အနာဂတ်မျိုးဆက်အတွက် အမျိုးသားတို့ လိုက်နာသင့်သော အချက်များ


စိတ်ဖိစီးမှုကို လျှော့ချပါ။

အရက်နဲ့ ဆေးလိပ်ရှောင်ပါ။

ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းရှိနေအောင် ထိန်းပါ။

သွပ်ဓာတ်အများအပြားပါဝင်တဲ့အသား၊ ပင်လယ်စာ၊ ဥအမျိုးမျိုးနဲ့ ကောက်နှံတစ်ခုလုံးကို စားပါ။

ဆီလီနီယမ်ဓာတ်ပါဝင်တဲ့ အသား၊ ပင်လယ်စာ၊ မှို၊ ကွေကာစားပါ။

ဗီတာမင်အီးဟာလည်း အမျိုးသားတွေကို မျိုးအောင်စေဖို့ အားပေးပါတယ်။

ရေနွေးနဲ့ ရေချိုးခြင်း၊ ရေပူစိမ်ခြင်း မလုပ်သင့်ပါ။


Mg Mandalay
https://www.facebook.com/mg.mandalay

အမျိုးသမီးများအတွက် အကောင်းဆုံးအစားအစာများ


အဆီနည်းအသား
လစဉ်ရာသီလာတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုသွေးအားနည်းတတ်ပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ လျော့နည်းတာဟာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ သံဓာတ်ကောင်းကောင်း ရရှိဖို့ အဆီနည်းအသားကို စားပေးပါ။

သင်္ဘောသီး
သင်္ဘောသီးမှာ လိမ္မော်သီးမှာထက် ဗီတာမင်စီ နှစ်ဆပိုမိုပါဝင်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လူတစ်သောင်းသုံးထောင်ကို လေ့လာမှုအရ ဗီတာမင်စီပမာဏနည်းတဲ့ အမျိုးသမီးတွေဟာ သည်းခြေအိတ်ပြဿနာအဖြစ်များကြောင်း သိရပါတယ်။ ၁၀ အောင်စခန့် လေးတဲ့ အနေတော် သင်္ဘောသီး တစ်လုံးမှာ ဗီတာမင်စီ ၁၈၈ မီလီဂရမ်နဲ့ ၁၁၉ ကယ်လိုရီပါဝင်တဲ့အတွက် ဗီတာမင်စီ လုံလုံလောက်လောက်ရဖို့ သင်္ဘောသီးစားသင့်ပါတယ်။

ဂုန်လျှော်စေ့
မုန့်ဖုတ်သမားတွေဟာ အရသာနဲ့ အမျှင်ဓာတ်တိုးအောင် ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့မှာ Lignan လို့ခေါ်တဲ့ အီစထရိုဂျင်နဲ့ တူတဲ့ ဓာတ်များများ ပါဝင်တဲ့အတွက် ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ရင်သားကင်ဆာရှိသူ အမျိုးသမီးတွေမှာလည်း ဂုန်လျှော်စေ့ပါတဲ့ အစာစားရင် ရင်သားကင်ဆာ အကျိတ်ကြီးထွားနှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ Lignan ဓာတ်ရဖို့ နံနက်စာကွေကာမှာ ဂုံလျှော်စေ့ ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်စားပေးနိုင်ပါတယ်။

တိုဟူး (Tofu)
ပဲပိစပ်ပါတဲ့ အစားအစာတွေဟာ ကိုလက်စထရော ကျစေခြင်း၊ သွေးဆုံးချိန်ပူနွေးမှုများ လျော့ကျစေခြင်းနဲ့ အရိုးသန်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ပဲပိစပ်မှာပါတဲ့ Isoflavones ဟာ အီစထရိုဂျင်နဲ့ ဆင်တူပြီး တစ်နေ့မှာ Isoflavone ၉၀ မီလီဂရမ်စားပေးရင် အရိုးအတွက် အကျိုးကျေးဇူး ရရှိစေပါတယ်။

အစိမ်းရောင်ဟင်းရွက်
ဗီတာမင်ကေ ပေါကြွယ်ဝတဲ့ အစားအစာကို အလုံအလောက်စားတဲ့ (တစ်နေ့ ၁၀၉ မိုက်ခရိုဂရမ်) အမျိုးသမီးတွေဟာ အလုံအလောက် မစားသူတွေနဲ့ ယှဉ်ရင် ၁၀ နှစ်အတွင်း တင်ပါးကျိုးနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ရေကညွတ်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီ စိမ်းစတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေများစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်ကေ ပမာဏရဖို့ တစ်နေ့မှာ အစိမ်းရင့် ဟင်းရွက်ခွက်တစ်ဝက်စာ စားပေးပါ။

Mg Mandalay
https://www.facebook.com/mg.mandalay

ဆရာဝန်းများ၊ ဆေးဝန်ထမ်းများ လူမှုကွန်ယက်စာမျက်နှာတွင် မတင်သင့်သည့် အချက်များ


ယခုနှစ်များအတွင်း လူမှုကွန်ယက်ဝတ်ဆိုက်များ ရေပန်းစားလာသလို၊ အသုံးပြုသူ 1.44 billions ရှိတဲ့ဖေ့ဘုတ်က ရှေ့ ဆောင်နေသည် ။ လူမှုကွန်ယက်စာမျက်နှာတွေကနေ ဆေးပညာဝန်ထမ်းများသည် လူနာ၏တုန့် ပြန်မှုများကို အံ့သြဖွယ်ရာတိုးတတ်ကောင်းမွန် လာနိုင်တဲ့ အခွင့်အလမ်းကို ဖြစ်စေနိုင်သည် ။ အောက်ပါ အချက်များသည် လူမှုကွန်ယက် စာမျက်နှာ အသုံးပြုခြင်းကြောင့် အပြုသဘောဆောင်သည့် အကျိုးကျေးဇူးများဖြစ်သည် ။

•လူနာနှင့်ပိုမိုနီးကပ်လာစေသည်။ ယေဘုယျမေးခွန်းများကို ဖြေကြားခြင်း၊ ဝေဖန်တုန့် ပြန်ခြင်းများကို ပြန်လည် တုန့် ပြန်ပေးနိုင်ခြင်း၊ ဆေးပညာအရင်းအမြစ်များကို မျှဝေပေးနိုင်ခြင်း။
• ကျန်းမာရေးဝန်ဆောင်မှုများကို မြင့်တင်နိုင်ခြင်း
• မိမိပတ်ဝန်းကျင်နှင့် ကောင်းမွန်ခိုင်မာတဲ့ ပရိုဖိုင်နာမည်တခု တည်ဆောက်နိုင်ခြင်း
• ဆေးပညာအခြေအနေများ၊ ကုထုံးအသင့်များ၊ သုတေသနာတွေ့ ရှိချက်များနှင့် ပက်သက်သည့် သတင်းများကို ဖြန့် ဝေနိုင်ခြင်း။
သို့ ပေမယ့် လူမှုကွန်ယက်တွေကို သုံးသည့်အခါတွင် အန္တရယ်ရှိသည့် အချက်များလည်း ရှိသည်။ အောက်ပါ ငါးချက်ကို ဆရာဝန်များ လူမှုမီဒီယာစာမျက်နှာများတွင် မတင်သင့်ပါ။

(၁) မတိကျ၊မမှန်ကန် သည့် ဆေးပညာ၊ ကျန်းမာရေးဆိုင်ရင် သတင်းများ မဖြန့် ဝေသင့်ပါ။

လူမှုစာမျက်နှာတွေအသုံးပြုသည့်အခါ ဆေးပညာနှင့်ပက်သက်သည့် စာများ နေ့ စဉ်များစွာ ထွက်ပေါ်နေသည်။ ထိုဆောင်းပါးများသည် များသောအားဖြင့် မမှန်ကန်မတိကျသော သုတေသနများဖြစ်နိုင်သည်။ ၄င်းတို့ ကို ပြန်လည်ထုတ်ဝေခြင်း ၊ Share ခြင်း၊ Like လုပ်ခြင်း retweet ခြင်းများ မလုပ်သင့်ပါ။ တခြားသူတယောက်က သတင်းမှားများကို ဖတ်လိုက်မိလျှင် သင်နှင့်သင့်လုပ်ငန်းအပေါ် အမြင်မှားအထင်သေးမှုများ ဖြစ်ပေါ်နိုင်သည်။ ကျန်းမာရေးလုပ်ငန်းများသည် တိကျသော သတင်းအချက်အလက်များတွင် မှီတည်အားပြုသည်။

(၂)လူနာ၏ထိန်းသိမ်းလျှို့ဝှက်သင့်သည့်သတင်းအချက်အလက်များကို ပေါက်ကြားစေနိုင်သည့် မည်သည့်အရာမှ မတင်ပါနှင့်။

Americal College of Physicians အဖွဲ့ ကြီးက ဆရာဝန်များ လူမှုမီဒီယာသုံးလျှင် လူနာတွေ၏ သတင်းအချက်အလက်စောင့်ထိန်းရမည့်ကျင့်ဝတ်ကို သတိထားသင့်ကြောင်း အကြံပေးထားသည်။ လူနာ၏သတင်းအချက်အလက်ထိန်းသိမ်းရမည့်ကျင့်ဝတ်ကို ဖောက်ဖျက်သလိုဖြစ်ပြီး လူမှုကွန်ယက်မှာ ပုံတစ်ပုံတင်လိုက်လို့  အလုပ်ပြုတ်သွားတဲ့ ဆရာဝန်များလည်း ရှိသည်။ အရေပြားအင်ပြင်အကွတ်ထသည့် ဓာတ်ပုံလေး တစ်ပုံရိုက်တာ ဖြစ်ပါစေဦး။ လူနာ၏ Confidentiality ကို အလေးထားရမည်။ ခန္ဒာကိုယ်က အစိတ်အပိုင်းတခုကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်ရင် စာရွတ်နှင့် ခွင့်ပြုချက်ကို အမြဲတောင်းပါ။ ခွင့်ပြုချက်မရှိလျှင် လူနာတယောက်အကြောင်းတိကျစွာဖော်ပြပြီး လူမှုကွန်ယက်တွေမှာ မပြောသင့်ပါ။
ဆေးရုံဆေးခန်းတွင် မိမိကိုယ်ပိုင်ပုံ Selfie ရိုက်လျှင်တောင် သတိထားပါ။ selfie ရိုက်နေတုန်း တခြားသောလူနာများပုံတွေ အမှတ်တမဲ့ပါသွားတဲ့ အဖြစ်မျိုးတွေရှိသည်။
ဆရာဝန်မှမဟုတ် တခြားဆေးပညာဝန်ထမ်းများလည်း က်ျအချက်ကို သတိထားသင့်သည်။

(၃) မိမိကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင်၏တရားဝင် လူမှုကွန်ယက်ပေါ်တွင် မတင်ပါနှင့်။ မသင့်တော်သည့် မှတ်ချက် comment ပေးခြင်း၊ ဓာတ်ပုံတစ်ပုံ သို့ မဟုတ် ဗွီဒီယိုတင်ခြင်းသည် သင်၏သမားဂုဏ်သတင်း၊သိက္ခာကို ညှိုးနွမ်းစေနိုင်သည်။ လူနာများက သင့်ဘဝအကြောင်းအများကြီးသိထားလျှင် ဆရာဝန်-လူနာ ဆက်ဆံရေးကိုလည်း ပျက်ပြားစေသည်။ သင်သောကြာနေ့ ညက အရမ်မူးပြီး ကောင်းခဲ့တယ်ဆိုတာ သင့်ဆေးခန်း၊ဆေးရုံမှာ ပြောပြမှာလား ????

American College of Physicians အဖွဲ့ကြီးက ဆေးပညာရှင်များအနေနှင့် ဆေးပညာအတွက်ကသီးသန့် အကောင့်တခု၊ ကိုယ်ပိုင်လူမှုဘဝအတွက်က သီးသန့် အကောင့်တစ်ခု ခွဲထားသင့်ကြောင်း အကြံပေး။

(၄) အငြင်းပွားဖွယ်ရာ ကိစ္စများ၊ ထိလွယ်ရှလွယ်ကိစ္စများတွင် မှတ်ချက်ထင်မြင်ချက်ပေးခြင်း မလုပ်သင့်ပါ။ လူအများစုက ဆိုရှယ်မီဒီယာနှင့်လက်တွေ့ ဘဝမဆက်စပ်ဘူး ယူဆပြီး စိတ်ထဲထင်မြင်သလို လွတ်လွတ်လပ်လပ် မစောင့်ထိန်းဘဲပြောတတ်ကြသည်။

တကယ့်တကယ်က သင် အီလက်ထရောနစ် ပုံရိပ်လောကတွင် ရေးတာပြောတာမှန်သမျှသည် လက်တွေ့ ဘဝမှာ လာရောက် ခယက်ရိုက်နိုင်မှုတွေ ရှိသည်။ ဘာသာရေး၊နိုင်ငံရေး၊ အသားအရောင်ခွဲခြားမှု၊ ကိုယ်ဝန်ဖျက်ချခြင်း၊ လက်နက်ထိန်းချုပ်ရေး၊ စတဲ့ အငြင်းပွားဖွယ်ရာကိစ္စများမှာ ကြားဝင်ခြင်း ရှောင်သင့်ပါသည်။

(၅) စောဒကတတ်ခြင်း၊ စကားလုံးကြီးကျယ်စွာ ဟိန်းဟောက်ပြောဆိုခြင်း ။ သင်ဒီနေ့  အလုပ်မှာ စိတ်ဖိစီးစရာတွေတွေ့ ရင် သင်၏အခြေအနေ၊ ကို လူမှုစာမျက်နှာများတွင် စောဒက တတ်ခြင်း ၊ ဟိန်းဟောက်ပြောဆိုခြင်းများလုပ်ခြင်းသည် ကျင့်ဝတ်နှင့်မညီဖြစ်စေနိုင်သည်။ သင့်တွင် ကြောက်ဖို့ ကောင်းတဲ့လူနာ (သို့ ) စိတ်အနှောက်အယှက်ပေးတဲ့ လက်ဖော်ကိုင်ဖက်ရှိနေတောင် လူမှုကွန်ယက်တွေပေါ် အဲ့ဒီအကြောင်းတွေ တတ်မရေးသင့်ပါ။

သင့်ဘော့စ်အကြောင်းရေးရင် နောက်တချိန် အလုပ်ပြောင်းဖို့ လုပ်ရင် ၊ သင့်လာမယ့် အလုပ်ရှင်က ဒီစာသားမှတ်ချက်တွေကို တွေ့ သွားနိုင်သည် ။ လူနာတယောက်ကလည်း သင် သူတို့ လူနာတွေ အကြောင်း လူမှုစာမျက်နှာတွေမှာ စောဒကတတ်နေကြောင်းတွေ့ သွားနိုင်သည် ။
အသုံးဝင်သည့် သတင်းအချက်အလက်တွေကိုသာတင်ဖို့  မမေ့သင့်ပါ။

Ref : www.doctorcrp
Health Guide
https://www.facebook.com/healthguidemyanmar

တတ်တူးနှင့် ကျန်းမာရေး


တတ်တူးအသစ်တခု ထိုးလိုက်ရလို့  သင်သည် အဲ့ဒီအတွက် နာရီများစွာ ဂုဏ်ယူနေကောင်းယူနေမည်။ ဒါပေမယ့် ခန္ဒာကိုယ်မှာ သေရာပါ အနုပညာအမှတ်အသားတခု မရေးထိုးခင် တတ်တူးထိုးခြင်းအကြောင်း ဘာတွေဘယ်လိုလုပ်တယ် ပါဝင်တယ်၊ ဘယ်လိုအန္ထရယ်မဖြစ်အောင် ကာကွယ်လျှော့ချမလဲဆိုတာ ဂဃဏန သိထားသင့်ပါတယ်။

တတ်တူးဘယ်လိုထိုးတာလဲ

အရေပြားအပေါ်ဆုံးအလွှာပေါ်မှာ အပ်တွေအသုံးပြုပြီး အရောင်ခြယ်ပစ္စည်းတွေကိုအလှပုံဖေါ်ခြင်းပါ။ သေရာပါ အမှတ်အသားတစ်ခုမျိုးပါ။ စက်ကိုအသုံးပြုပြီးထိုးသလို သီးခြားစုတ်အပ်များနှင့်လည်း ထိုးပါသည်။ ထုံးဆေးမသုံးပဲ ထိုးတာမျိုးအနည်းငယ်နာကြင်သွေးထွက်တာက စပြီး အစမတန် နာကြင်ခြင်းကိုလည်း ခံစားရနိုင်ပါသည်။

တတ်တူးထိုးရာမှ ရနိုင်သော အန္တရာယ်များ

ဓာတ်မတည့်သော တုန့် ပြန်မှုများ - တတ်တူးထိုးတဲ့နေရာတဝှိုက်မှာ ယားယံသည့် အဖုအပိန့် ထနိုင်။ တချို့ ဆိုရင် အင်ပြင်များထနိုင်။ တချို့ ဆိုရင် တတ်တူးထိုးပြီးလို့ နှစ်များကြာသည့်တိုင် ယားယံနိုင်။

အရေပြား ကူးစက်ရောဂါများ

အခြားအရေပြားပြသနာများ - အသားပိုလုံးများ ၊ အညိုလုံးများလည်း ထွက်လာနိုင်။

ကူးစက်ရောဂါများ - မသန့် ရှင်းသင့် စုတ်အပ်များနှင့် မိမိအသားကို ထိုးလျှင် အသည်းရောင် အသားဝါဘီပိုးစီပိုး၊ မေးခိုင်ပိုးကဲ့သို့ ကူးစက်ရောဂါများ ရနိုင်။
သင့်ကိုယ်သင် အသင့်ဖြစ်အောင် ပြင်ဆင်ပါ။

MRI ကဲ့သို့  ကိုယ်တွင်းအင်္ဂါတွေကို ပုံရိပ်ဖော်ဓာတ်မှန်ရိုက်တဲ့အခါ အရည်အသွေးမမှီတဲ့ ပုံရိပ်တွေ ထွက်ခြင်း။

တတ်တူးတစ်ခုမထိုးခင် … သေသေချာချာစဉ်းစားပါ။ မသေချာသေးရင် ၊ နောင်တရမယ်ထင်ရင် စဉ်းစားဖို့  အချိန်ထပ်ယူပါ။ သူတပါးဖိအားပေးလို့  ထိုးလိုက်ရတာမျိုးမဖြစ်ပါစေနဲ့  ။ အရက်မူးပြီး၊ ဆေးတခုခုသုံးစွဲ ထားချိန်မှာ တတ်တူးမထိုးသင့်ပါ။ လူမမြင်တဲ့နေရာ၊အဝတ်အစားနဲ့ ဖုံးထားလို့ ရတဲ့နေရာထိုးမှာလား၊ လူမြင်စေနိုင်တဲ့နေရာထိုးမှာလား ရွေးပါ။ ကိုယ်အလေးချိန်တတ်လာရင်၊ ကိုယ်ဝန်ဆောင်ရင် တတ်တူးပုံစံကို ပျက်သွားနိုင်ကြောင်းသိထားပါ။
အန္တရယ်ကင်းအောင် လုပ်ဆောင်ပါ။

