Valvular Heart Diseases နှလုံးအဆို့ရှင်ရောဂါများ


၁။ ဆရာခင်မျာ ကျနော့်မှာ နှလုံးအစို့ရှင်ကျယ်တဲ့ရောဂါရှိပါတယ်။ ကျနော်ကအခု့ မှာနေပါတယ်။ ဆေးစစ်ရပါတယ် ဆရာ။ အဲဒီအခါတိုင်းမှာ ဆရာဝန်တွေက ကျနော့်နှလုံးခုန်တာနားထောင်တဲ့အခါတိုင်း အသံတမျိုး ကြားတယ်ဆိုပြီး အမြဲပြဿနာရှာပါတယ်ဆရာ။ တကယ်ကတော့ ကျနော့်မှာအဲရောဂါရှိမှန်းလဲသိပါတယ်ဆရာ။ ကျနော်လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပြဖူးပါတယ် မြန်မာပြည်မှာလဲပြပါတယ်ဆရာ။ ဒါပေမယ့်တစုံတရာ ဆေးကုသမူမခံယူဖြစ်ခဲ့ပါဘူးဆရာ။့ မှာဆိုရင်လဲ ဈေးအရမ်းကြီးလို့မကုနိုင်ပါဘူးဆရာ အဲဒါကြောင့် တခြားဆေးစားလို့ ရမလား တခြားဘာလုပ်နိုင်မလဲ သိချင်ပါတယ်ဆရာ။

ရောဂါအမည် စာလုံးသတ်ပုံမှားနေတယ်။ အဆို့ရှင်လို့ ရေးရတယ်။

၂။ ဆရာရှင့် လေးစားစွာနှင့်သိချင်တာလေးမေးပါရစေရှင်။ သမီးကအသက် ၃၇ နှစ်ပါ။ ဆရာဝန်နဲ့ပြတော့ နှလုံးအဆို့ရှင် ဟနေတယ်လို့ ပြောပါတယ်ရှင်။ အဲ့အကြောင်းသိချင်လို့ ဆရာရဲ့ fb မှာတင်တာရော Google မှာ ပါရှာကြည့်တာ မတွေ့လို့ပါရှင်။ နှလုံးအဆို့ရှင်ဟတဲ့အကြောင်းလေး ရှင်းပြစေချင်ပါတယ်ရှင်။

၃။ ဆရာမင်္ဂလာပါ။ မနေ့ကသမီးရဲ့ အသိတယောက်က ဖုန်းဆက်မေးပါတယ်ရှင့်။ သူမှာပြီးခဲ့နှစ် ၆ လပိုင်း လောက်ကတည်းက နှလုံးအဆို့ပွန်ကျဉ်းတဲ့ရောဂါ ခံစားနေရပါတယ်တဲ့။ သူအသက် ၂၇ နှစ်ပါရှင့်။ ကောင်လေးပါ။ တောင်သူလုပ်ငန်းလုပ်ပါတယ်။ ဆရာဝန်နှင့်ပြတော့ ခွဲရမယ် or နှလုံးအဆို့ပွန် ချဲ့ရမယ်လို့ပြောပါတယ်တဲ့။ စီးပွားရေး သိပ်အဆင်မပြေလို့ သောက်ဆေး ၃ လစာယူလာပြီး ပြန်လာပါတယ်။ ယခု ဆေးပြတ်နေတာ ၄ လ လောက် ရှိပါပြီတဲ့။ ဘာဆေးသောက်နေရတယ်ဆိုတာ သမီးမသိပါဘူးဆရာ။ ရွာကလူတွေဆိုတော့ သောက်ဆေး အမည်တွေကိုလည်း မသိပါရှင်။ လက်ရှိရောဂါအခြေနေရတော့ မောပြီး ခြေဆစ်လက်ဆစ် ကိုက်တာကလွဲပြီး မရှိပါဘူးတဲ့။ နောက်ပြီးတော့ လေးဘက်နာရောဂါရောရှိပါတယ်တဲ့။ အသက် ၂၆ နှစ် လောက်တုန်းကလည်း ညာဘက်တခြမ်း လေဖြတ်သလိုဖြစ်ခဲ့ဖူးလို့ ရွာကအရပ်ဆရာ ရမ်းကုနဲ့လည်း ဆေး ၃ လ လောက်ထိုးခဲ့ဖူးပါတယ်တဲ့။ ဘာဆေးဆိုတာ သမီးလည်းမသိပါဘူးဆရာ။ သူကလက်ရှိမှာတော့ခွဲချင်နေပါတယ်ဆရာ။ သမီးသိချင်တာက နှလုံးအဆို့ပွန် ကျဉ်းတာနှင့် ပတ်သက်ပြီးတော့ သိချင်ပါတယ်ဆရာ။ သူငယ်ချင်းရောဂါနှင့် ပတ်သက်ပြီးတော့လည်း ဆရာရဲ့အမြင်ကို သိပါရစေဆရာ။ သမီးက သားဖွားဆရာမတယောက်ပါ။

နှလုံးအဆို့ပွန်မဟုတ်။ နှလုံးအဆို့ရှင်ဖြစ်တယ်။

၎။ ဆရာရှင့် နှလုံးအဆို့ရှင်မကောင်းတဲ့သူက သက်တမ်းစေ့ နေနိုင်ပါသလား။ နေနိုင်အောင်ဘယ်လို ကုသရပါသလဲ။ ကျေးဇူးပြု၍ ဖြေပေးစေချင်ပါတယ်ရှင့်။

