခြောက်လာနိုင်တဲ့အထိ ဖြစ်လာ နိုင်ပါတယ်လို့ စင်ကာပူမှာရှိတဲ့ ဇီဝ သိပ္ပံကျောင်းမှ ပါမောက္ခ ပီတာပရီဆာ က ရှင်းပြခဲ့ပါတယ်။ လူတစ်ယောက်ဟာ သန်ကောင်တွေ ရှိနေပြီဆိုရင် မကျန်းမာ တော့ဘူး။ သန်ကောင်တွေဟာ ခန္ဓာ ကိုယ်ထဲ ရောက်ပြီဆိုတာနဲ့ သင့်ခန္ဓာ ကိုယ်မှာ ရှိသမျှ အာဟာရတွေအားလုံးကို စုပ်ယူသွားလို့ပဲဖြစ်တယ်။ ဒါတွေဟာ ကျန်းမာရေးစနစ် ယိုယွင်းမှုတွေကို ဖော်ပြနေတာပါပဲလို့ ပါမောက္ခ ပီတာက ဘီဘီစီသို့ ပြောကြားခဲ့ပါတယ်။

Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