သင့်ကိုယ်သင် အန္တရာယ်ကင်းကင်း ဖြစ်မဖြစ် အောက်ပါမေးခွန်းများ ဆန်းစစ်ပါ။

• ဘယ်သူက တတ်တူးထိုးဆရာလဲ။ တတ်တူးကျွမ်းကျင်စွာထိုးတတ်တဲ့သူတွေအလုပ်လုပ်တဲ့ တတ်တူး စတူဒီယို ကိုပဲသွားပါ။
• တတ်တူးပညာရှင်က လက်အိတ်ဝတ်ထားလား။ လက်ဆေးပြီး လက်အိတ်အသစ်တစ်စုံ ဝတ်မဝတ် သေချာအောင်ကြည့်ပါ။
• သန့် ရှင်းတဲ့ တခါသုံးပစ္စည်းတွေသုံးလား။ သင့်ကိုထိုးမယ့်အပ်တွေ ၊ စုတ်ပြွန်တွေကို အသစ်ပါကင် ဖောက်ပြီး သုံးတာဟုတ်မဟုတ် သေချာပါစေ။ အရောင်ခြယ်ဆေးတွေ၊ လင်ပန်းတွေ၊ ထည့်စရာတွေက သုံးပြီးသား မဖြစ်သင့်ပါ။
• လွင့်ပစ်မရတဲ့ ပစ္စည်းတွေကို ပိုးသတ်တာမျိုးလုပ်ပါသလား။ လွင့်ပစ်မရတဲ့ ပစ္စည်းတွေကို အပူပေး autoclave လိုမျိုး ပိုးသတ်တာရှိပါသလား။ အော်တိုကလေ့နဲ့  ပိုးသတ်မရတဲ့ ပစ္စည်းတွေကို ပိုးသတ်ဆေး သို့ မဟုတ် အရောင်ချွတ်ဆေး bleach နဲ့  ပိုးသတ်ပါသလား။
သင့်တတ်တူးကို ကောင်းကောင်း ဂရုစိုက်ပါ။
• ပတ်တီးကို ၂၄နာရီပြည့်လျှင် ဖယ်လိုက်ပါ။ ပိုးသတ်ဆေးဝါးလိမ်းဆေးကို တတ်တူးအရေပြားပေါ် လိမ်းပါ။
• တတ်တူးထိုးထားတဲ့အရေပြားနေရာကို သန့် ရှင်းအောင်ထားပါ။ ဆပ်ပြာနှင့်ရေသုံးပြီး ညင်ညင်သာသာ ထိတွေ့ ပါ။ ရေချိုးစဉ် ရေပူတွေနဲ့  အရေပြားနေရာကို တိုက်ရိုက်မထိပါစေနဲ့  ။ မပွတ်တိုက်ပါနဲ့  ။
• Moisturizer သုံးပါ။ အစိုဓာတ်ခံလိမ်းဆေးပျော့ပျော့ တစ်နေ့ ကို အကြိမ်များစွာ တတ်တူးနေရာကို လိမ်းပါ။
• ရက်သတ္တပတ်အနည်းငယ်ခန့် နေရောင်ခြည်နဲ့  တတ်တူးနေရာ ထိတွေ့ ချင်ရှောင်ပါ။
• အနာမကျတ်မခြင်း ရေကူးကန်မှာရေကုးခြင်း၊ ရေပူစိမ်ခြင်း၊ မြစ်ချောင်းမှာ ရေချိုးခြင်းေ၇ှာင်ပါ။
• တတ်တူးကို ကပ်ငြိစေမယ့် အဝတ်အစားမျိုးမဝတ်ပါနဲ့ ။
• ဝဲလို၊အနာလိုအရာမျိုးမဖြစ်ပါစေနဲ့ ။ အမာရွတ်ထင်ပြီး တတ်တူးပုံပျက်စေနိုင်သည်။ နှစ်ပတ်ခန့် အထိ အနာကျတ်ဖို့ အချိန်ယူပါ။

သင့်တတ်တူးက ရောဂါကူးစက်ခံရရင်၊ အနာမကျတ်ရင်၊ ယားယံဓာတ်မတည့်များဖြစ်လျှင် ဆရာဝန်ပြပါ။ သင့်တတ်တူးကို ဖျက်ချင်ရင် လေဆာသို့ မဟုတ် တခြား တတ်တူးဖျက်နည်းများဖြင့် ပယ်ဖျက်နိုင်ဖို့  အရေပြားဆရာဝန်နှင့်တိုင်ပင်ပါ။

ဒေါက်တာငြိမ်းချမ်းအောင်
Health Guide
https://www.facebook.com/healthguidemyanmar

ကလေးမမွေးခင် ကြိုတင်ပြင်ဆင်ထားသင့်သည်များ


သားဦးမွေးဖွားခြင်းနဲ့ ကလေးကို ပထမဦးဆုံးအကြိမ် အိမ်ကိုခေါ်လာခြင်းတွေ ဟာ ပျော်ရွှင် ကြည်နူးစရာ ကောင်းပေမယ့် စိတ်ဖိစီးမှုလည်း များရတဲ့ အချိန်ကာလတွေပါ။ အဲဒီအချိန်မှာ ကလေးရဲ့  ကျန်းမာရေး အတွက် အစစအရာရာ အဆင်ပြေစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင် ပါတယ်။

- ကလေးမမွေးခင်ကတည်းက အိမ်မှုကိစ္စတွေကို အဆင်ပြေအောင် ကြိုတင်ပြင်ဆင်ထားပါ ။ ရေခဲသေတ္တာထဲမှာ အစားအသောက်တွေကို တတ်နိုင်သမျှ ဖြည့်တင်းထားခြင်းအားဖြင့် မီးဖိုချောင်ကိစ္စ အတွက် အချိန်အများကြီး ကုန်စရာမလိုတော့ပါဘူး ။ ကလေးမီးဖွားချိန်မှာ မီးဖိုချောင် ကိစ္စ အတွက် ဆွေမျိုး တစ်ဦးကို အကူအညီ တောင်းထားပါ ။

- ကလေးမွေးရက်မတိုင်ခင် အိမ်သန့်ရှင်းရေးကို တတ်နိုင်သမျှ များများဆောင်ရွက်ပါ။ တကယ်လို့ သင်က အိမ်သန့်ရှင်းရေး မလုပ်နိုင်လောက်အောင် ပင်ပန်းနေရင် အကူအညီ ခေါ်ပါ။

- ကလေးကို ထားမယ့်အခန်းကို သေချာပြင်ဆင်ပါ။ ကလေးကိုထားမယ့် အခန်းမှာ ဖုန်မှုန့် ပိုးမွှားကင်းအောင် သန့်ရှင်းရေးလုပ်ထားပြီး လေကောင်းလေသန့်ရရှိအောင် ပြင်ဆင်ထားပါ။

- ကလေးသုံး ပစ္စည်းတွေနဲ့ အဝတ်အစားတွေကို ဗီရိုထဲမှာ သီးသန့်သိမ်းထားပါ။

- မိခင်အနေနဲ့ မွေးကင်းစကလေးငယ်ကို ပွေ့ဖက်ခြင်း၊ ဂရုစိုက်ခြင်း၊ နို့တိုက်ခြင်းတို့ အတွက် အချိန်များ များပေးနိုင်ဖို့ အလုပ်ကိစ္စတွေကို ခဏတာရပ်နားထားပါ ။ အဲဒီလို ရပ်နားနိုင်ဖို့ ကလေးမမွေးခင် အချိန် ကတည်းက အလုပ်ကိစ္စအတွက် တခြားသူကို လွှဲအပ်ထားတာမျိုး၊ ကြိုတင်စီစဉ်သင့်တာတွေကို စီစဉ်ထားတာမျိုး ၊ အဆင်ပြေသလို လုပ်ဆောင်ထားပါ ။

Mg Mandalay
https://www.facebook.com/mg.mandalay

တည်သီး လတ်ဆတ် စားကြပါ


လူသားများအတွက် အကျိုးများသောအသီးအနှံမြောက်များစွာ ရှိသည့် အနက် တည်သီး( Persimmon ) တစ်မျိုးလည်း ပါဝင်နေပါသည်။ တည်သီးလတ်လတ်ဆတ်ဆတ်ကို စားသုံးခြင်းဖြင့် အစွမ်းထက်ပြီး လူ့ ကျန်းမာရေးအတွက် များစွာပင် အကျိုးများပါသည် ။

တည်သီးတွင်ဗီတာမင်စီဓာတ်ပါဝင်ပြီး အင်တီအောက်ဆီးဒင့်(antioxidant )များကြောင့် ကူးစက်ပိုးကြောင့် ဖျားနာခြင်း မဖြစ်ပေါ်စေနိုင်သလို ရောင်ရမ်းနာကျင်မှု့ များကိုလည်း လျှော့ကျစေသည့် အသီးတစ်မျိုးလည်း ဖြစ်ပါသည် ။

တည်သီးတွင် သကြားဓာတ် ဂလူးကို့ စ်ပါဝင်နှုန်းများပြားသည့်အတွက် သွေးကြောစနစ်များတွင် ပိုမို အားကောင်းစေပြီး ကျန်းမာစေရန် များစွာ အထောက်အကူပြူနေပါသည် ။ လူခန္ဓာကိုယ့်အတွက် အရေးပါသော သတ္တုဓာတ်များလည်း ပါဝင်တာကြောင့် စားသုံးသင့်သော တည်သီးလည်း ဖြစ်ပါသည် ။ တစ်ခြား အသီးအနှံဖြစ်သော သစ်တော်သီး နှင့် ပန်းသီးတို့ လည်း စားသုံးသင့်ပါသည် ။

တည်သီးတစ်ခုတည်းမဟုတ်ဘဲ တစ်ခါတစ်လေ တွဲစားမိတာရှိတာရှိတက်ကြပါတယ် ။ တွဲစားမသင့်သလို သတိထားသင့်သည်က ကန်စွန်းဥ နှင့် တွဲဖက်ပြီး စားသုံးရန် မသင့်ပါ ကျောက်တည် ရောဂါဖြစ်တက်လို့ ပါ ။

နေ့ စဉ်လှု ပ်ရှားနေရသည့်အတွက် တစ်ခါတစ်ရံတွင် မူးဝေမှု့ မောပန်းမှု့ ဖြစ်တက်ပါသည် ။
မောပန်း မူးဝေခြင်း အတွက် သက်သာကောင်းမွန်စေသော ဗီတာမင်B6 လည်း ပါဝင်သည့် အသီးလည်း ဖြစ်ပါသည် ။

ဌင်းတည်သီးလတ်လတ်ဆက်ဆက်သည် စားကောင်းသည့် အပြင် ကျန်းမာရေးအတွက် ပါ များစွာပင် အထောက်ကူပြု့ သောအသီး ဖြစ်ပါတော့သည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မြန်မာ့ဆေးဖက်ဝင် ကြစုပင်ခေါ်ဖန်ခါးငယ်ပင်


Item Name --------- Terminalia citrina Roxb ( ကြစုပင်ခေါ်ဖန်ခါးငယ်ပင်)
Category ------------ Raw Material
Botany Term ------- Terminalia citrina Roxb
Species Family ----- Combretaceae

မြန်မာနိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

♥ အပင်

အပင်ကြီးမျိုးဖြစ်၏ ။ ပေ ၆၀ မှ ၈၀ အထိမြင့်သည်။ ဖန်ခါးထက် ပင်စည်ပိုဖြောင့်သည်။

♥ အရွက်

ရွက်ဆိုင်ထွက်သည်။ ၃-၆ လက်မအထိ ရှည်၍ အရွက်ရင်း များ ပြောက်ချောတောက်ပသည်။ လှံစွပ်ပုံဗြက်ကျယ်၍ ရှည်မျောမျောထိပ်ချွန်ဖြစ်သည်။ ရွက်ညှာ၁/၂ လက်မခန့် ရှည်သည်။ အရွက်နားချောသည်။


♥ အပွင့်

အပွင့်သေးငယ်သည်။ ၀ါမှိုင်းမှိုင်း အရောင်ရှိသည်။ ပွင့်ညှာမဲ့ပြီး တစ်ပင်တည်း တွင် အဖိုပွင့် ၊ အမပွင့် ပါရှိသည်။ တန်ခူး ၊ ကဆုန်လတွင် ပွင့်သည်။

♥ အသီး

အသီး ၂ လက်မနီးပါးရှိ၍ ရှည်မျောမျော မှ လှံစွပ်ပုံ အထိရှိသည်။ ဖန်ခါးသီးထက် ငယ်သည်။ ၅ ထောင့် ရှိသည်။ ဆောင်းရာသီတွင် သီးမှည့်သည်။

► အသုံးဝင်ပုံ

အသီး

♥ အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ကြစုသီးသည် ချဉ် ၊ ဖန် ၊ခါး ၊ ဆိမ့် ၊ စပ်သော အရသာငါးမျိုးရှိ၏ ။ အဖန်သည် အားအကြီးဆုံးဖြစ်၏ ။ ၀မ်းမီးကို တောက်စေ၍ သွေးသောက်လျှင် ၀မ်း သက်၏ ။ ပြုတ်စားလျှင် ၀မ်းချုပ်၏ ။ ဖျော်စားလျှင် လေ၊ သွေး ၊ သည်းခြေ ဒေါသသုံးပါးကို နိုင်၏ ။ အသက်ကို ရှည်စေ၏ ။ မျက်စိနာနှင့် သင့်၍ အသံကို ကောင်းစေ၏။

► အသီးအသုံးပြုပုံ

၁ ။ ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏ ။ 
၂ ။ ကြစုသီးကို ထုခြေ၍ ဆေးတံတွင်ထည့်သောက်သော် ပန်းနာရောဂါ ပျောက်၏။
၃ ။ ကြစုသီးကို မုန့်ကျွဲသည်းကဲ့သို့ ကျိုစားသော် ၀မ်းတစစ်စစ် သက်သော ရောဂါ ၊ အစာမကြေ ၀မ်းသက်ရောဂါ ပျောက်၏ ။
၎ ။အသားကျယ်ပြန့်စွာ စားတတ်သော အနာကို ကြစုသီးငါးခွက်တစ်ခွက်တင်ပြုတ်၍ ဖန်ရေဆေးပေးရ၏ ။
၅ ။ ကြစုသီးကို ရေနှင့်သွေး၍ ပျားရည်၊ နှမ်းဆီတို့နှင့် ရောပြီး မီးလောင်သောနေရာ ၊ ရေနွေးပူလောင်သော နေရာတို့၌ လိမ်းကျံပေးရ၏။
၆ ။ ကြစုသီးမှုန့်ဖြင့် သွားတိုက်သော် သွားဖြူ၏ ။ သွားရောဂါပျောက်၏ ။ အသီးကို ရှားစေးနှင့် ပြုတ်ငုံသော် သွားခိုင်၏။ ကြစုသီးကို ငါးခွက်တစ်ခွက်တင် ကျို၍ ပျားရည်နှင့်ရောသောက်သော် အမျိုးမျိုးသော ခံတွင်း ရောဂါများပျောက်၏။
၇ ။ ကြစုသီးနှစ်ကို ကြိတ်၍ ခေါင်းတွင် လိမ်းပေးသော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏။
၈ ။ ကြစုသီးကို တစ်ညလုံး ရေနှင့် စိမ်ပြီး နံနက်တွင် ယင်းစိမ်ရည်နှင့် မျက်စိကို ဆေးကြောပေးသော် မျက်စိအေး၍ အမြင်သန်၏ ။
၉ ။ ကြစုသီးမှုန့်ကို မုရားကြီးရွက်ညှစ်ရည်ဖြင့် ၇ ကြိမ်တေ၍ ၇ ကြိမ် နေလှန်းပြီး ပျားရည်နှင့် တေ၍လျက်သော်သွေးအန် ၊ သွေးလျှံရောဂါ ပျောက်၏ ။
၁၀ ။ ကြစုသီးမှုန့်ကို ပျားရည်နှင့် လျက်လျှင်လည်းကောင်း ၊ ထန်းလျက်နှင့်တေ၍ အလုံးပြု စားလျှင်လည်းကောင်း ၊ အစာအိမ်အချဉ်ပေါက်ရောဂါ ပျောက်၏။
၁၁ ။ ကြစုသီးကို နွားကျင်ငယ်ရေနှင့် ပြုတ်၍ သောက်သော် သွေးအားနည်းရောဂါ၊ အချိ ၊ အဖောရောဂါ ပျောက်၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

မြန်မာ့ဆေးဖက်ဝင် နီပါးဆေးပင်ခေါ်တောရဲယိုပင်


Item Name -------- Morinda (နီပါးဆေးပင်ခေါ်တောရဲယိုပင်)
Category ----------- Raw Material
Botany Term ------- Morinda angustifolia Roxb
Species Family ----- Rubiaceae

မြန်မာနိုင်ငံ အပူပိုင်း ဒေသနှင့် ပဲခူး ရိုးမ တောင်ခြေ များ အတွင်း အများ အပြား ပေါက်ရောက် သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်

♥ အပင်

အခေါက်အ၀ါရောင်ရှိ ၏ ။ အတွင်းခေါက် နီဝါရောင် ရှိသည်။

♥ အရွက်

ရွက်လွှဲထွက် သည်။ဘဲဥပုံ ရှိ၍ အဖျားချွန်သည်။ ရဲယိုရွက် နှင့်တူသည်။ သို့သော်အနည်းငယ် သေး သည်။ ရွက်ပြားပေါ် တွင်အမွေးနု ကလေးများ ရှိသည်။ ရွက်ရင်းတွင် ရွက်စွယ်ရှိ သည်။


♥ အပွင့်

အဖြူရောင် ရှိ၏ ။ မွှေး၏ ။ တန်ခူးလ မှ ၀ါဆိုလ အတွင်းပွင့် ၏ ။

♥ အသီး

ရဲယိုသီး အငယ်နှင့် တူသည်။ လုံးဝိုင်းသည်။ အသားထူ သည်။ တန်ခူးလ မှ ၀ါဆိုလ အတွင်းသီး ၏ ။

► အသုံးဝင်ပုံ

အရွက် ၊ အသီး ၊ အမြစ်။

♥ အာနိသင်

မြန်မာ ဆေးကျမ်း များ အလို အရ နီပါးဆေး သည် ၀ဖြိုးစေ ၏ ၊ အဖျားကို ပယ်တတ်၏ ၊ မီးယပ်ကို မှန်စေ၏။ သွေးဝမ်း ၊ ရိုးရိုးဝမ်း သက်ခြင်းတို့ ၌ များစွာ အကျိုးရှိ ၏။ အသက်ကို ရှည်စေ တတ် ၏ ။ 

► အရွက်အသုံးပြုပုံ

၁ ။ အရွက်ကို ကြိတ်၍ အနာ ပေါ်တွင် အုံပေးပါ ကအနာ နုလျှင်ပိန် ပြီးရင့်လျှင် ပြည်ပေါက်၍ ပျောက်စေ၏။
၂။ အရွက်ကို ပြုတ်သောက်လျှင် မုန်ညင်းစေ့ နှင့် ရောသောက် ၍ ကလေး များ သွေးဝမ်း သွားသော်တိုက် ရ၏။
၃ ။ အရွက်ပြုတ် ရည်ကို မုန် ညင်းစေ့ နှင့် ရော၍ကလေးများ သွေးး ၀မ်း သွားသော် တိုက်ရ၏ ။
၎ ။ အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်အ ဆက် ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း ၏ ။

