နယ်လှည့်၍ ဆိုင်ကယ် ခိုးယူသူများအား ဖမ်းဆီးရမိ

မုံရွာ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ နယ်လှည့်၍ ဆိုင်ကယ်ခိုးယူသူ ခုနစ်ဦးနှင့် ခိုးရာပါ ဆိုင်ကယ် ၃၄ စီးကို စက်တင်ဘာ ၇ ရက်မှစတင်၍ မုံရွာမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရရုံးအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဌာနရုံးမှ သိရသည်။

သြဂုတ် နောက်ဆုံးပတ်တွင် မုံရွာမြို့ပေါ်၌ ဆိုင်ကယ် ခိုးယူခံရသည့် ဖြစ်စဉ်များ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်။ အချို့သော ဆိုင်ကယ်ပိုင်ရှင်များသည် ဆိုင်ကယ်ခိုးယူ ခံရသော်လည်း ယင်းဆိုင်ကယ်မှာ လိုင်စင် (ယာဉ်မှတ်ပုံတင်) ပြုလုပ်ထားခြင်း မရှိသည့် အတွက် ရဲစခန်းများသို့ တိုင်တန်းအကြောင်း ကြားရန် ပျက်ကွက်ခဲ့သူများ ရှိခဲ့ကြောင်း မုံရွာ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်ကျော်ညွန့်က ပြောသည်။

မုံရွာမြို့ပေါ်၌ ပျောက်ဆုံး ဆိုင်ကယ်များနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်မှ စတင်ဖော်ထုတ် ဖမ်းဆီးခဲ့ရာ ဆိုင်ကယ် ခိုးယူသူဟု သံသယရှိသူ ခုနစ်ဦးနှင့် ထိုသူတို့၏ ဖော်ပြချက်များအရ ခိုးရာပါ ဆိုင်ကယ် ၃၄ စီးတို့ကို အချိန်တို အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခိုးရာပါ ဆိုင်ကယ်များကို မုံရွာမြို့မ ရဲစခန်းနှင့် မုံရွာနယ်မြေ ရဲစခန်းများ၌ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန( ယာဉ်မှတ်ပုံတင်ရေးနှင့် စစ်ဆေးရေးဌာန) တို့အဖွဲ့မှ ပူးပေါင်း၍ အင်ဂျင်နံပါတ်၊ ယာဉ်ကိုယ်ထည် နံပါတ်များကို စိစစ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