ကျား-မ-အသက် မသိပါ။ ရောဂါရှိရင် ကုသသင့်တယ်။ ကုနေ မနေ မသိပါ။

ကျားပါ။ အသက်က ၃၈ နှစ်ပါ။ ကုသနေပါတယ်။

မေးတဲ့အမည်က အမျိုးသမီး၊ ဖြစ်တဲ့သူက အမျိုးသား။ အဲလိုမေးတာတွေလာတိုင်း ပြန်ပြန်မေးရတတ်တယ်။ အမျိုးသမီးတယောက်ကနေ တခြားယောက်ျားလေး သမီးရည်းစာလည်း မဟုတ်၊ တခါတလေ သူများယောက်ျားရောဂါ မေးတာမျိုးဆိုရင် အတော်အဆင်မပြေဖြစ်တာ ၄-၅-၆ ခါရှိပြီ။ မင်းသမီးအမည်နဲ့ အကောင့်ကနေ မေးတယ်။ ကျား-မ ပြောပါဆိုတော့ ကျားတဲ့။ ကျား-မ မသိရတာနဲ့တော့ အတော်ဂွကျနေပြီ။ ဆရာဝန်ကိုတော့ ပွင်ပွင့်လင်းလင်း ပြောကြစေချင်ပါတယ်။ မေးတဲ့သူ အိုင်ဒီကို ပို့စ်မှာမသုံးပါ။

Valvular heart disease နှလုံးအဆို့ရှင်ရောဂါဆိုတာ မွေးကတည်းလဲပါလာနိုင်သလို နောက်မှလဲပျက်စီးနိုင်တယ်။ (၁) Rheumatic fever (ရူမက်တစ်) လေးဘက်နာ၊ (၂) Infectious endocarditis နှလုံးအတွင်းသားရောင်ခြင်း၊ (၃) Connective tissue disorders တွယ်ဆက် (တစ်ရှူး) ရောဂါ၊ (၄) ဆေးဝါးတွေနဲ့ ကင်ဆာဓါတ်ကင်တာတွေကြောင့် ဖြစ်စေနိုင်တယ်။

နှလုံးအဆို့ရှင်မကောင်းတာမှာ
(၁) Valvular stenosis = အဆို့ရှင်ကျဉ်းခြင်း။ အဆို့ရှင် (၄) ခုလုံးမှာဖြစ်နိုင်တယ်။ ကိုယ့်မှာဘယ်ဟာလည်းသိပါ။ tricuspid stenosis, pulmonic stenosis, mitral stenosis or aortic stenosis လေးခုရှိတယ်။

(၂) Valvular insufficiency = အဆို့ရှင်မလုံတာ။ tricuspid regurgitation, pulmonary regurgitation, mitral regurgitation or aortic regurgitation လည်းရှိတယ်။

ခံစားရမှာတွေက အားယုတ်၊ အသက်ရှူမဝ၊ နှလုံးကို နားထောင်ရင် အသံမူမမှန်၊ ခြေထောက်ရောင်၊ ရင်ပတ်နာ၊ သတိလစ်တာတွေ ခံစားရမယ်။

နှလုံးအဆို့ရှင်ရောဂါများကုသခြင်း
(က) ဆေးပေးခြင်း၊ Vasodilators သွေးကြောကျယ်ဆေး၊ ကိုလက်စထောကျဆေး၊ Diuretics ဆီးဆေးနဲ့ Blood-thinning medications သွေးမခဲဆေးတွေပေးမယ်။
(ခ) Balloon valvuloplasty လေဘူဘောင်းထည့်ခွဲစိတ်နည်း၊
(ဂ) Valve repair or replacement ခွဲစိတ်ပြုပြင်နည်း၊

လူနေမှုပုံစံပြောင်းခြင်း (ကိုယ်နဲ့ဆိုင်တာကိုသာလုပ်ပါ)
(က) ဆေးလိပ်ဖြတ်ပါ။
(ခ) သွေးတိုးကို ထိန်းနေပါ၊
(ဂ) (ကိုလက်စထော) ချပါ၊ LDL level ကို 130 mg/dL (3.4 mmol/L) ထက်နည်းပါစေ၊ တခြား သတိထားစရာပါရှိနေသူဆိုရင် LDL ကို 100 mg/dL (2.6 mmol/L) အောက်အထိချပါ။ စိုးရိမ်စရာအထိ ဖြစ်နေသူဆိုရင် 70 mg/dL (1.8 mmol/L) အထိနည်းပါစေ။
(ဃ) ဆီးချိုထိန်းနေပါ။
(င) အသက်ကြီးသူတွေက ငြိမ်မနေပါနဲ့၊ လှုတ်ရှားပေးပါ။ ငယ်ရွယ်သူတွေက အတိုင်းအတာအရသာလုပ်ပါ။
(စ) ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကိုသာ ရွေးချယ်ပါ။
(ဆ) ကိုယ်အလေးချိန် ထိန်းနေပါ။
(ဇ) စိတ်ဖိအား လျှော့နည်းသုံးပါ။
(ဈ) သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။
(ည) တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးပါ။
(စ) စိတ်ကိုတင်းပါ။ အပြုသဘောဆောင်ပါ။ ကံတရားကိုလည်းအားကိုးပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