► အသီးအသုံးပြုပုံ

၁ ။ အသီးကို မီးဖုတ်၍ ဆားသင့်တော် ရုံထည့်ကြိတ် ပြီးသွားတိုက် ဆေးအဖြစ် သုံးပါက သွားနှင့်သွား ဖုံးများကို ခိုင်ခံ့စေ ၏။
၂ ။ အနာမှ သွေးစိမ်းယို သောအခါ တွင်၎င်းအ သီးခြောက်မှုန့် ကို သိပ်ပေးက ပျောက်၏ ။

► အမြစ်အသုံးပြုပုံ

၁ ။ အမြစ်ကို ၀မ်းနုတ်ဆေး အဖြစ်ဖော် စပ်အသုံး ပြု၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

Birth Control Methods ကိုယ်ဝန်တားနည်း-တားဆေး ဘယ်လိုရွေးမလည်း


ဆရာ ကျမအသက် ၂၃ နှစ်ပါ။ သားတယောက်အမေပါ။ သားကြီးက ၂ နှစ်ရှိပါပြီ။ သားကြီးကိုရိုးရိုးမွေးထားပါတယ် ။အခု ဒုတိယသားငယ်ကိုလဲ ဒီလထဲမှာဘဲ ရိုးရိုးမွေးဖို့ဆုံးဖြတ်ထားပါတယ် ။ ကျမသိချင်တာက သားဆက်ခြားနည်း ဘယ်နှစ်မျိုး ရှိလဲဆိုတာရယ်၊ အဲ့ဒီ့သားဆက်ခြားနည်းတွေ အကြောင်း ရေးထားတဲ့စာတွေကိုဖြစ်နိုင်မယ်ဆိုရင် တစုတစည်းတည်း ဖတ်ချင်သိချင်လို့ပါဆရာ ။ ဆရာအားတဲ့အခါ တင်ပေးပါဦးနော်။ Link ဆိုရင်လဲ wifi မရှိလို့ ဝင်ကြည့်ဖို့အခက်အခဲရှိလို့ပါဆရာ ။

၁။ Birth Control Pill ကိုယ်ဝန်တား စားဆေးများ
က။ ဟော်မုန်းနှစ်မျိုးတွဲဆေးကနေ (၁) မျိုးဥထွက်မှာကို တားပေးတယ် ။ (၂) သားအိမ်ဝက ချွဲကိုလဲ စေးပျစ်စေလို့ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ် ။ (၃) သားအိမ်-အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြုပြင်ပေးတယ် ။ ဟော်မုန်း နှစ်မျိုးတွဲဆေးကို ၂၁ လုံးပါကပ် နဲ့ ၂၈ လုံးပါဆေးကပ်တွေနဲ့ရှိတယ်။ ၂၁ လုံးဆိုတာ ဟော်မုန်း ပါတာတွေချည်း ဖြစ်တယ် ။ ကျန် ၇ လုံးမှာ ဟော်မုန်းမပါဘူး။ ၇ လုံးပိုထည့်ထားလို့ ၂၈ လုံးအကုန်မှာ နောက်ဆေးကပ်သစ် သောက်ဘို့ သိသာတယ်။ ၂၁ လုံးပါဆေးကပ် သောက်သူက ကြားထဲမှာ ၇ ရက်တိတိ နားထားရမယ်။

နေ့တိုင်း သောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ PID တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။

ဘေးထွက်သက်ရောက်မှုတွေ = ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း ၊ ခေါင်းမူး ၊ ဆေးစသောက်ဘူးသူတွေ တလ ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ် ။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။ ဒီဆေးမျိုး မသုံးသင့်သူတွေ ကတော့ သွေးကြော ပိတ်ရောဂါဖြစ်ဘူးသူတွေ ၊ အသက်ကြီးသူတွေ ၊ သွေးတိုးများသူတွေ၊ (မိုင်ဂရင်း ရောဂါရှိသူတွေ၊ အသဲ မကောင်းသူတွေနဲ့ မသင့်ဘူး ။

ခ။ Minipill (Progestin-Only) (မီနီ-ပီးလ်)
အားလုံး ၂၈ လုံးမှာ ဟော်မုန်းပါတယ်။ ကလေးနို့တိုက်နေသူတွေ၊ သွေးကြောပိတ်ဖြစ်သူတွေ၊ (အီစထိုဂျင်) မတည့်သူတွေ၊ အသက် ၃၅ နှစ် ကျော်သူတွေ၊ ဆေးလိပ်သောက်သူတွေ သုံးနိုင်တယ် ။ သွေးတိုးရှိလဲ ဖြစ်တယ် ။ (မိုင်ဂရင်း) ရောဂါရှိလဲ သောက်နိုင်တယ် ။ ရာသီဆင်းတာ နည်းတယ် ။ ရာသီလာလို့ နာတာသက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ် ။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဟော်မုန်း ၂ မျိုးတွဲလောက် မထိရောက်လှဘူး ။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်တယ် ။ ဆေးသောက်ဘို့ တရက်မှ မေ့သွားလို့မရဘူး။ နေ့တိုင်း အချိန်တူမှာ သောက်သင့်တယ်။ ဘေးထွက်သက်ရောက်မှုတွေက ဗိုက်နာတတ်တယ်။ အားယုတ်မယ်။ မျက်နှာနီမြန်းတာ၊ လိင်စိတ်နည်းတာ၊ ခေါင်းကိုက်၊ ပျို့၊ ခေါင်းမူး၊ အိပ်ရေးပျက်။

၂။ Depo Provera (ဒီပို) ထိုးဆေး
ကိုယ်ဝန်တား ၃ လခံထိုးဆေး ဆေးစာနဲ့ အတိအကျ ပြောရရင် Depot medroxyprogesterone acetate (DMPA) လို့ ခေါ်တယ်။ (ပရိုဂျက်စ်တင်) ဟော်မုန်း တမျိုးထဲပါတယ်၊ 150mg ကို ၃ လ တခါထိုးပါ။

၃။ IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
(တီ) ပုံသဏ္ဌာန် (ပလပ်စတစ်) ပစ္စည်းလေးဖြစ်တယ်။ Copper IUD, ParaGard တွေကို ၃-၅-၁ဝ-၁၂ နှစ် အထိ ထည့်ထားနိုင်တယ် ။ ဟော်မုန်းပါတဲ့ Mirena က ၅ နှစ်တခါ လဲပေးရတယ်။

၎။ Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်းမီးခြစ်ဆံလောက် သာရှိတယ် ။ ကိုယ်ဝန်တား Depo-Provera ထိုးဆေးလိုဘဲ ဟော်မုန်းကို ထုတ်ပေးနေမယ် ။ ၃ နှစ်အထိ ထားနိုင်တယ်။

၅။ Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
Orth- Evra patch ဆေးကပ်ခွါကို ကြိုက်တဲ့နေရာ အရေပြားမှာ ကပ်ထားနိုင်တယ် ။ တလ (၄ ပါတ်) မှာ ၃ ပါတ်ကို ကပ်ထားပြီး ၁ ပါတ် နားထားရတယ် ။ သောက်ဆေးတွေလို ဟော်မုန်းထုတ်ပေးနေမယ် ။

၆။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
ကိုယ်ဝန်တားနည်း အများကြီးရှိတဲ့အထဲက ပေါ်ပြူလာ အဖြစ်ဆုံးဟာ ယောက်ျားသုံး-ကွန်ဒွမ် ဖြစ်တယ် ။ ဈေးလဲမကြီး ၊ ရှာလို့လဲ လွယ်တယ် ။ ကိုယ်ဝန်တားဘို့သာ မဟုတ်ပါ ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ ကိုပါ ကာကွယ်နိုင်တယ် ။ ဥပမာ AIDS and herpes ခုခံအားကျဆင်းရောဂါ နဲ့ လိင်လမ်း-ရေယုံ ။ ဒီရည်ရွယ်ချက် ၂ ခုအတွက် အသေအခြာတော့ သုံးတတ်ဘို့ လိုပါမယ် ။ တခုကို တခါတည်းအတွက်သာ သုံးရမယ်။ Latex (လေးတက်စ်) ရာဘာနဲ့ လုပ်တာကိုသာ သုံးပါ ။

၇။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
(ပလပ်စတစ်) ပါးပါးလေးနဲ့လုပ်ထားတဲ့ အိတ်ငယ်လေးဖြစ်တယ်။ (ဗဂျိုင်းနား) ထဲမှာ အလိုက်သင့် ထည့်ထားရတယ် ။ လိင်ဆက်ဆံမှုမပြုခင် ၈ နာရီကတည်းက ထည့်ထားနိုင်တယ်။ (ကွန်ဒွမ်) ရာဘာနဲ့ မတည့်သူတွေသုံးနိုင်တယ် ။

၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
NuvaRing (ပလပ်စတစ်) အပြေားစား ကွင်းဝိုင်းလေးဖြစ်တယ် ။ Pill သောက်ဆေး နဲ့ Patch ဆေးကပ်ခွါတွေ လို ဟော်မုန်းထုတ်ပေးနေမယ် ။ တလတခါ လဲပေးရမယ် ။

၉။ Cervical Cap သားအိမ်ဝ အပိတ်
Diaphragm သားအိမ်ဝ အဖုံးနဲ့ သဘောတူပြီး သေးငယ်တယ် ။ FemCap ကို (ဗဂျိုင်းနား) ထဲကနေ အတွင်းနက်နက်မှာရှိတဲ့ သားအိမ်ဝကို ဖုံး-ပိတ်ပေးထားရတယ် ။ Spermicide သုက်ပိုးသတ်ဆေးနဲ့ ပါ ရောသုံးသင့်တယ် ။

၁ဝ။ Diaphragm သားအိမ်ဝ အဖုံး
ရာဘာနဲ့လုပ်ထားတဲ့ ခပ်ခုံးခုံးလေးဖြစ်တယ် ။ သားအိမ်ဝကို ဆက်ဆံမှု မပြုခင်ဖုံးထားပေးရတယ် ။ သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ် ။

၁၁။ Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်
Today Sponge ထဲမှာ Spermicide foam သုက်ပိုးသတ်ဆေးပါတယ်။ လိင်ဆက်ဆံမှုမပြုခင် ၂၄ နာရီကတည်းက ထည့်ထားနိုင်တယ်။

၁၂။ Spermicide သုက်ပိုးသတ်ဆေး
Spermicide foam အမြှုပ်၊ Jelly (ဂျယ်လီ)၊ Cream (ခရင်မ်) နဲ့ Film (ဖလင်) သုက်ပိုးသတ်ဆေးတွေ ရှိတယ်။ (ဗဂျိုင်းနား) ထဲမှာ လိင်ဆက်ဆံမှုမပြုခင် ထည့်-လိမ်း-သုတ်ထားရတယ် ။ တချို့အမျိုးအစားကို မတိုင်ခင် ၃ဝ မိနစ်ကြိုတင်သုံးရတယ် ။ တချို့က အဲလောက်စောင့်ဘို့မလိုဘူး ။

၁၃။ Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
Calendar ပြက္ခဒိန်နည်းထက် ပိုတိကျတယ်။ မျိုးဥထွက်မဲ့ရက်ကို ကိုယ်အပူချိန် နေ့တိုင်း မနက်အိပ်ယာထမှာ တိုင်းပြီးသိမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သင်တန်းသဘောမျိုးလိုမယ်။

အမျိုးသမီးကိုယ်တိုင် လုပ်နိုင်တဲ့နည်း (၃) နည်းရှိတယ်။ ဒါပေမဲ့ အတန်အသင့် စိတ်ချရတာမို့ လိုအပ်ရင်သုံးနိုင်တဲ့ အရံအတားနည်း၊ အရေးပေါ်နည်းက အဆင်သင့်ရှိနေရမယ်။
(က) Basal body temperature အပူချိန်မှတ်သားခြင်း
မနက်အိပ်ရာက နိုးရင် ဘာတခုမှ မလုပ်သေးချိန်မှာ ကိုယ်အပူချိန် တိုင်းရတယ်။ လလည်ရက်မှာ မျိုးဥထွက်လို့ ကိုယ်အပူချိန် တက်တာက ဝ့၃ ကနေ ဝ့၆ ဒီဂရီ (ဆဲလ်စီးယပ်စ်) ရှိမယ်။ မျိုးဥမထွက်ခင်မှာ ကိုယ်အပူချိန်က 97° F (36.1° C) ကနေ 97.5°F (36.38° C) အထိ ရှိနေမယ်။ မျိုးဥထွက်လို့ တက်လာရင် 97.6° F (36.4 C) ကနေ 98.6° F (37° C) အထိ ဖြစ်လာမယ်။ မျိုးဥထွက်ပြီး ၁-၂ ရက်မှာ တက်လာတယ်။ မျိုးဥက သုက်ပိုးနဲ့ မတွေ့ရရင် ၂၄ နာရီသာ ရှင်နေလို့ အပူချိန်တက်ပြီး ၃ ရက်နောက်ပိုင်းမှာ ကိုယ်ဝန်ရဘို့မဖြစ်နိုင်တော့ဘူး။

(ခ) Cervical mucus သားအိမ်ဝက အချွဲကိုစစ်ဆေးနည်း
Cervix သားအိမ်ဝကို ကိုယ့်လက်ချောင်းနဲ့ စစ်ရတယ်။ ရာသီလာနေချိန်မှာ အကျိအချွဲ အနည်းဆုံးရက်တွေ ဖြစ်တယ်။ နောက်မှာ (အီစထိုဂျင်) ဟော်မုန်းကြောင့် သားအိမ်ဝက အချွဲပိုများလာတယ်။ ပိုပြီး ဆွဲဆန့်လို့ ရလာတယ်။ မျိုးဥထွက်ပြီး နောက်မှာ ထွက်လာတဲ့ (ပရိုဂျင်စတီရုံး) ဟော်မုန်းကြောင့် ခြောက်သွေ့လာမယ်။ ဒါ့ကြောင့် သားအိမ်ဝက အချွဲအများဆုံး အချိန်ရဲ့နောက် ၄ ရက်ကစပြီး ကိုယ်ဝန်မရစေနိုင်ဘူး။

(ဂ) Cervical position သားအိမ်ဝအခြေအနေ
Cervix သားအိမ်ဝဟာ မျိုးဥထွက်ခါနီးရင် ပိုပျော့လာမယ်။ ပိုပွင့်လာမယ်။

၁၄။ Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
ယောက်ျားကို ရာသက်ပန်ကလေးမရစေအောင် ခွဲစိတ်ဖြတ်တောက်နည်းဖြစ်တယ်။

၁၅။ Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
ကလေးမွေးပြီး၊ ၂ ပါတ် အတွင်းခွဲရင် ဆရာဝန် အတွက် ပိုလွယ်တယ်။ ဗိုက်ခွဲမွေးရင်းလည်း လုပ်ပေးလို့ရတယ်။ ၉၉့၅% ထိရောက်တယ်။ ရာသက်ပန် ကလေးမရတော့ပါ။ ချက်ချင်း ထိရောက်တယ်။ အားနည်းချက်တွေက ခွဲစိတ်တာခံရမယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပါ။

၁၆။ Combination injection နောက်ပေါ်ထိုးဆေးနည်း
Medroxyprogesterone acetate (ပရိုဂျက်စတီရုံး) နဲ့ Estradiol cypionate (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးကို တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။ ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ စားဆေးတွေလိုဘဲ သတ္တိရှိတယ်။ ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင်ရတယ်။ ၉၉့၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တနှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ ကိုယ်ဝန် မရတာတွေ့ရတယ်။ တခါထိုးပြီး နောက်တခါကို ၂၈-၃ဝ ရက်အကြာမှာထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့ နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။ Lunelle ဆေးစထိုးရင် ရာသီသွေးစဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊ ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊ ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊ ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း၊

၁၇။ အသက်မငယ်သူများအတွက် ရွေးချယ်နည်း
• အသက် ၃၅ နှစ်ကျော်လာရင် သတိထားပြီး အကောင်းဆုံးနည်းကို ရွေးရမယ်။
• လူနေမှုပုံစံလဲ ပြောင်းသင့်တယ်။ ကိုယ်အလေးချိန် ထိန်း-လျှော့ပါ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အစားအသောက် ဂရုစိုက်ပါ။ အရက်-ဆေးလိပ် လျှော့ပါ-ဖြတ်ပါ။
• ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကောင်းဆုံး သန္ဓေတားနည်းကို ရွေးချယ်ပါ။

၁၈။ Emergency contraceptive pill အရေးပေါ်တားဆေး
ပဌမဆေးလုံးကို အကာကွယ်မဲ့ဆက်ဆံမှု ပြုပြီးတာနဲ့ ပဌမ ၁ ပြားသောက်ပါ။ နောက်ထပ် ၁၂ နာရီအကြာမှာ ဒုတိယ ဆေးလုံး သောက်ပါ။ ၇၂ (၃ ရက်) နာရီအတွင်းမှာ ပဌမဆေးလုံးသောက်တာနဲ့ ကာကွယ်နိုင်တယ်။ ၁၂ဝ နာရီ (၅ ရက်) အထိလဲ သုံးနိုင်ကြတယ်။ % မဆိုးပါ။

ကိုယ်ဝန်တားနည်း ဘယ်လိုဆုံးဖြတ်ရွေးမလည်း
(၁) ကိုယ်ဝန်တားနည်းများရဲ့ ထိရောက်မှု အများဆုံးနည်းတွေ
• အရေပြားအောက် ဆေးချောင်း၊ သားအိမ်ထဲထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်းများ၊ = 99%
• ထိုးဆေး၊ = 97%
• စားဆေး၊ (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• (ကွန်ဒွမ်)၊ သားအိမ်ဝအဖုံး-အပိတ်၊ ဆေးမြှုပ်၊ = 84-89%
• ဝေရာမဏိ = ၁ဝဝ%

(၂) ထိရောက်မှု အနည်းဆုံးနည်းတွေ
• အကာအကွယ် လုံးဝမသုံးခြင်း = 85%
• သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• နေ့ကောင်းရက်သာ ရွေးနည်း = 25%
• အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

နည်းအားလုံးကို တခုချင်းရေးထားပါသေးတယ်။ တချို့ကိုသာ ဖေ့စ်ဘွတ်မှာတင်ပါတယ်။ တိတိကျကျသိလိုသူများ မေးနည်းစည်းကမ်းနဲ့အညီ မေးနိုင်ကြပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

Clobetasol cream ကလိုဘက်တာဆိုလ် လိမ်းဆေး


၁။ ဆရာခင်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ဒီဆေးကို တင်းတိပ် အထူးပျောက်ဆေးဆိုပြီး online ကနေ ကြော်ငြာ ရောင်းချနေပါတယ်။ အထူးသဖြင့် ယိုးဒယားဆေး ပစ္စည်းဆိုပြီးရောင်းချ အသုံးပြု နေပါတယ် ။ merck company ဆိုတာ P.K နိုင်ငံထုတ်လို့ သိထားပါတယ် ။ မြန်မာ ပြည်သားများ အတွက် ဒီဆေးက တင်းတိပ် ဟုတ်မဟုတ်ဆိုတာ ဖြေကြားပေးပါဆရာ ။ ရိုသေစွာဖြင့် ။

၂။ Clobetasol Propionate and Neomycin Sulphate Skin Cream (Tenovate GN) contains: Clobetasol Propionate BP 0.05% w/w; Neomycin Sulphate IP 0.5% w/w; Imidurea USPNF (as preservative) 0.3% w/w လိမ်းဆေးအကြောင်း သိပါရစေရှင့် ။

တင်းတိတ်ဆေး မဟုတ်ပါ ။ အရေပြားမှာဖြစ်တာတွေကို အဲဒီဆေးလိမ်းလိုက်ရင် အမြင်မှာ သိသိသာသာ သက်သလို ဖြစ်မယ် ။ ဒါပေမယ့် သတိထားစရာတွေ အများကြီးရှိတယ် ။

Clobetasol (ကလိုဘက်တာဆိုလ်) ဆေးက အဓိက နှင်းခူလို ပျောက်နိုင်ခဲတဲ့ အရေပြား မှာဖြစ်တာတွေအတွက် သုံးဘို့ဖြစ်တယ် ။ ဆင်တူတဲ့ လိမ်းဆေး + စားဆေးတွေလည်း အများကြီးရှိတယ်။
• Monistat Vaginal Cream (Miconazole Nitrate Vaginal Cream) မွေးလမ်းမှိုပိုးအတွက်လိမ်းဆေး၊
• Oral gel 24 mg/ml (20 mg/g) ပါးစပ်မှိုပိုး (မှက္ခရု) နာလိမ်းဆေး၊
• Oravig 50 mg once daily buccal tablet ပါးစပ်မှိုပိုး (မှက္ခရု) နာစားဆေး၊
• Topical cream (hydrocortisone 1% + miconazole 2%) ကော်တီဇုန်းနဲ့ရောထားတဲ့လိမ်းဆေး၊
• MycoDust 2% powder with chlorhexidine hydrochloride ပေါင်ဒါ၊
• Miconazex, Monistat, Femizol or Gyno-Daktarin 200 or 100 mg Pessaries မွေးလမ်းကြောင်းထည့်ရန်ဆေး၊
• Vaginal cream မွေးလမ်းကြောင်းထည့်ရန်ဆေး၊ 2% (၇ ရက်)၊ 4% (၃ ရက်)
• Embeline နဲ့ Temovate စတဲ့နာမည်တွေနဲ့ရောင်းတယ်။

Tenovate-GN cream လိမ်းဆေးဟာ အရေပြားနာတွေထဲက (စဆီရွိုက်) ဆေးနဲ့ သက်သာစေနိုင်တဲ့ အနာတွေအတွက် ဖြစ်တယ်။ နာတာရှည် အနာ၊ ယားနေတာ၊ နီရဲ နေတာတွေအတွက် ဖြစ်တယ်။ ဥပမာ Eczema, dermatitis or psoriasis နှင်းခူနာ၊ ပျောက်နိုင်ခဲတဲ့အနာ၊ ဆိုရီယေးဆစ်နာ ။ ပိုးထပ်ဝင်နေတာအတွက် Neomycin Sulphate ဆေးပါ ထည့်ထားတယ်။ တနေ့ ၂ ကြိမ် လိမ်းရတယ်။ အသက် ၁၂ နှစ်အောက် ကလေးတွေ မသင့်ဘူး။ ဆေးမတည့်သူလဲ ရှိတတ်တယ် ။ နှလုံးရောဂါတွေ နဲ့ သွေးတိုးရှိသူတွေ မသင့်ဘူး ။ ဆီးချို၊ ဝက်ရူးပြန်၊ ရေတိမ်၊ လည်ပင်းကြီး-ဟော်မုန်း နည်းသူ၊ အသည်းမကောင်းတော့သူ၊ ကျောက်ကပ်မကောင်းသူ၊ စိတ်ရောဂါ ရှိသူတွေနဲ့ မသင့်ဘူး။ မျက်စိထဲ မဝင်စေရဘူး။ ကိုယ်ဝန်ဆောင်တွေအတွက် Category C သတ်မှတ်ထားတယ်။ မသင့်ဘူး။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ် ။

အရေပြားမှာ ပျောက်နိုင်ခဲတဲ့အနာတွေကို Dermatitis အရေပြားနာလို့ ယျေဘုယျခေါ်တယ် ။ အများဆုံးဖြစ်တာက Eczema (Atopic dermatitis) နှင်းခူနာ ဖြစ်ပါတယ် ။ သူကလဲ အမျိုးအစားတွေ များတယ် ။ ဘယ်အရွယ်မဆို ဖြစ်တယ် ။ ကျား-မ မရွေးဖြစ်တယ် ။ ၅ နှစ်အောက် ငယ်သူတွေမှာ အဖြစ်သိပ်နည်းတယ် ။ ငယ်သူတွေဖြစ်ရင် ပျောက်တာ များတယ် ။ ကြီးမှဖြစ်ရင် မပျောက်နိုင်တာ များပြီး မျိုးရိုးလိုက်နိုင်တယ် ။ မိသားစုထဲမှာ (အလာဂျီ) ရတတ်သူတွေ ရှိနေမယ်။ ပန်းနာတို့ ဟိုဟာမတည့် ဒီဟာမတည့်ဖြစ်တာတို့ကို ပြောတာပါ ။ လူကြီးတွေ ၁ဝဝ မှာ ၁-၂ ယောက်၊ ကလေးဆိုရင် ၅ ယောက်မှာ ၁ ယောက်လောက် ဖြစ်တယ် ။ မိန်းကလေးတွေမှာ ပိုများတယ် ။ ကူးစက်ရောဂါမဟုတ်ပါ ။

နှင်းကူနာဆိုတာ မတည့်တာနဲ့ တွေ့ထိတာကနေ စတယ်ဆိုတာတော့ သေခြာတယ် ။ ဆပ်ပြာ ၊ အလှကုန်ပစ္စည်း ၊ အဝတ်အစား ၊ အစားအသောက်၊ လက်ဝတ်ရတနာ၊ ချွေးထွက်တာ၊ အမှုံအမွှား၊ ဓါတုဆေးရည်၊ လေစိုထိုင်းဆနည်းတာ၊ မတည့်တဲ့လိမ်းဆေး၊ အဝတ်အစားကြမ်း၊ ချွေး၊ ရာဘာ၊ ပလပ်စတစ် အသုံးအဆောင်၊ ပွတ်တိုက်မှု၊ ဗက်တီးရီးယား၊ တမျိုးမျိုးကို ဆက်တိုက် ထိတွေ့ ကိုင်တွယ် နေရတာတွေ ကနေ ဖြစ်နိုင်တယ် ။ တချို့ကြ ရာသီဥတုနဲ့ ဆိုင်တယ်။ တချို့မှာ စိတ်နဲ့ ပတ်သက်ပြန်သေးတယ် ။ စဖြစ်လာပုံကလဲ တယောက်နဲ့တယောက် မတူတတ်ဘူး။ ဖြစ်မဲ့နေရာမှာ နီရဲလာမယ်၊ ယားမယ်၊ ပူလောင်နေမယ်၊ ကုတ်ရင်းကနေ အဖူးပေါက်လာ၊ အနာဖြစ်လာနိုင်တယ်။ ကြာတော့ အရေပြားက ထူလာမယ်။ ခေါင်းကနေ ခြေထောက် နှင်းခူနာ ပေါက်နိုင်တယ်။

နှင်းကူနာအမျိုးအစားတွေ ခွဲထားတယ်။
၁။ Atopic dermatitis အများဆုံးအမျိုးအစားဖြစ်တယ်။ ယားမယ်၊ နာတာရှည်တယ်၊ အရေပြားရောင်နေမယ်။ ပေါ်လိုက် ပျောက်လိုက်နေမယ်။ မတည့်သာနဲ့ တွေ့ရင် ပြန်ဖြစ်တဲ့သဘောဘဲ။
၂။ Contact eczema မတည့်တာနဲ့ ထိတွေ့မှုကနေဖြစ်တဲ့ အမျိုးအစား၊
၃။ Seborrheic eczema အဆီပြန်နေတာမျိုး။
၎။ Nummular eczema အဝိုင်းပြားလေး သဏ္ဌာန်ရှိတယ်။
၅။ Neurodermatitis (simplex chronicus) အသက် ၂ဝ-၅ဝ ကြား အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ စိတ်ဖိအားနဲ့ပါ ဆက်စပ်တယ်။ အာရုံကြောနဲ့ ဆိုင်တယ်။
၆။ Stasis dermatitis ခြေထောက်မှာ အဖြစ်များတယ်။ သွေးလှည့်ပတ်မှုနဲ့ ဆိုင်တယ်။ သွေးပြန်ကြောထုံးသူတွေမှာ ဖြစ်တယ်။
၇။ Dyshidrotic eczema (Dyshidrotic dermatitis) လက်ဖဝါး၊ ခြေဖဝါးတွေမှာ အဖြစ်များတယ်။

Clobetasol cream လိမ်းဆေးကို ယားတာ၊ နီရဲနေတာ၊ ရောင်နေတာတွေကိုသက်သာစေတယ်။ Corticosteroid (ကော်တီကိုစတီရွိုက်) ဆေးပါတယ်။ အရေပြားမှာ ရောဂါပြီးစနစ်ကို နှိမ်ပေးတဲ့ဆေးမျိုးဖြစ်တယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မသုံးရပါ။ တခြား ဟာဗယ်ဆေးတွေနဲ့တွဲတာ မသင့်ပါ။ ဝက်သက်၊ တီဘီ၊ ရေကျောက်၊ ရှင်ဂဲလ်ခေါ် ရေယုံတမျိုး ရှိနေချိန်မှာလည်း မသင့်ပါ။ တပါတ်မှာ 50 grams ထက်မပိုရပါ။ မျက်စိထဲမဝင်စေရပါ။ Diaper rash ခေါ် ကလေးငယ်တွေ (ဒိုင်ယာပါ) အနှီးကနေဖြစ်နဲ့ အရေပြားအပူလောင်တာအတွက် မလိမ်းရပါ။ Corticosteroids ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေက ဆိုးတယ်။ အထူးသခြင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ။

၁။ Eczema နှင်းခူနာ http://doctortintswe.blogspot.com/2014/12/eczema.html
၂။ Vesicular Eczema နှင်းကူနာတမျိုး http://doctortintswe.blogspot.com/2015/05/vesicular-eczema.html
၃။ Melasma တင်းတိပ် http://doctortintswe.blogspot.com/2015/03/melasma.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Lactose Intolerance လက်တို့စ် နို့လက်မခံနိုင်တဲ့ ဝမ်းပျက်ရောဂါ


ကနေ့ မေးလာသူ ၂ ယောက်ရှိတယ်။ တယောက်က ဆရာရှင့်သမီးမှာအခက်တွေ့နေလို့ ကူညီပေးပါရှင့်။ သသားလေးက lactose နဲ့မတည့်တဲ့ကလေးပါ။ သမီးတို့ရန်ကုန်မှာ နို့မှုန့်ဝယ်ရတာခက်ခဲပါတယ် ။ lactose free နို့မှုန့်တွေရှားပါတယ်။ အခုနို့မှုန့်တမျိုးက lactose free လို့မရေးဘဲ နို့မှုန့်ထဲတွင် lactose မပါဝင်ပါ။ Gluten မပါဝင်ပါလို့ ရေးထားပါတယ်ရှင့်။ အဲလိုနို့မှုန့်မျိုးကို သားလေးကို တိုက်လို့ရပါသလားရှင့်။ ညွှန်ကြားပေးပါဦးဆရာ။ သမီးက အိမ်မှာဘဲနေတဲ့ လူတယောက်ပါ။ အပြင်ဗဟုသုတနည်းတဲ့သူပါ။ သမီးအရမ်းခက်ခဲလို့ပါ ကူညီပေးပါရှင့်။
အရင်ကလည်း မေးကြတယ်။
၁။ ဆရာရှင့် ၁ လခွဲသမီးလေးမှာ lactose intolerance ဖြစ်နေတယ်လို့ သိသိချင်း အမေနို့ ၂ ပတ်ဖြတ်ပြီး lactose intorelance နို့မှုန့်တိုက်နေရပါတယ်ရှင့်။ lactose intorelance နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလားဆရာ။ သမီးက ဆားလင်းကြီးမြို့နယ်ကပါဆရာ။
၂။ သမီးရဲ့ ဒုတိယမြောက်သားလေးက အသက် ၇ လခွဲရှိပါပြီရှင် လက်တို့စ်နဲ့မတည့်ဖြစ်နေပါတယ်ဆရာ။ ကလေး အသက် တလခွဲမှာတစ်ခါ အသက် ၄ လလောက်မှာတခါ အခု အသက် ၇လခွဲမှာ တစ်ခါ လက်တို့စ်နဲ့မတည့်တာ ပြန်ဖြစ်နေပါတယ် လက်တို့စ် မတည့်တာက အဲ့ဒီလို ခနခနဖြစ်တတ်ပါသလားရှင်။ အခုတစ်ခေါက် ဝမ်းစစ်တော့ color က greewish yellow သကြားဓာတ်က 1.5 ပါဆရာ။ ဆရာ ဒီလို ခဏခဏ မဖြစ်အောင် ဘာတွေကို ဆင်ခြင်ရမလဲရှင်။ ကလေးက G6PD ပါဆရာ။ လက်တို့နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်လေးတွေ ညွှန်ကြားပေးစေခြင်ပါတယ်ရှင်။

မိခင်နို့ရည်ထဲမှာ ပရိုတင်း 0.8% to 0.9%၊ အဆီ 4.5%၊ ကာဗွန်ဟိုက်ဒရိတ် 7.1% နဲ့ ဓါတ်ဆား 0.2% ပါတယ် ။ Carbohydrates ကာဗွန်ဟိုက်ဒရိတ် ထဲမှာ အဓိက Lactose လက်တို့်စ်သကြားဓါတ် 7 g/100 ml ပါတယ် ။ ဒါကြောင့် ချိုတယ် ။ တချို့ကလေးတွေနဲ့ လူကြီးတွေမှာ လက်တို့်စ်သကြားဓါတ်ကို ခံနိုင်ရည်မရှိကြပါ ။ Lactose intolerance ခေါ်တယ်။ Lactase deficiency လို့လဲခေါ်တယ်။ Lactase ခေါ်တဲ့ အူထဲက အင်ဇိုင်းမ်ကနေ လက်တို့စ်ကို အစာကျေချက်ဘို့ လုပ်ပေးတယ်။ ဒီအင်ဇိုင်းနည်းနေရင် နို့ကိုအစာမချက်နိုင်ဖြစ်မယ်။
သုံးမျိုးရှိတယ်။
(၁) Primary lactose intolerance အသက်ကြီးလာလို့ဖြစ်ခြင်း၊ လူဦးရေရဲ့ ၇ဝ% လောက်ရှိတယ်။ ကလေး အသက် ၂-၃ နှစ်ထက်စောသိလေ့မရှိပါ။
(၂) Secondary lactose intolerance နေမကောင်းရာကနေဖြစ်ခြင်း၊ အူသိမ်ကိုခွဲစိတ်ပြီးနောက်မှာဖြစ်ခြင်း Celiac disease, Gastroenteritis နဲ့ Crohn's disease အစာလမ်းရောဂါတွေကနေဖြစ်ခြင်း။ Lactose malabsorption အောက်ခံရောဂါကနေ ဆက်ဖြစ်တယ်။ Rotavirus ရိုတာဗိုင်းရပ်ပိုးဝင်ရာကနေဖြစ်နိုင်တယ်။ Giardiasis, cryptosporidiosis နဲ့ တခြား ပါရာဆိုက် ဝင်လို့ကနေလဲ ဖြစ်နိုင်တယ်။ ဒီလိုကလေးတွေကို ဖြစ်စေတာကိုရှောင်ပြီး၊ အဲဒီအခြေခံရောဂါကိုလဲ ကုသပေးရမယ်။
(၃) Congenital lactose intolerance မွေးရာပါဖြစ်ခြင်း။ ရှားပါးတယ်။ Neonatal Lactase Deficiency ဖွံ့ဖြိုးမှု အားနည်းချက်ကနေဖြစ်တာကတော့ အစာလမ်းကြောင်း ဖွံဖြိုးမှုမပြည့်စုံသေးလို့ကနေဖြစ်တယ်။ ကိုယ်ဝန် ၃၄ ပါတ် နောက်မှသာ ပြည့်စုံတယ်။ စောမွေးတဲ့ကလေးတွေမှာဖြစ်တယ်။
ရောဂါသေချာအောင် စစ်ဆေးမှုတွေလုပ်ရမယ်။

1. Lactose tolerance test
2. Hydrogen breath test
3. Stool acidity test
အဲလိုဖြစ်နေသူတွေမှာ နို့ပါတာစားသောက်ပြီးတာနဲ့ မိနစ် ၃ဝ အကြာမှာ စခံစားရမယ်။ ဝမ်းပျက်မယ်၊ ပျို့-အန်မယ်။ ရင်ပြည့်နေမယ်။ လေတက်မယ်။ တချို့သိပ်မဆိုးလှပေမဲ့ တချို့မှာဆိုးတယ်။ ဒီရောဂါရှိနေတဲ့ ကလေးမှာ ဗိုက်ဖေါင်းနေမယ် ။ ဗိုက်အောင့်မယ် ။
ပျောက်အောင်ကုလို့မရပါ။ နို့နဲ့ နို့ထွက်အစားအသောက်တွေရှောင်ပါ ။ လျှော့ပါ ။ အဲလို ရှောင်ရသူတွေမှာ ကယ်လ်စီယမ် နည်းမယ် ။ ဆေးသောက်ရမယ် ကယ်လ်စီယန်ပါအစားတွေရွေးစေားရမယ် ။ ဗီတာမင် (ဒီ) နည်းရင်လဲ ဖြည့်ရမယ် ။ Lactose-reduced or lactose-free products လက်တို့စ်နည်း-မပါ အစားအစာတွေ ရွေးသုံးပါ။ လက်တို့စ် မပါတာနဲ့ နည်းနည်းလေးသာ ပါတဲ့ ပြုပြင်ထားတဲ့ အစားအသောက်ပေးတာတွေကိုသာ ကျွေးတာ လုပ်နိုင်တယ် ။ Lactose-Free Formulas လက်တို့စ်မပါ နို့မှုံသာ တိုက်ပါ။
အရိုးကြီးထွားဘို့ မရှိမဖြစ်တဲ့ ကယ်လ်စီယမ် နည်းမှာကိုသတိထားရမယ်။ ဒါကြောင့် အဲလိုကလေးတွေကို ကယ်လစီယမ် ပါတဲ့တခြားအစာတွေနဲ့ ကယ်လ်စီယမ်ပေးရမယ်။ ကလေးအရွယ်လေးရလာချိန်မှာ ဆန်၊ ပဲပုပ်တွေကနေ လုပ်တဲ့နို့ ပေးနိုင်ပြီ။ Lactase enzyme tablets or drops ဆေးသုံးနိုင်တယ် ။ ဆေးသောက်ပြီး လက်တို့စ်ပါတဲ့ အစားအသောက်ကို အသင့်အတင့် စားသောက်နိုင်မယ် ။ မိခင်နို့၊ နွားနို့သာမက ဆိတ်နို့မှာလဲ လက်တို့စ် ပါတယ် ။
Lactulose လက်ကျူလို့စ်ဆိုတာ လူတွေကနေထုတ်လုပ်ထားတဲ့သကြားဓါတ် ဖြစ်တယ် ။ ဝမ်းပျော့စေအောင် ပေးတဲ့ဆေးအဖြစ် သုံးတယ် ။ Lactulose ထဲမှာ Lactose ပါတယ်။ Lactose intolerance ရှိနေသူတွေနဲ့ မသင့်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

အမျိုးသမီးများသည် လက်များသေးငယ်သောကြောင့် အမျိုးသားများထက် အထိအတွေ့ အာရုံခံစားမှု ပိုထက်မြက်သည် ဟုဆို


အမျိုးသမီးများသည် ပန်းထိုးရာတွင်လည်းကောင်း ၊ ခွဲစိတ်ကုသမှုပြုလုပ်ရာတွင် လည်းကောင်း ဆောင် ရွက်နိုင်မှု အရည်အသွေး၌ အမျိုးသားများထက် ပို၍ ထက်မြက်ခြင်းကြောင့် ဖြစ်ကြောင်း မကြာသေးခင် က လေ့လာချက်များအရ သိရသည် ။ ကနေဒါနိုင်ငံ အွန်တာရီယိုမြို့ရှိ မက်မာစတာတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာချက်များ ပြုလုပ်ခဲ့ရာတွင် အမျိုးသမီးများသည် လက်ချောင်းများ ပို၍သေးငယ်သောကြောင့် ယင်းကဲ့သို့ အာရုံခံစားမှု ပိုမို ထက်မြက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသမီးများသည် လက်ချောင်းများ သေးငယ်သောကြောင့် ချွေးကလင်းများ၏ သိပ်သည်းဆလည်း ပိုမိုမြင့်မားပြီး ချွေးပေါက်များတဝိုက် စုဝေးနေသော အထိအတွေ့ အာရုံခံ နေရာများ ပိုမို ထက်မြက်စေသည်ဟု ဆိုသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

အသားအရေ အထောက်အပံ့ဖြစ်အောင် ဘယ်လိုအိပ်မလဲ


(၁) ခေါင်းအုံးစွပ်ကို ပိုးထည်စ အသုံး ပြုပါ
ပိုးထည်စကြောင့် မျက်နှာအရေ ပြားကို တွန့်ခေါက်ခြင်း၊ ထစ်နေခြင်း မရှိဘဲ ချောမွေ့စွာရွေ့လျားစေသည်။

(၂) လက်အိတ်နှင့်ခြေစွပ်စွပ်ပါ
ညအိပ်ခါနီး အရေပြားအစိုဓါတ် ထိန်းဆေး (moisturizer) လိမ်းပါ က ခြေစွပ်၊ လက်အိတ်များစွပ်ပါ။ လိမ်းထားသမျှ အိပ်ရာခင်းနှင့် ကပ် ပါသွားခြင်းမရှိစေရန် ကာကွယ်ပါ။

(၃) ပက်လက်အိပ်ပါ
မှောက်အိပ်ခြင်းထက် ပက်လက် အိပ်ခြင်းက မျက်နှာအရေပြားကို ချောမွေ့စေသည်။ ပက်လက် အိပ်လျှင် သက်သက်သာသာရှိစေရန် ဒူးအောက်၌ခေါင်းအုံးငယ်တစ်ခုခံထားပါ။

(၄) အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ
ကုတင်၏ ခေါင်းရင်းကို အုတ်ခဲ ဖြစ်စေ၊ သစ်တုံးဖြစ်စေ ဆင့်၍အနည်း ငယ်မြှင့်ထားလျှင် မျက်လုံးအိမ်တွင် သွေးအိုင်၍ မျက်ခွံမို့ခြင်း၊ မျက် ရစ်ဖောင်းခြင်းမှ ကာကွယ်ပေးသည်။ ထို့ပြင်အသက်ရှူလမ်းကြောင်းပွင့် အောင် ကူညီပေးသောကြောင့်ဟောက် တတ်သူများအတွက် အထောက်အပံ့ ဖြစ်စေသည်။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ဗိုက်ရွဲခြင်းသည် အိပ်ချိန်နည်းလွန်းခြင်း၊ များလွန်းခြင်း ဆက်စပ်နေကြောင်း တွေ့ရ


ညစဉ် အိပ်ချိန် ငါးနာရီနှင့် ငါးနာရီအောက်သာ ရှိသော အသက် ၄၀ အောက် လူငယ်များတွင် အိပ်ချိန်ပြည့်ဝသူများထက် ဝမ်းဗိုက်အဆီ စုဆောင်းမှု ငါးနှစ်အတွင်း သိသိသာသာ များလာကြောင်း ကျန်းမာရေး သုတေသီများက တွေ့ရှိထားကြသည်။ ထို့ကြောင့် အိပ်ရေးမဝခြင်းသည် အဝလွန်၍ ဗိုက်ရွဲစေသည်ဟူသော သဘောတရားသည် မှန်ကန်ကြောင်း သက်သေဖြစ်စေခဲ့သည်။

သို့သော် တစ်ဖက်မှ လေ့လာချက် တစ်ရပ်မှလည်း အိပ်ချိန် ရှစ်နာရီအထက် ရှိသူများသည်လည်း ဤကဲ့သို့ အဝလွန်၍ ဗိုက်ရွဲစေကြောင်း သိရှိရပြန်သည် ။ ထို့ကြောင့် ဤသုတေသန ပြုလုပ်ချက်များ၏ ရလဒ် အနှစ်ချုပ်ကို တင်ပြလျှင် ဝမ်းဗိုက်အဆီတတ်ရန် အခွင့်အလမ်းအနေဖြင့် အိပ်ချိန် ငါးနာရီခန့်သာ ရှိသူများသည် ၃၂ ရာခိုင်နှုန်း၊ ခြောက်နာရီမှ ခုနှစ်နာရီရှိသူများသည် ၁၃ ရာခိုင်နှုန်း၊ ရှစ်နာရီ ရှိသူများသည်။ ၂၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ဤရလဒ် ကိန်းဂဏန်းများသည် အိပ်ချိန်ဟူသော အချက်တစ်ချက်တည်းအပေါ် မူတည်၍ တွက်ချက် ထားခြင်း ဖြစ်ပြီး အဝလွန်စေသော အခြားအရေးပါသော အချက်များဖြစ်သည့် အစားအသောက်ပမာဏ၊ အမျိုးအစား၊ ကိုယ်လက်လှုပ်ရှားမှု အနည်းအများ၊ ပညာတတ်မြောက်မှုနှင့် ဆေးလိပ်သောက်၊ မသောက် စသည့် အချက်များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည် ။

မည်သို့ပင် ဆိုစေကာမူ အိပ်ရေးပျက်လျှင် ကစီဓာတ်များအပေါ် ခုံမင်စေသော ဟော်မုန်းတစ်မျိုး ထွက်လာခြင်း၊ အစာစားနေစဉ်အတွင်း အစားအသောက်ကို တင်းတိမ်စေသော ဟော်မုန်း တစ်မျိုး အထွက် နောက်ကျခြင်း စသည့် အချက်များကြောင့် နေ့စဉ် အိပ်ချိန်နည်းခြင်းသည် အဝလွန်ခြင်းကို အားပေးသည်ဟုဆရာဝန်တစ်ဦးက ပြောကြားသည် ။

အိပ်ချိန်များလွန်းခြင်း၊ နည်းလွန်းခြင်းတို့သည် အဝလွန်ခြင်း၊ ဗိုက်ရွှဲခြင်းတို့အပေါ် တိုက်ရိုက် မဟုတ်သော် လည်း သွာ်ဝိုက်သော နည်းလမ်းများဖြင့် ဆက်နွယ်နေလေရာ တတ်နိုင်လျှင် အထက်ပါ ရလဒ်များအရ အိပ်ချိန် ခြောက်နာရီမှ ခုနှစ်နာရီကြားထားလျှင် အကောင်းဆုံးဖြစ်မည်ဟု ကျန်းမာရေး ပညာရှင်များ က ပြောဆိုကြသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

အိပ်ရေးပျက်လျှင် ဘာကြောင့်ဝလာသလဲ


အိပ်ရေးပျက်တဲ့အခါ တစ်နေ့ လုံးထိုင်းမှိုင်းစေရုံသာမက အဆီပို တွေလည်း စုလာတတ်ပါတယ် ။ အိပ်ရေးပျက်လျှင် အစားပိုစားတတ် ပြီး ကယ်လိုရီ ၃၅၀ဝ ဝင်တိုင်း တစ်ပေါင်တိုးလာလေ့ရှိပါတယ် ။ အိပ်ရေးပျက်တဲ့အခါ စွမ်းအင်ဆုံးရှုံးမှု မများစေဖို့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေ ကို နှေးပစ်လိုက်ပါတယ် ။ ထိုအခါ ကော်တီဆောဟော်မုန်း တွေထွက် လာပြီး ခံတွင်းကောင်းလာစေပါ တယ် ။ ဆာလောင်ခြင်းကို အချက်ပြ ပေးတဲ့ ဂရီလင်ဟော်မုန်းမြင့်တက်စေ ပြီး တင်းတိမ်မှုဖြစ်စေတဲ့ လက်ပ်တင် ဟော်မုန်း ကိုပါ လျော့ကျစေပါတယ် ။

ဟော်မုန်းတွေကမောက်ကမ ဖြစ် စေတာကြောင့် အထိန်းအချုပ်မဲ့ အစာစားစေပြီးအစားရပ်ဖို့လည်း သတိ လက်လွတ်ဖြစ်တတ်ပါတယ်။
နှစ်ခြိုက်စွာအိပ်မောကျတဲ့ REM အဆင့်မှာ ခန္ဓာကိုယ်အဆီ တွေချေဖျက်ပေးတာကြောင့် အအိပ် အနေနည်းလျှင်အဆီချေဖျက်မှု လျော့ လာတတ်ပါတယ် ။

တစ်နေ့အိပ်ချိန် ခုနစ်နာရီခွဲရှိ သင့်ပြီး မအိပ်ခင်အရောင်တောက်တောက် မျက်နှာပြင်များမှ ရှောင်ခြင်း ၊ ကော်ဖီရှောင်ခြင်း ၊ စာအုပ်ဖတ်ခြင်း ပြုလုပ်ခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော် နိုင်ရန် အကူအညီဖြစ်စေသည် ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မြန်မာ့ဆေးဖက်ဝင် ရဲယိုပင်


Item Name -------- Morinda (ရဲယို)
Category ----------- Raw Material
Botany Term ------- Morinda angustifolia Roxb
Species Family ----- Rubiaceae

မြန်မာ နိုင်ငံ အနှံ့ အပြား အထူးသဖြင့် အထက် မြန်မာ ပြည်နှင့် အောက်မြန်မာ ပြည် ဒေသများ၌ အများဆုံး ပေါက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ ပေါက်ရောက်သည်။ အပင် ငယ်မျိုး ဖြစ်သည်။ ပင်စည် ဖြောင့်တန်း၍ အခေါက်မှာ ချောမွေ့သည်။ အရွက်မှာ ထောင့်မှန် ရွက်ဆိုင်ဖြစ်သည်။ အစိမ်း ရင့်ရောင် ကြီးမား တောက်ပြောင်သော အရွက်များ ဖြစ်သည်။ ရွက်နား ညီသည် သိုႚမဟုတ် လှိုင်းတွန့် အနည်းငယ် ရှိသည်။ ပန်းခိုင်သည် အဖြူရောင် ပန်းပွင့်များ စုပြုံ၍ ထွက်သည်။ အသီးသည် ရှည်မျောမျော ပုံစံရှိပြီး ပြောင်ချောသည်။ အစေ့ များသည် ပျစ်ချွဲချွဲ ဖြစ်သည်။

♥ အပင်

ပင်လတ် မျိုး ဖြစ်၏။ အရောင် ပြောင်လက်၏။ အကိုင်း အခက် များစွာ ဖြာ၏။ ပင်စည်ပေါ် တွင် အညိုရောင် အစက် အပြောက် များရှိ၏။ အခေါက်ထူ ၍ ကြမ်းတမ်း၏။ အကိုင်း လေးထောင့်ပုံ ရှိပြီး နှစ်ထောင့်တွင် အမြှောင်း ပါသည်။

♥ အရွက်

ရွက်ဆိုင် အလှည့်ကျ ထွက်သည်။ အရွက် ကြီး၏။ အလျား ၁ ပေ ခန့် ရှည်၏။ ရွက်ရင်း သွယ်၍ ရွက်ထိပ် ချွန်သည်။ အရွက် အလယ်ပိုင်း ကျယ်သည်။ အရွက် ထက်အောက် မျက်နှာပြင် နှစ်ဖက်လုံး ပြောင်ချောသည်။ ရွက်ကြော ထင်ရှား၏။ ရွက်နား ချော၍ လှိုင်းတွန့် အနည်းငယ် ရှိသည်။ ရွက်ညှာ တိုတုတ်၏။ နှလုံး ပုံသဏ္ဌာန် ရွက်စွယ် နှစ်ခု ပါရှိ၏။ 


♥ အပွင့်

အလွန် သေးငယ်သော အဖြူရောင်ပွင့် ဖြစ်၏။ အနံ့ မွှေး၏။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်များ စုပြုံ၍ ထွက်သည်။ ပန်းခိုင်သည် အရွက်၏ အခြားတစ်ဖက် မှ ထွက်သည်။ ပွင့်ညှာ တိုသည်။

♥ အသီး

အချင်း ၂ လက်မ ခန့် ရှိ၏။ ရှည်မျောမျော ပုံ ဖြစ်သည်။ အသီးခွံ ပါး၍ ပြောင်ချော၏။ အသီး မျက်နှာပြင် ပေါ်ရှိ ဗဟုဂံပုံ အကွက် အလေးများတွင် ပန်းပွင့် အရာများ မျက်စိ သဖွယ် ကျန်နေသည်။

► အသုံးဝင်ပုံ

အရွက်၊ အသီး။

♥ အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ ရဲယိုရွက် သည်ခါး၏။ စဉ်းငယ် ပူ၏။ လေနှင့် ၀မ်းကို ရွှင်စေ တတ်၏။ သွေးကို တက်ကြွစေ၏။ ရဲယိုသီး သည်ပူစပ် သောအရသာ ရှိ၍ စဉ်းငယ် ချဉ်၏။ သွေး၊သည်းခြေ၊လေ၊သလိပ် တို့ကို နိုင်၏။ အစာ မကြေ၊လေနာ၊ သည်းခြေနာ တို့ကို နိုင်၏။

► အရွက်အသုံးပြုပုံ

၁။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ၀မ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်း၏။
၂။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်သည်။
၃။ ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊၀မ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။
၎။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေ၏။

► အသီးအသုံးပြုပုံ

၁။ ပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။
၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။
၃။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။

by မြန်မာ့ဆေးဖက်ဝင်အပင်များ

♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

ကျန်းမာရေးရာ မေးကမ္ဘာ


ကျနော်သိချင်တာလေးရှိလို့ပါခင်ဗျာ ။ ကျနော့်သွားတချောင်း ပိုးစားနေပါတယ် ။ ရှေ့ကစ ရီရင် ၅ ချောင်းမြောက်ပါ (သွားအကြီးစဖြစ်တဲ့ပထမဆုံးသွားပါ) ။
အာ့မှာ ဖြစ်တာပါ.အဲ့ဒါကိုကျနော် သွားစွပ် ဒါမဟုတ် စိုက် ပေါ့နော် တခုခုလုပ်ချင်လို့ပါ ။ အဲ့ဒါအပြင် သွားကို အချွန် စိုက်/စွပ် ချင်ပါတယ် အဲ့ဒါ ရမလား သိချင်လို့ပါ ။ (စိုက်/စွပ်) ဆိုတာက ဘယ်ဟာ အဆင်ပြေမလဲ မသိလို့ပါ ။ သွားဆေးခန်းသွားရမှပျင်းလို့တော့မဟုတ်ပါဘူးခင်ဗျ ။ နဲနဲဝေးတော့ နှစ်ခါ သုံးခါပြန်သွားရမှာစိုးလို့ပါ ။ဖြစ်တာက အပေါ်သွားပါ ပိုးစားပီး နဲနဲလဲတိုနေပါတယ်

#ဖြေ #ဒေါက်တာမင်းသန့်အောင် ( သွား-ဆရာဝန်) ဖြေကြားပေးသည် ။

သွားစိုက်တယ်ဆိုတာကတော့ နှုတ်ထားတဲ့နေရာကို အစားထိုးတာကိုခေါ်ပါတယ်။
သွားစွပ်တယ်ဆိုတာကတော့ မူလသွားကိုကုသပြီးနောက်ရေ ရှည်ခိုင်အောင် စွပ်ပေး ထားတာကိုခေါ်ပါတယ် ။ ပထမဆုံး စပေါက်တဲ့သွားဆိုရင်တော့ No 6 လို့ ခေါ်ပါတယ် ။
No 5 ဆိုရင်တော့ ဒုတိယ အံသွားလေးခေါ်တယ်ခင်ဗျ။

ပိုးစားမှု များနေရင်။အောက်ဆုံး pulp အလွှာထိရောက်နေရင် တော့ တန်းစွပ်လို့မရပါဘူး။RCT လို့ခေါ်တဲ့root canal therapy သွားအကြော သတ်ကုသခြင်းကြောင့် သွားအကြောငတ်မယ် ။
တိုနေတဲ့သွားကို ရှည်အောင်တိုင်စိုက် (Post ) ထည့်မယ် ။ ပြီးမှ စွပ်လို့ရမှာပါ ။ အချွန်ဆိုတာကတော့ သွားပုံနဲ့ တူညီတဲ့ အချွန်မျိုးပဲရမယ်ခင်ဗျ ။ လိုအပ်တာထက်ချွန်ရင်တော့ လျှာတို့ ပါးစောင်တို့ ကိုက်မိနိုင်ပါတယ် ။


Health Guide
https://www.facebook.com/healthguidemyanmar

မြန်မာ့ဆေးဖက်ဝင် တမာပင်


Item Name -------- Margosa or Nim tree (တမာပင်)
Category ----------- Raw Material
Botany Term ------- Azadirachta indica A Juss
Species Family ----- Meliaceae

မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။ အပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွှေးရွက်ပေါင်းဖြစ်၍ ရွက် မွှာများသည် ငါးစုံမှ ခြောက်စုံအထိ ရှိသည်။ လှံစွပ်ပုံအရွက်များ ရွက်ဆိုင်ထွက်သည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းအနားတစ်ဖက် သွယ်သည်။ အဖြူ ရောင် အပွင့်ငယ် လေးများ ပွင့်သည်။ တစ်စေ့ခွံသီးဖြစ်ပြီး လုံးဝိုင်း သည်။

အပင်

ပင်စည် ဖြောင့်သော အမြဲစိမ်း သစ်မာပင်မျိုး ဖြစ်၏ ။ အမြင့်ဆုံး ပေ ၅၀၀ ထိရှိတတ်သည်။

အခေါက်

မွဲပြာရောင်ရှိ၍ ကြမ်းသည်။

အရွက်

ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈-၁၅ လက်မ ရှည်သည်။ ရွက်မြွာများ မျက်နှာချင်းဆိုင်ထွက်သည်။ လှံစွပ်ပုံရှိသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်နား ခွေးသွားစိပ် ရှိ၏ ။

အပွင့်

အပွင့်ငယ်သည်။ ချိုမွှေးခါးသက်သော အနံ့ရှိ၍ ဖြူဝါ၀ါအရောင်ရှိ၏ ။ တပေါင်းလမှ ကဆုန်လအထိ ပွင့်၏ ။

အသီး

ရှည်မျောမျော ပုံဖြစ်သည်။ အစေ့ တစ်စေ့သာ ပါသည်။ အစေ့ အနီဖျော့ရောင်ရှိသည်။ အသီးအရောင်မှာ နုစဉ်စိမ်း၍ မှည့်လျှင် အ၀ါနုရောင်ရှိ၏ ။ ကဆုန် ၊ နယုန်တွင် သီးသည်။

► အသုံးဝင်ပုံ

အပွင့် ၊ အစေး ၊ အဆီ ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အခက်အရိုး။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ တမာသည် ခါးသော အရသာ ရှိ၏ ။ ကြေကျက်သောအခါ စပ်ဖျဉ်းဖျဉ်းရှိ၏ ။ အေး၏ ။ လေ ၊ သည်းခြေ သလိပ်တို့ကို ပယ်တတ်၏ ။

► အပွင့်အသုံးပြုပုံ

၁ ။ အပွင့်ကို ရှူရှိုက်လျှင် အမူးအမော် ပြေစေသည်။

► အစေး အသုံးပြုပုံ

၁ ။ တမာစေးကို အားဆေး ၊ အစာကြေဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုသည်။

► အဆီအသုံးပြုပုံ

၁ ။ အသီးဆီကို ယားယံသော အနာများ ပျောက်ကင်းရန် လည်းကောင်း ၊ သန်ချဆေးအဖြစ် လည်းကောင်း သုံးနိုင်သည်။

► အခေါက်အသုံးပြုပုံ

၁ ။ တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏ ။

► အရွက်အသုံးပြုပုံ

၁ ။ တမာရွက်ပြုတ်၍ ရေချိုးက အယားအယံ ပျောက်၏ ။
၂ ။ တမာရွက် ရည်ကို မျက်စိ ၌ ခတ်ပေး ခြင်းဖြင့် မျက်စိ ယားယံခြင်း ၊ ပူခြင်း၊ မျက်ရည် ပူကျခြင်း ပျောက်၏ ။
၃ ။ တမာရွက် ကို ကျွမ်းအောင် လှော် အမှုန့် ပြုပြီး ဆားအနည်းငယ် ထည့်၍ နေ့စဉ် သွားတိုက် ပေးသော် သွားကိုက် သွားနာ ရောဂါ ကင်းဝေး၍ သွားများကို ဖြူစင် ခိုင်မာ စေ၏။

► အသီးအသုံးပြုပုံ

၁ ။ တမာသီးကို နေ့စဉ် စားပေးလျှင် ဆီးရောဂါ ပျောက်ကင်း ၏ ။

► အခက်အရိုးအသုံးပြုပုံ

၁ ။ တမာ အရိုး တံကို သွားကြား ထိုးတံ အဖြစ် အသုံး ပြုခြင်းဖြင့် သွားရောဂါ ကင်းစင် စေသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ

Poor posture and Health အနေအထိုင်နဲ့ကျန်းမာရေး



၁။ ဆရာ မင်္ဂလာပါရှင့်။ သမီးကျောင်းသူပါ။ အသက်၂၈နှစ်။ အိမ်ထောင်မရှိပါဘူး။ လက်ပျဉ်ကြော ငုတ်တတ်တဲ့ အကြောင်းနဲ့ ဆက်စပ်ပြီး သိချင်လို့ပါ။ ကြမ်းပြင်ပေါ် နောက်ကျောအမှီမပါဘဲ တင်ပြင်ခွေထိုင်ရင်း ကွန်ပြူတာနဲ့ စာကြည့်တာ ဘယ်ဘက်ပုခုံး လက်ဖျံရိုးနဲ့ ကျောရိုး ကြားနေရာလေးက အကြောညပ်သလို ဖြစ်ပြီး မသက်သာလို့ပါ။ အရင်တုန်းကလည်း ဖြစ်ဖူးပါတယ်။ ကျောရိုးကိုဟိုဘက်လှည့်ဒီဘက်လှည့်ရင်းသက်သာသွားတတ်ပေမယ့် အခုတခေါက်က နည်းနည်းကြာနေလို့ပါ။ တပတ်လောက်ရှိပါပြီ နေမကောင်းချင်သလိုလည်း ခံစားရလို့ပါ။ ဘာဆေး သောက်ရင်ရမလဲရှင့်။ စာလုံးပေါင်းအမှားပါရင် ခွင့်လွှတ်ပါ။

၂။ သမီးတခုလောက်ထပ်မေးချင်ပါတယ်။ သမီးဘုရားရှိခိုးပြီးရင်ခြေထောက်တွေက ပြန်ထဖို့အတွက် ဒူးခေါင်းတွေက မထနိုင်ဘဲနာနေပါတယ် ပြီးတော့ ဆေးကုလည်းခဏပါဘဲ လူကြီးတွေအများဆုံးဖြစ်ပါတယ်။ သူတို့လည်း ကုပေမယ့် မရပါဘူး။ ဘယ်လိုကုရင်သက်သာနိုင်မလဲဆိုတာ သိချင်ပါတယ်ဆရာ။

လူဆိုတာ လျောင်း-ထိုင်-ရပ်-သွား ဣရိယာပုတ်လေးပါး မျှတနေဘို့လိုပါတယ်။ သူများနိုင်ငံတွေကိုသွားပြီး အလုပ်လုပ်ကြရသူတွေဟာ များသောအားဖြင့် အကြာကြီးဆက်တိုက် မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ ဒုက္ခကိုခံကြရတယ်။ အရောင်းဆိုင်တွေမှာ ဝယ်သူမလာချိန်မှာတောင် ထိုင်နေဘို့ရာ ထိုင်ခုံပေးမထားပါ ။ မြန်မာပြည်မှာ ဆေးလိပ်သမတွေက တချိန်လုံးထိုင်နေရတယ် ။ ခုခေတ်လူရွယ်တွေ ကွန်ပြူတာရှေ့မှာ အကြာကြီးထိုင် အလုပ်လုပ်ရတယ်။ ကိုယ်အနေအထား တခုခုမှာ မပြုပြင်ဘဲ အချိန်ကြာကြာနေရလေလေ ကျန်းမာရေးကို သက်ရောက် ထိခိုက်လေဖြစ်ပါမယ် ။

“သွေးလေမလျှောက်ဘူး” လို့ အရပ်ပြော ပြောလေ့ရှိတယ်။ မမှားပါ သွေးလှည့်ပတ်မှုကို သက်ရောက်မယ်။ အာရုံကြောကို ဖိထားသလိုနေလို့ ထုံတာကျင်တာဖြစ်မယ်။ သွေးပြန်ရည်စနစ်ကို ဖိထားခံရ လို့ ရောင်တာဖြစ်မယ် ။ ဖိထားခံရတဲ့ (တရှူး) တွေ ဒဏ်ခံရမယ်။ ဒါ့ပြင် စိတ်ဖိအားလဲ ဖြစ်စေနိုင်တယ်။
အသက်ကြီးသူတွေမှာ ပိုဆိုးတယ်။ ဆိုးဝါးတဲ့၊ အသက်ကိုပါရန်ရှာနိုင်တဲ့ သွေးကြောထဲ သွေးခဲဖြစ်ပြီး ပိတ်တာမျိုး ဖြစ်လာစေနိုင်တယ်။ ခါးနာ၊ ခါးရိုးဆစ်ထဲကအာရုံကြောအလုပ်နည်းတာ၊ အဆစ်နာ၊ ပခုံးလုံးဝန်းရောဂါ၊ ဗိုက်ပူတာတွေ ဆက်ဖြစ်နိုင်တယ်။ အဆစ်နဲ့ကြွက်သားတွေနာမယ်။ ခေါင်းကိုက်မယ်။ အနေအထား ဂရုမစိုက်နိုင်ရင် အဆစ်နာနေသူတွေကို ပိုဆိုးစေမယ်။ လူရုပ်ကို မလှစေဘူး ။

လူတွေကို ဘေးတိုက်ကြည့်လိုက်ရင် ကလေးငယ်ဘဝမှာ အင်္ဂလိပ်စာလုံး “အက်စ်” လိုရှိတာတွေ့ပါမယ်။ အသက်ရလာတာနဲ့ “အက်စ်” ကနေ “စီ” လိုဖြစ်လာတော့တယ်။ အကြံပေးချက်ရိုးရိုးလေးကတော့ “သင့်ကြွက်သားစကား နားထောင်ပါ” တဲ့။ နာလာ-ညောင်းလာရင် ကြွက်သားက ပြောလာလိမ့်မယ်။ ဘာလုပ်ပေးရမလဲဆိုတာကိုလဲ ရိုးရိုးလေး ပြောရရင် “ဖြစ်နေခဲ့တာကို ပြောင်းပြန်လုပ်လိုက်ပါ”။ ကုန်းနေရရင် ဆန့်လိုက်ပါ။ ထိုင်နေရရင် ရပ်လိုက်ပါ။

နားလို့ ထိုင်နေရတာမှာလဲ ဇိမ်ကျကျနေရတာ မကောင်းပါ။ ပြော့အိတဲ့မျက်နှာပြင်မှာ ကြာကြာမထိုင်သင့်ပါ။ ပက်လက် ကုလားထိုင်၊ စပရင်ကိုလားထိုင်၊ ကြိုးတပ်ကုတင်ပေါ်မှာ မှာလဲ ကြာကြာမထိုင်သင့်ပါ။ အိပ်တဲ့အခါ မွေ့ယာဆိုတာ ကိုယ့်ခါးနဲ့ အနေတော်သင့်တယ်။ ခေါင်းအုံးက ကိုယ်လည်ပင်းနဲ့ အနေတော်ရမယ်။ အသက်ရလေလေ မာကြောတဲ့ မျက်နှာပြင်နဲ့ သင့်လေလေဖြစ်တယ်။ မာလွန်း၊ ကြမ်းလွန်းတာလဲ မကောင်းပါ။

စမတ်ကျကျဆုံလည်ကုလားထိုင်မှာထိုင်ပြီး ကွန်ပြူတာရှေ့ အလုပ်လုပ်ရသူတွေမှာလဲ မျက်စိကိုထိခိုက်စေတယ်။ “မိနစ် ၂ဝ ကြာရင် ပေ ၂ဝ အကွာကို စက္ကန့် ၂ဝ ကြာကြည့်ပေးပါ။”
ဖိခံနေရတဲ့ တင်ပါးမှာ သွေးလျှောက်တာနည်းလို့ အနာပေါက်တာဖြစ်နိုင်တယ်။ ဗက်တီးရီးယးတွေက လူ့ကိုယ်မှာ အပြင်မှာရော အထဲမှာပါရှိနေတယ်။ သူတို့ကြိုက်တဲ့အခြေအနေဖြစ်လာရင် ပေါက်ပွါးများပြားလာတယ်။ ဒဏ်ခံနေရတဲ့ အရေပြားထဲကို ဝင်လာနိုင်တယ်။ အနာပေါက်မယ်။ တချို့က ပြည်တည်စေမယ်။ FIA ဂရင်ဂျီနာပေါက်နေသူတွေက ကရွတ်ခွေနဲ့သာ ထိုင်ကြရတယ်။

အမျိုးသမီးကျန်းမာရေးအတွက် သတ်သတ်မှတ်မှတ်ပြောလိုတာရှိပါတယ်။ အထိုင်များရင် စဉ်းစား ကြည့်ပါ။ လေဝင်တာ မရသလောက်နည်းမယ်။ အပူချိန်များမယ်။ ချွေးပိုထွက်မယ်။ ပူအိုက်စိုထိုင်းတာကို ဖန်းဂတ်စ် (မှို) တွေကကြိုက်တယ်။ ဒါကြောင့် မိန်းကလေး အပျိုစစ်စစ်တွေမှာ အဖြူဆင်းတာဖြစ်စေနိုင်တယ်။
ထိုင်နေရရင် ကိုယ်အလေးချိန်က ဘယ်နဲ့ညာပေါ်မှာ ညီနေသင့်တယ်။ ဒူးကိုကွေးရရင် ၉ဝ ဒီဂရီရှိတာက အကောင်းဆုံး ဖြစ်တယ်။ ခြေဖဝါးက ကြမ်းပြင်မျာ ပြားလိုက်ညီညီချထားသင့်တယ်။ အနေအထားတခုမှာ မိနစ် ၃ဝ ထက် မကြာသင့်ဘူး အသက်ကြီးသူတွေက ပိုပြီးအချိန်တိုမှာ ပြင်သင့်ကြတယ်။

ကားမောင်းရသူတွေ ထိုင်ရတာ အနေတော်ဖြစ်အောင် ဂရုစိုက်ပါ။ ခါးနောက်က တခုခု အဆင်ပြေတာရှာပါ။ ဒူးဟာ တင်ပါးနဲ့ တတန်းထဲ၊ ဒါမှမဟုတ် မြင့်နေသင့်တယ်။ စတီယာရင်နဲ့ ကိုယ်နဲ့ အနေတော် ဝေးနေစေပါ။ တခုခုကို မ,စရာရှိရင် ပေါင် ၃ဝ ထက်များတာ မကောင်းပါ။ မ,မခင် ကိုယ့်အောက်ပိုင်းက မြေပြင်-ကြမ်းပြင်မှာ ခိုင်ခိုင်မာမာ ရပ်ထားပါ။ မ,မဲ့အရာက ကိုယ့်ခါးအောက် ကဖြစ်နေတာက ပိုသက်သာတယ် ။ ခါးကို မတ်မတ်ထားပြီးမှသာ မ,ပါ။ စားပွဲပေါ်ကအရာကို မမယ်ဆိုရင် စားပွဲစွန်းကို အရင်ဆွဲယူပါ။ အောက်ချတော့မယ်ဆိုရင် ဗိုက်ကြွက်သားတွေတင်းထားပါ။ ခါးနဲ့ ဒူးကွေးထားပါ။ ကုလားထိုင်အမြင့်ဟာ ကိုယ့်အရပ်အမောင်းနဲ့ အနေတော်သင့်တယ်။ အလုပ်စားပွဲကလဲ အဲလိုဖြစ်သင့်တယ်။
ကျွန်တော် တောနယ်၊ မြို့နယ်တွေမှာ ခွဲစိတ်ခဲ့ရတာအားလုံးမှာ ခွဲစိတ်ကုတင်ရယ်လို့ အတင်အချလုပ်နိုင်တာမျိုးကို တခါမှ မသုံးနိုင်ခဲ့ပါ။ ကလေးလူနာ၊ လူကြီးလူနာ၊ ကိုယ်ဝန်ဆောင်ခွဲစိတ်ရတာ အမျိုးမျိုးကို အနိမ့်အမြင့် ညှိရတာမှာ အုတ်ခဲသာ သုံးးနိုင်တယ်။ ဒါလဲ အဆင်ပြေလှတာမဟုတ်လို့ ခါးနာရောဂါရခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

ကျောက်ဖရုံသီး ( Benincasa Cerifera ) ဂုဏ်သတ္တိ


များသောအားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ်ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ်အေး၏။ ၀ိပါက ချို၏ ။

အားကိုတိုးပွားစေ၏။ သုတ်ကို တိုးပွားစေ၏။ ကြေကျက်ခဲ၏။ မှည့်သော အသီးသည် ၀မ်းမီးကို တောက်စေ၏။ ကြေကျက်လွယ်၏။

ဆီးအိမ်ကို သုတ်သင်တက်၏။ သည်းခြေကို နိုင်၏။ အသုံးပြုပုံ - ကျောက်ဖရုံသီး၏ သတ္တုရည်ကို သွေးအန်သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကို တိုက်ကျွေးလျှင် ပျောက်ကင်းစေသည်။

ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် ရောဂါများ၌ အသီးသတ္တုရည် ၃ ကျပ်သားတွင် ရှိန်းခိုနှင့် ဂျုံပင်ပြာ ဆားအနည်းငယ် ရောထည့်၍ တိုက်ကျွေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အဆုတ်ရောဂါ၌ အားအင် ကုန်းခမ်းခြင်းတို့အတွက် အသီးကို ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ (ကုမ္ဘဏ္ဍချက်ဆေး) အဖြစ် အသုံးများကြသည်။

ကျောက်ဖရုံစေ့ ငါးမတ်သားကို ကြိတ်၍ နှမ်းဆီတို့နှင့် ဖျော်ပြီး တိုက်ကျွေးပြီးနောက် နူးညံ့သော ၀မ်းနှုတ်ဆေး တိုက်ကျွေးလျှင် သန်၊ တုတ် ပိုးမွှားကို ကျဆင်းစေသည်။

ကျောက်ဖရုံစေ့မှ အဆီထုတ်၍ တိုက်ကျွေးလျှင် သန်၊ တုတ်များကို ကျဆင်းစေပါသည်။ ကျောက်ကပ် ဖောရောင်ခြင်းနှင့် အသည်းရောင် အသားဝါ ရောဂါများ၌ အသီး၊ သတ္တုရည်ကို သကြား၊ ကလူးကို့စ် တို့နှင့် တိုက်ကျွေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

လှပသော အမျိုးသမီးများနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေး အတွက် ဆိုးရွားစေနိုင်


နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှု ရှိလွန်းသော အမျိုးသမီးများနှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီး ဖြစ်သည်။

ယခုအခါ သုတေသန အသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာ တွေ့ဆုံရုံနှင့် စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေကြောင်း သိရသည်။

“ငါ ဒီလိုလူစားမျိုးမဟုတ်ဘူး” ဟု တွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားလာကပ် ထိုင်သောအခါ၊ သို့မဟုတ် အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကို ရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည် ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချ ရသည့်အခါ ဖြစ်ပေါ်သောနှုန်းနှင့် ညီမျှသည်ဟု ဆိုသည်။ အဆိုပါအမျိုးသားတို့၏ ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍ မြင့်မားနိုင်သည်ဟု ပညာရှင်တို့က ဆို၏။

ယင်းသို့ ကော်တီဆောဟော်မုန်း မြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် နှလုံး ရောဂါကြောင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေသည်ဟု ဆိုသည်။

စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်မှ ပညာရှင်များသည် ၎င်းတို့၏ သုတေသနတွင် အမျိုးသား ၈၄ဦးကို ပါဝင်စေလျက် တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့် တွေ့ဆုံ ပြီးနောက် ကော် တီဆောဟော်မုန်း ပါဝင်မှုနှုန်းကို တိုင်းတာကာ တွက်ချက် သုတေသန ပြုခဲ့ကြခြင်း သိရသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

ကင်ဆာရောဂါ မဖြစ်ပွားစေရန် နည်းလမ်းများ


- ဘာစားစား ကြက်သွန်ဖြူထည့် စားပါ။ ကြက်သွန်ဖြူရဲ့ ဆာလဖာဒြပ် ပေါင်းများက ကင်ဆာကျိတ်ဖြစ်ပေါ် မှုကို ကာကွယ်ပေးပါတယ်။

- ဖရဲသီးတစ်လုံးဝယ်ထားပြီး မနက် တိုင်း တစ်စိတ်စီစားပေးပါ။ ဖရဲသီး မှာcarotenoid ရောင်ခြယ်ဓါတ်များ ပါဝင်တာကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။

- အသားကင်တဲ့အခါ ရှာလကာရည် (သို့) အချဉ်ရည် သုတ်လိမ်းပြီးမှကင် ပါ။ အသားနှင့်မီးတိုက်ရိုက်ထိတွေ့ ပြီး ကင်ဆာဖြစ်စေသည့် ဒြပ်ပေါင်း များဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်စေ ရန်နှင့် အရသာမပျက်စေရန် ရှာလ ကာရည် သုတ်လိမ်းသင့်ပါတယ်။

- ရေများများသောက်ပါ။ ရေများများ သောက်ခြင်းကြောင့် ဆီးအိမ်ထဲမှာ ဆီးကျဲစေပြီး ဝမ်းမှန်စေတာကြောင့် ဆီးအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာ များမှ ကာကွယ်ပေးပါတယ်။

- ဗိုက်တာမင်ပြည့်ဝတဲ့ အားဆေး သောက်သုံးခြင်းဟာလည်း ကိုယ်ခံ အားစနစ်ကောင်းမွန်စေပြီး ကင်ဆာ ဆဲလ်များကို တိုက်ထုတ်ပေးပါတယ်။

- အဖော်တစ်ဦးထက်ပိုပြီး လိင်ဆက် ဆံ မှုပြုတဲ့အခါ Human Papilloma Virus (HPV) ပိုးကူး တတ်ပါ တယ်။ HPV ဟာအမျိုးသမီး များမှာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတာ ကြောင့် လိင်ဆက်ဆံဖက်တစ်ဦး တည်းသာထားရှိခြင်း၊ အကာ အကွယ်အသုံးပြုခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

အယ်ဇိုင်းမား ရောဂါသည် လူငယ်များတွင်လည်း သတိပြုသင့်သည့်ရောဂါတစ်ခုဖြစ်


အယ်ဇိုင်းမားရောဂါမှာ သတိ မေ့သည့်ရောဂါ အမျိုးအစားဖြစ်ပြီး ယင်းရောဂါဖြစ်ပွားပါက မှတ်ဥာဏ် များ၊ တွေးခေါ်မှုများ၊ အပြုအမူများ ကို သတိမေ့လျော့သွားလေသည် ။ ယေဘုယျအားဖြင့် အယ်ဇိုင်းမား ရောဂါဟာ အသက်ကြီးသူတွေမှာ သာ ဖြစ်လေ့ရှိပြီး အသက်ကြီး လာ လေရောဂါဖြစ်နိုင်ချေ ပိုများလာလေ ဟု သိထားကြသည် ။ သို့သော် ယင်း အချက်မှာ ယခုအခါ မမှန်တော့ပေ ။

အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုသည် ငယ်ရွယ်သူများထံတွင်ပါ ဖြစ်ပွား လာကြောင်း တွေ့ရသည်။ အယ်ဇိုင်း မားရောဂါဖြစ်ပွားလျှင် ပထမဆုံး အနေဖြင့် မှတ်ဥာဏ်များနည်းလာပြီး မကြာခဏသတိမေ့လျော့ခြင်း၊ ကျိုး ကြောင်းသင့်လျော်စွာ ဝေဖန်ပိုင်းခြား နိုင်စွမ်း ကျလာခြင်းတို့ဖြစ်ပွားပြီး ရောဂါပိုဆိုးလာပါက ဘာသာစကား ပြောဆိုနိုင်စွမ်းမရှိတော့ခြင်း၊ မှတ် ဥာဏ်ဆုံးရှုံးမှုပိုမိုဆိုးဝါးလာခြင်း၊ မိ သားစုဝင်များ ၊ သူငယ်ချင်းများကို မေ့လျော့လာခြင်း၊ အဖြစ်အပျက် အသစ်များကို မှတ်သားနိုင်စွမ်းမရှိ တော့ဘဲ အဆုံးသတ်၌ မှတ်ဥာဏ် လုံးဝဆုံးရှုံးသွားခြင်း ဖြစ်နိုင်သည်။

အယ်ဇိုင်းမားရောဂါမှာ မိသားစုထဲ၌ ဖြစ်ဖူးသည့်ရာဇဝင်ရှိပါက မိမိ၌ အယ်ဇိုင်းမာရောဂါဖြစ်နိုင်ချေအဆမ တန်ပိုများလေသည် ။ အယ်ဇိုင်းမား ရောဂါအား စမ်းသပ်ရာ၌ စိတ် အခြေအနေအား စစ်ဆေးသည့် နည်းအပြင် အဆင့်မြင့်ဓာတ်မှန် နည်းပညာများအား အသုံးပြု၍ စစ်ဆေးနိုင်သည် ။ နောက်ဆုံးပေါ် နည်းပညာအချို့မှာ လူနာ၏ဗီဇကို စစ်ဆေးသည့်နည်း နှင့်သွေးထဲရှိ ဇီဝရုပ်ကြွင်း (biomarkers )ကို စစ်ဆေးသည့်နည်း တို့ဖြစ်သည် ။ အယ်ဇိုင်းမားရောဂါ မှာ စောစီးစွာ သိရှိပါက ထိရောက် သည့်ကုထုံးများ ဖြင့် ကုသထားလျှင် ရောဂါပျံ့ပွားမှု အား ကောင်းမွန်စွာ ထိန်းသိမ်းထား နိုင်လေသည်။

ထို့ကြောင့်မိမိသည် ငယ်သေးသော်လည်း အထက်ပါ လက္ခဏာများ ကြုံတွေ့လာရပါက အယ်ဇိုင်းမားရောဂါအား စောစီးစွာ စစ်ဆေးကုသမှုခံယူ ထားသင့်သည်။ သတိထားရန်မှာ အယ်ဇိုင်းမား ရောဂါသည် အသက်ကြီးသူများ တွင်သာ ဖြစ်ပွားသော ရောဂါမဟုတ် တော့ပါ။

အပိန်လေး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

Neuropathy အာရုံကြောအားနည်းခြင်း


မင်္ဂလာပါဆရာ။ သမီးမေမေက ခြေချောင်းလေးတွေ မကြာခဏ ကျင်သလိုထုံနေသလို ခံစားနေရပါတယ် ဆရာ။ ဆရာဝန်ညွန်းကြားတဲ့အတိုင်း အနာသက်သာဆေးနှင့် အာရုံကြောဆေး သောက်နေပါတယ်ဆရာ။ ဒါပေမဲ့ ခဏပဲသက်သာပြီး ပြန်ပြန်ဖြစ်ပါတယ်ဆရာ။ အနာသက်သာဆေးကိုလည်း ရေရှည်သောက်ရင် အစာအိမ်ထိခိုက်မှာလည်း စိုးရိမ်မိပါတယ်ဆရာ။ ကျေးဇူပြုပြီ။ သမီးဘာဆက်လုပ်သင့်လဲဆိုတာ အကြံပေးပါအုံးဆရာ။

ဖြစ်တဲ့သူအသက် မသိရပါ။ ဆီးချိုရှိ-မရှိ မသိရပါ။ ရာသီအခြေအနေ မသိရပါ။
ဟုတ်ကဲ့ဆရာ အသက် ၆ဝ ပါ ။ ဆီးချိုမရှိပါဘူးဆရာ။ ရာသီဥတုကြောင့်မဟုတ်ပါဘူးဆရာ။ လေဘက်နာလည်ဒ မရှိပါဘူးဆရာ။ ခဏပဲသက်သာပြီပြန်ပြန်ဖြစ်ပါတယ်ဆရာ။

အာရုံကြောအားနည်းခြင်းဆိုတာ အဖျားအနားအာရုံကြောတွေမှာဖြစ်တယ်။ အာရုံကြောစနစ်ကို ဗဟိုနဲ့ အဖျာပိုင်းလို့ ခွဲခြားလေ့လာရတယ် ။ ဗဟိုဆိုတာ ဦးနှောက်နဲ့ ခါရိုးမကြီးထဲက အာရုံကြောကြီးတွေ ကိုခေါ်တယ် ။ ဒါကြောင့် အာရုံကြော အားနည်းတဲ့ရောဂါကို Peripheral neuropathy လို့တိတိ ကျကျခေါ်တယ် ။ အာရုံကြောလေးတွေရဲ့ Nerve axons ဆိုတဲ့ နေရာမှာထိခိုက်လို့ဖြစ်ရတာက များတယ်။ အမေရိကားမှာ လူ သန်း ၂ဝ မှာခံစားနေရတယ် ။

အာရုံကြော ၂ မျိုးရှိတယ်။ Motor nerves တွေက ကြွက်သားတွေအလုပ်လုပ်စေအောင်ကူညီတယ်။ Sensory nerves တွေက နာတာ၊ ပူတာတွေကိုသိစေတယ်။ နောက်တမျိုးလဲရှိသေးပြန်တယ်။ Autonomic neuropathy ခေါ်တယ်။ ကိုယ်အတွင်းအင်္ဂါတွေမှာဖြစ်တယ်။ နှလုံး၊ သွေးကြော၊ ဆီးအိမ်၊ အူ၊ စတာတွေ။

• Mononeuropathy အာရုံကြောတခုတည်းမှာဖြစ်တာ၊ ဥပမာ Carpal tunnel syndrome, Ulnar nerve palsy, Radial nerve palsy နဲ့ Peroneal nerve palsy တွေဖြစ်တယ်။
• Multiple mononeuropathy အာရုံကြောတခုမကဖြစ်တယ်။
• Polyneuropathy အထွေထွေခြုံဖြစ်တယ်။ ဥပမာ Giabetic neuropathy ဆီးချိုနဲ့ Guillain-Barre syndrome ရောဂါတွေဖြစ်တယ်။

ခြေလက်တွေမှာ နာတာနဲ့ ထုံတာ၊ ကျင်တာနဲ့ ပူတာတွေကိုခံစားရမယ်။
• Diabetic neuropathy ဆီးချိုကနေဆက်ဖြစ်တာ ၃ဝ% ကဖြစ်တယ်။ ဆီးချိုရှိသူတဝက်မှာ ခံစားနေကြရတယ်။ (စာတပုဒ်ရေးထားပါတယ်။)
• Idiopathic neuropathy ဘာဖြစ်လဲမသိတာမျိုးလဲ ၃ဝ% မှာရှိတယ်။
• Nutrition အာဟာရ (ဗီတာမင် ဘီ) လိုလို့လဲဖြစ်တယ်။
• ထိထားခံရလို့နဲ့ ထိခိုက်ဒဏ်ရာရလို့လဲ ဖြစ်တယ်။
• Alcoholism အရက်စွဲသောက်သူတွေ၊
• Lupus, Rheumatoid arthritis, Guillain-Barre syndrome (အော်တိုအင်မြူး) ရောဂါတွေ၊
• Tumors ကင်ဆာအကျိတ်၊ kidney disease, Liver disease, Lyme disease, HIV/AIDS, Hypothyroidism ရောဂါတွေ၊
• Charcot-Marie-Tooth disease နဲ့ Amyloid polyneuropathy တွေက မွေးရာပါ မျိုးရိုးအရဖြစ်တယ်။
• Heavy metals အဆိပ်သင့်တာ၊
• Cancer treatments ကင်ဆာဆေးတွေကနေ ဖြစ်နိုင်တယ်။

ဖြစ်စေတဲ့အကြောင်းခံကို ကုသပေးရတယ်။ ဒါ့အပြင် ဆေးနည်းတွေရှိပါတယ်။
• Tricyclics နဲ့ SNRI's စိတ်မကျဆေးတွေကလဲ အသုံးကျတယ်။
• Anticonvulsants အတက်သက်သာဆေးတွေကိုလဲ သုံးတယ်။
• Opioid narcotic treatments ဘိန်းကနေထုတ်တဲ့ဆေးလဲ ပေးတာရှိတယ်။
• Post-herpes neuralgia ရေယုံဖြစ်ပြီးနောက် နာနေတာမျိုးကို Lidocaine ထုံဆေးလိမ်းစေတယ်။ Capsaicin ငရုပ်ပွ ပလာစတာကိုလဲ ကပ်ေးနိုင်တယ်။

အစဉ်အလာမဟုတ်တဲ့ ကုသနည်းတွေကတော့
• Cannabinoids ဆေးခြောက်တမျိုး၊
• Botox (ဘိုတောက်) ထိုးဆေး၊
• Ketamine မေ့ဆေးတမျိုး၊
• Alpha lipoic နဲ့ Benfotiamine အားဆေး၊
• Chiropractic massages နှိပ်ခြင်း၊
• Yoga ယောဂ၊
• Meditation တရားထိုင်နည်း၊
• Cognitive therapy စိတ်ကုသနည်းနဲ့
• Acupuncture အပ်စိုက်ကုသနည်းတွေ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Chickenpox ရေကျောက်


၁၇-၁-၂ဝ၁၇ = ဆရာ ကျွန်မသမီးက ၂ နှစ် ၈ လပါ။ ရေကျောက်ပေါက်တာ ၅ ရက် လောက်ရှိပါပြီ။ ကလေးအထူးကု ဆရာဝန်ကတော့ Acylex သောက်ဆေးနဲ့ Acyclovir လိမ်းဆေးပေးပါတယ် တကိုယ်လုံးတော့ ပေါက်နေပါပြီ ။ အရည်ကြည် ပေါက်တဲ့နေရာက ခြောက်ပြီးကွာလို့ ချိုင့်ခွက်တွေ ဖြစ်နေပါတယ် ။ အမာရွတ် ကျန်ခဲ့နိုင်ပါသလားဆရာ။ အမာရွတ် မကျန်အောင် ချိုင့်ခွက်နေရာကို ဘာဆေးလိမ်းပေးရမလဲ သိချင်ပါတယ် ။

၂၆-၅-၂ဝ၁၆ = ကျွန်မသားလေး ၅ လရှိပါပြီ။ မနေ့က အနီစက်ကလေးတွေဖြစ်နေလို့ ကလေးအထူးကုနဲ့ပြတာ ရေကျောက်ပေါက်တယ်ပြောပါတာယ်ရှင့်။ ပိုးသတိဆေးနဲ့ ချောင်းနည်းနည်းဆိုးနေလို့ ချောင်းဆိုးပျောက်ဆေးပေးပါတယ်။ အခုပိုးသတ်ဆေး တိုက်တာ ၅ ကြိမ်ရှိပါပြီ ၆ နာရီခြားတိုက်ပါတယ်။ သားလေးက ညနေ ၄ နာရီလောက်တည်းက ဆီးမသွားတာ အခု ၈ နာရီကြာနေပါပြီ။ အဖျားမရှိ မအန်ဝမ်းမသွားပါရှင့်။ စိတ်အရမ်းပူနေလို့ပြန်လည်ဖြေကြားပေးပါရန် အနူးအညွတ် တောင်းပန်ပါတာယ်ွှရှင့်။ နို့လည်းစို့ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

၃-၅-၂ဝ၁၆ = မင်္ဂလာပါဆရာ။ ကျွန်မတူ အသက် ၂၃ နှစ်ရေကျောက်ပေါက်နေလို့ပါရှင့်။ တော်တော်များပါတယ်။ မျက်နှာမှာပါ။ အရည်ကြည်ဖုအလုံးကြီးတွေ ထွက်ပါတယ်ဆရာ။ စိုးရိမ်ရလားမသိလို့ပါရှင့်။ ရေကျောက်မဟုတ်ပဲ တစ်ခြားရောဂါဖြစ်မှာလည်း ကြောက်လို့ပါရှင့်။ ဆေးခန်းလည်းပြထားပါတယ်ဆရာ။ ဆရာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေရှင့်။

၁၂-၃-၂ဝ၁၆ = Chicken pox တွေ အခုတလော တော်တော်ဖြစ်နေတယ်ဆရာ။ ကျွန်တော်တို့နယ်ဘက်မှာ ကလေးရော လူကြီးရောပဲ။ Chicken pox ကို ရေကျောက်လို့ခေါ်တယ်လို့ သိရပါတယ်ဆရာ။ ပဲသီတာ (ပဲဒီတာ) လို့ အပြင်မှာ ခေါ်နေကြတာနဲ့ အတူတူပဲလားဆရာ။ သိချင်လို့ပါ။

Chicken pox = ရေကျောက်။ Measles = ဝက်သက်။ Small pox = ကျောက်ကြီး။

ရေကျောက်ကို စတွေ့ခဲ့သူဟာ ပါရှားဆရာဝန်တဦး ဖြစ်တယ်။ ကလေးတွေမှာ အဖြစ်များပြီး တခြားဆင်တူတဲ့ ကူးစက်ရောဂါ ကျောက်ကြီး၊ ဝက်သက်တွေနဲ့ အသေအချာခွဲပြောခဲ့သူဖြစ်တယ်။ အသက် ၁၂ နှစ်အောက် ကလေးတွေမှာ အများဆုံးဖြစ်တယ်။ အလွန်ယားယုံတဲ့ အဖုလေးတွေကြောင့် အနေရခက်တယ်။ တုပ်ကွေးလိုနဲ့စတယ်။ ဆေးမကုလဲ ပျောက်မှာပါ။

Varicella-zoster ခေါ်တဲ့ (ဗိုင်းရပ်စ်) ကနေဖြစ်စေတယ်။ ကာကွယ်ဆေးရှိတယ်။ တနှစ်နဲ့ တနှစ်ခွဲကြား ကလေးတွေကို ထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါ ထပ်ထိုးသင့်တယ်။ ကြီးတဲ့ကလေးတွေ ရေကျောက် မပေါက်ဘူးသေးရင်လဲ ကာကွယ်ဆေးထိုးသင့်တယ်။ တလခြား ၂ ခါထိုးပါ။

လေကနေတဆင့် ကူးစက်တယ်။ ချောင်းဆိုး-နှာချေရာကနေကူးတယ်။ အသားအရေချင်း ထိကပ်လို့လဲ ကူးနိုင်တယ်။
ပိုးဝင်ခံရပြီးနောက် ၁ဝ-၂ဝ ရက်နေမှ ရောဂါပေါ်တယ်။ အရင်ဆုံး ကိုယ်ပူမယ်။ ဗိုက်အောင့်မယ်။ လည်ချောင်းနာမယ်။ ခေါင်းကိုက်မယ်။ မအီမသာ ဖြစ်တယ်။ အသားတွေ နာမယ်။ ပျို့-အန်ချင်မယ်။ အစားပျက်မယ်။ Vesicular skin rash နီတဲ့၊ ယားတဲ့ အစက်အပျောက်လေးတွေ ဗိုက်-ကျောနဲ့ မျက်နှာမှာ စပေါ်မယ်။ နောက်တော့ တကိုယ်လုံး။ ခေါင်း၊ ပါးစပ်၊ နာရွက် နဲ့ လိင်အင်္ဂါတွေလဲ ပါမယ်။ သိသာမြင်သာတဲ့ အနီပြင်တွေဟာ ၄-၇ ရက်ကြာတယ်။ အရည်ကြည်ဖုလေးတွေက ၅ ရက်ဆို ပျောက်သွားမယ်။ အနီစက်ထွက်ပြီး ၄ ရက်အတွင်မှာ ကူးစက်တာ များတယ်။

ဖြစ်နေတဲ့ ကလေးကို -
- အစာမစားခင် လက်တွေကို အသေအခြာ ဆေးခိုင်းပါ။ မကြာမကြာဆေးတာ ပိုကောင်းတယ်။
- အနေရခက်တာတွေ သက်သာစေအောင် ရေအေးဝတ် ကပ်ပေးနိုင်တယ်။
- ရေနွေးချိုးပေးနိုင်တယ်။ တချို့က ၄ နာရီခြား ရေချိုးပေးတယ်။
- အယားသက်သာအောင် Oatmeal bath products ဆိုတာသုံးနိုင်တယ်။
- ယားတာကို မကုပ်ဘဲ ပွတ်သပ်ပေးပါ။
- Calamine lotion သုံးတာကောင်းတယ်။ မျက်စိထဲမဝင်စေနဲ့။
- Zinc oxide ပါတဲ့ဆေးလိမ်းတာလဲ သက်သာတယ်။
- Hydrocortisone cream တွေလိမ်းရင်လဲ ယားတာ သက်သာစေတယ်။
- Antihistamine (Cetrizine) အယားသက်သာဆေးလဲ သုံးနိုင်တယ်။
- Chlorine bleach (Sodium hypochlorite) ချွတ်ဆေးနဲ့ ဆေးကြောရင် ပိုးတွေသေစေတယ်။
- Acetaminophen/Paracetamol ပါရာစီတမော ပေးနိုင်တယ်။ Aspirin နဲ့ Ibuprofen တွေကို မသုံးပါနဲ့။

များသောအားဖြင့် မဆိုးပါ။ ကိုယ်ခံအားနည်းနေသူ၊ အာဟာရနည်းသူတွေဆိုရင် နောက်ဆက်တွဲ ဗက်တီးရီးယားပိုးဝင်လို့ ဆိုးတာတွေ ဆက်ဖြစ်နိုင်တယ်။ အသက်ကြီးသူဖြစ်ရင် ပိုဆိုးတယ်။ ယောက်ျားတွေမှာ ပိုဆိုးတယ်။ လူကြီး ၅ ယောက်မယ် တယောက်လောက်က Shingles ဆိုတဲ့ရောဂါ ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးနဲ့ ကုပေးရတယ်။ Shingles (ရှင်ဂဲလ်စ်) ဆိုတာ Herpes zoster ရေယုံတမျိုးကိုပြောတာဖြစ်တယ်။ ရေကျောက် ဗိုင်းရပ်စ်က ရောဂါ ပျောက်သွားပေမဲ့ အထဲကအာရုံကြော (တစ်ရှူး) တွေမှာ ကျန်နေရာကနေ ဖြစ်စေတယ်။ Shingles vaccine ကာကွယ်ဆေးကို အသက် ၅ဝ ကျော်သူတွေကို ပေးနိုင်တယ်။

ကင်ဆာ၊ HIV တွေမှာ ပိုဖြစ်တယ်။ စိတ်ဖိအားများသူတွေလဲ နောက်ဆက်တွဲရောဂါတွေ ရစေနိုင်တယ်။ နူမိုးနီးယား၊ အသည်းရောင်နဲ့ ဦးနှောက်ရောင်ဖြစ်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ တခြားသိပ်မဆိုးတဲ့ ဆက်တွဲရောဂါတွေကတော့ Impetigo, Cellulitis, Erysipelas အရေပြားအနာတွေဖြစ်တယ်။ နှလုံးရောင်၊ အသည်းရောင်နဲ့ ကျောက်ကပ်ရောင်တွေက ရှားတယ်။ ခုခံအားနည်းသူတွေမှာ သွေးယိုတာတွေ ဖြစ်လာနိုင်တယ်။ ဗိုင်းရပ်စ်ဆေးကို နှင်းခူနာ၊ နေလောင်နာ၊ ပန်းနာရှိနေသူတွေအတွက် သုံးနိုင်တယ်။

ကိုယ်ဝန်ဆောင်တုံးဖြစ်ရင် ၁ဝ% မှာ နူမိုးနီးယားဖြစ်စေမယ်။ ကိုယ်ဝန်ဆောင်နေသူတွေ ရေကျောက်ဖြစ်နေတဲ့ ကလေးနဲ့ ဝေးဝေးနေပါ။ အထူးသဖြင့် ကိုယ်ဝန် ၂ဝ-၂၈ ပါတ်။ အထဲက ကလေးအတွက် သတိထားဘို့လိုတယ်။ ကိုယ်ဝန်ဆောင်ဟာ အရင်ကကျောက်ပေါက်ဘူးထားရင် အထဲကကလေးအတွက်ပါ ရောဂါပြီးစေမယ်။ မွေးမဲ့ကလေးအတွက် တသက်လုံးတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ကလေးအသက် တနှစ်နေရင် ကာကွယ်ဆေး ထိုးပေးသင့်တယ်။ ကာကွယ်ဆေးက ၇ဝ-၈၅-၉၅% ထိရောက်တယ်။

ရေကျောက်ပေါက်တဲ့ ကလေးတိုင်းကို ပိုးသေဆေးတွေပေးဘို့မလိုပါ။ ဗက်တီးရီးယားဝင်မှ လိုတယ်။ ဗိုင်းရပ်စ်ဆေး Acyclovir Acyclovir or Valacyclovir ပေးတယ်။ Sorivudine ဆေးလဲ ရှိတယ်။နောက်ဆက်တွဲ ရောဂါတွေကနေ သက်သာစေဘို့ ဖြစ်တယ်။ အနီစက်တွေပေါ်ပြီး ၂၄ နာရီအတွင်းမှာ ပေးတာကောင်းတယ်။

အနီစက်တွေမထွက်ခင် ၂ ရက်ကစပြီး အနီပြင်တွေညိုမဲရာကနေ ပျောက်တဲ့အထိ သူများတွေကိုကူးစက်နိုင်တယ်။ တခြား ကလေးတွေအတွက် ဖြစ်တဲ့ကလေးကို အပြင်ကိုမထွက်စေတာ၊ ကျောင်းတပါတ်လောက် မသွားစေတာ ကောင်းတယ်။ Chicken pox parties ရောဂါရှိတဲ့ကလေးနဲ့ စုဝေးတာကိုခေါ်ပါတယ်။

Chickenpox Vaccines ရေကျောက်ကာကွယ်ဆေး ၂ မျိုးရှိတယ်။
၁။ Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး
• တခါမှမထိုးဘူးသေးတဲ့ကလေး၊ ပဌမ = ၁၂-၁၅ လ၊ ဒုတိယ = ၄-၆ နှစ်။ (ပဌမအကြိမ်နောက် ၃ လနေရင်လဲ စောထိုးနိုင်တယ်။)
• ၁၃ နှစ်အထက်ကလေး၊ ပဌမ၊ ဒုတိယ = နောက် ၂၈ ရက် (တလ) အကြာ။

MMRV ကာကွယ်ဆေးထဲမှာ Measles ဝက်သက် + Mumps ပသိရောင်ရောဂါ + Rubella ရူဘဲလား (ဂျာမန်ဝက်သက်) + Varicella (Chickenpox) ရေကျောက် ကာကွယ်ဆေး ၄ မျိုးပါတယ်။

- Shingles (ရှင်းဂဲလ်) http://doctortintswe.blogspot.com/2014/11/shingles.html
- Herpes Simplex ရိုးရိုး ရေယုံ http://doctortintswe.blogspot.com/2015/03/herpes-simplex.html
- Genital Herpes လိင်လမ်း ရေယုံ http://doctortintswe.blogspot.com/2014/11/genital-herpes.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မြန်မာ့ဆေးဖက်ဝင် ဗောဓိညောင်ပင်


Item Name --------- Sacred Fig (ဗောဓိညောင်ပင်)
Category ------------ Raw Material
Botany Term -------- Ficus religiosa Linn
Species Family ----- Moraceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မျိုးစေ့ ၊ ပျံ့လွင့်ကျရောက်ရာ ဒေသတိုင်း၌ သဘာဝ အလျောက် ပေါက်ရောက်သည်။

♥ အပင်

အပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်ထိရှိသည်။ အခေါက် ညို၍ ပြောင်ချောသည်။ ကိုင်းများစွာ ဖြာပြီး အရွက်များ ဝေဆာစွာဖြင့် တွေ့ရ၏ ။ များသောအားဖြင့် အကိုင်းများမှ အမြစ်များ ထွက်ပေါက်လေ့ရှိ၏ ။ အပင်မှ ဖြူ၍ နို့ကဲ့သို့ ပျစ်ချွဲသော အစေးများ ထွက်၏ ။

♥ အရွက်

ရွက်လွှဲထွက်သည်။ နှလုံးပုံ ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက် ကြော ၈ စုံ ခန့်ရှိ၍ ထင်ရှားသည်။ ရွက်ညှာ ၃-၄ လက်မ ရှည်သည်။ သေးသွယ်သည်။ ရွက်စွယ်သေးငယ်၍ ဘဲဥပုံရှိပြီး ထိပ်ချွန်သည်။


♥ အပွင့်

အဖိုပွင့် ၊ အမပွင့် သီးခြားရှိသည်။ တန်ခူး ၊ ကဆုန်တွင်ပွင့်သည်။

♥ အသီး

လုံးဝိုင်းသည်။ ရွက်ရင်းမှ ကပ်သီးသည်။ အစိမ်းရောင်ရှိသည်။ သဖန်းသီးကဲ့သို့ဖြစ်ပြီး အတွင်း၌ အပွင်းလေးများ ရှိသည်။ ကဆုန် ၊ နယုန်တွင် သီးသည်။

► အသုံးဝင်ပုံ

အခေါက် ၊ အမြစ် ၊ အသီး ၊ အရွက် ၊ အစေး။

♥ အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာ ရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏ ။ ကြေ ခဲ၍ ခြောက်ကပ်၏ ။ ကိုယ်သားကိုယ်ရေ အရောင်အဆင်း ကို တောက်ပစေ၏ ။ သားအိမ်ကို သန့်ရှင်းစေ၏ ။ သည်းခြေ သလိပ်ကို နိုင်၏ ။ အပူ ၊ အနာပေါက် ၊ ပန်းနာ ၊ နူနာ ၊ ပလိပ် ၊ ဂရင်ဂျီနာ တို့ကို ပျောက်ကင်းစေ၏ ။ အသီးမှည့်သည် အေး၏ ။ နှလုံးကို အကျိုးပြု၏ ။ သွေးရောဂါ ၊ အဆိပ်အပူ သည်းခြေကြောင့်ဖြစ်သောရောဂါ၊ အန်ခြင်း ၊ မြစ်ခြောက်နာ ၊ နှုတ်မမြိန်ရောဂါများကို ပျောက်စေ၏ ။ အရွက်သည် သွေးကို စင်ကြယ် စေ၏ ။ အခေါက်သည် ချုပ်၏ ။ ၀ဖြိုးစေ၏ ။ အစေးသည် သွားနှင့် သွားဖုံးနာကျင် ကိုက်ခဲခြင်းကို ပျောက်စေ၏ ။

► အခေါက်အသုံးပြုပုံ

၁။ အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏ ။
၂။ အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။
၃။ အနာဟောင်း ၊ အနာပျက်တို့၌ အခေါက်နုကို ပြာချ၍ ၎င်းပြာကို အ၀တ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏ ။
၎။ အတွင်းသားခေါက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ဂရင်ဂျီနာ ပေါ်သို့ ပြွန်ချောင်း ဖြင့် မှုတ်ထည့်ပေးသော် ရက်အနည်းငယ်အတွင်း အသားနုတက်၍ အနာကျက်လာ၏ ။
၅။ ဗောဓိညောင်အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏ ။ 
၆။ ညောင်ခေါက်ကို ပြာချ၍ ကာလသားရောဂါ ကြောင့်ဖြစ်သော လိင်နိမိတ်နာပေါ်၌ ဖြူးပေးသော် အနာများခြောက်၍ ပျောက်သွားမည်။
၇။ ညောင်ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏ ။

► အသီးအသုံးပြုပုံ

၁။ အသီးခြောကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏ ။

► အရွက်အသုံးပြုပုံ 

၁။ ယင်းအရွက်ကြိတ်ညှစ်ရည်နှင့် အစေးကို ခြေကွဲနာ ပေါ်၌ လိမ်းပေးသော် ပျောက်၏ ။
၂။ အရွက်ကို ပေါင်ရင်းသွေးစုနာ ၊ သွေးလျှံသွေးကျနာ ၊ လျှာပါးစပ်ကွဲရောဂါတို့၌ သုံး၏ ။
၃။ အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။

► အစေးအသုံးပြုပုံ

၁။ ညောင်စေးကို မီးယပ်ရောဂါ၌ သုံး၏ ။

► အမြစ်အသုံးပြုပုံ

၁။ဗောဓိညောင်မြစ်ကို သွေး၍နူနာနှင့် အခြားအနာပေါက်တို့ကို လိမ်းပေးက ပျောက်၏ ။
၂။ အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏ ။ ချွဲကို လည်း ကျစေသည်။
၃။ အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

မြန်မာ့ဆေးဖက်ဝင် ပြည်ပန်းညိုပင်


Item Name --------- Cassia glauca Lam (ပြည်ပန်းညို)
Category ------------ Raw Material
Botany Term ------- Cassia glauca Lam
Species Family ----- Leguminosae, Caesalpiniaceae

မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် ပေါက် ရောက်သည်။

အပင်

အပင်ငယ် မျိုး ဖြစ်သည်။ အမြင့် ၁၀ ပေ ကျော် ထိ ရှိ၏။ အကိုင်း အခက် များ၍ တောက်ပြောင် သော အရောင် ရှိသည်။

အရွက်

ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ၅ လက်မ ၉ လက်မ ထိ ရှည်သည်။ရွက်မြွှာ များ ရွက်ဆိုင် ထွက်ပြီး ထိပ်ဝိုင်းသည်။ ရွက်ပြား ချော၍ ရွက်နား ညီသည်။ သေးငယ် သော ရွက်စွယ် ပါရှိသည်။

အပွင့်

အပွင့်ကြီးသည်။ တောက်ပသော အ၀ါရောင် ရှိသည်။ ၀ါဆို၊ ၀ါခေါင်လ တွင် ပွင့်သည်။

အသီး

သီးတောင့် ရှည်မျိုး ဖြစ်၍ ၆ လက်မ ၈ လက်မ ထိ ရှည်သည်။ ပြား၍ ပါးလှပ်ပြီး ပြောင်ချော သည်။ အစေ့ ၂၀ မှ ၃၀ ထိ ပါရှိသည်။ အသီးညှာ ထင်ရှား သည်။ တော်သလင်း မှ တန်ဆောင်မုန်း လ အတွင်း သီးသည်။

► အသုံးဝင်ပုံ

အရွက်

အာနိသင်

မြန်မာ ဆေးကျမ်း များ အလို အရ ပြည်ပန်းညို သည် အေး၏။ အရသာ ဖန်ခါး၏။ ဆီးကို များစေ၍ ညောင်းကျ ရောဂါကို ပျောက်ကင်း စေနိုင်သည်။

► အရွက်အသုံးပြုပုံ

၁။ အရွက် ကြိတ်ညှစ်ရည် ကို နို့ရည် သကြားတို့နှင့် သောက်လျှင် ဆီးအောင့် ရောဂါ နှင့် ညောင်းကျ ရောဂါ ပျောက်စေ၏။
၂။ ပြုတ်၍ ပုစွန်ခြောက် ဖြင့် သုပ်စားက လေထိုး လေအောင့် ရောဂါ၊ လေလုံး ရောဂါ၊ အဖျား ရောဂါ ၊ဆီးချို ရောဂါ၊ ညောင်းကျ ရောဂါ ပျောက်၏။
၃။အမှုန့် ပြု၍ စားပါက လေရောဂါ၊ အပူရောဂါ၊ ဆီးအောင့် ရောဂါ များ ပျောက်၏။
၎။အရွက် ကို ဟင်းချို ချက်သောက် က ပိတ်ဝမ်း ရောဂါ၊ သွေးဝမ်း ရောဂါ၊ လေရောဂါ၊အစာ မကြေ ၊ သည်းခြေ ပျက် ရောဂါ များ ပျောက်၍ အားကို ဖြစ်စေ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ

ဝိတ်ချတော့မည် ဆိုလျှင်


အဆီအပိုများ တစ်နေ့ တစ်ခြားများ လာခြင်းကြောင့် ကိုယ်အလေးချိန်တက်တက် ဝလာတက်ကြပါတယ် ။ အဲလို ဝလာခြင်း အကြောင်းတရား များစွာ ရှိနေပေမဲ့ အဓိကကျသည့်အပိုင်းမှာ မိမိတို့ နေ့ စဉ် စားသုံးနေသည့် အစားအသောက်များတွင် ခန္ဓာကိုယ့်အတွက် အဆီပိုများဖြစ်ပေါ်စေမည့်များ စားခြင်း ကယ်လိုရီများသော အစားအစာ စားသောက်နေမိခြင်းကြောင့်ဝိတ်တက်လာတက်ပါသည် ။ ကယ်လိုရီများကို လျှော့ချ စားသောက်ဖို့ သင့်ပါသည် ။ များပြားသော အဆီတက် လာခြင်းကြောင့် နှလုံးသွေးကြောလမ်းကြောင်းများပါ ဌင်းကြောင့် ပိတ်ပင်တက်ပါသည် ။ တစ်နေ့ တာအတွက် ပိုလျှံနေသော အဆီများကို ခြေဖျက်ဖို့ လိုသလို လျှော့နည်းစားသောက်ရန် ကျန်းမာရေးအတွက် လိုအပ်ပါသည် ။ ကျန်းမာရေးအတွက် စားသုံးသင့်သည့် အစားအစာများ အသီးအနှံများ ဗီတာမင်အုပ်စု အစားအစာ အကြောင်းကိုလည်း တင်ပြပေးပြီးဖြစ်ပါသည် ။ ယခု သင့်အနေဖြင့် ခန္ဓာကိုယ်အလေးချိန် ဝိတ်ချတော့မည်ဆိုလျှင် တစ်နေ့ တာအတွက် လုပ်ဆောင် စားသုံးသင့်သည့် တစ်ချို့ကို အကြံ့ ပြု့ တင်ပြပေးပါမည် ။

ဝိတ်ချတော့မည်ဆိုလျှင် မိမိခန္ဓာအနားယူ အိပ်စက်ချိန်ကို အနည်းဆုံး ၆ နာရီထက် မနည်း အိပ်ဆက်သင့်ပါသည် ။ နောက်တစ်နေ့ မနက် အိပ်ယာထပြီး ခဏနေ ကိုယ့်လက်လှုပ်ရှားမှု့ အဖြစ် ခုန်ဆွ ခုန်ဆွ လုပ်ဆောင်ခြင်းအတူ ခြေလက်များကို ဆန့် တန်းလှုပ်ရှားပေးပါ ။ အိပ်ယာထထခြင်း ဦးခေါင်းကို ခါးယားရမ်း ခေါင်းဇက်လေ့ကျင့်ခန်း မလုပ်ဆောင်သင့်ပါ မူးနောက်တက်သဖြင့် လုပ်ဆောင်ခြင်းကို ရှောင်ရှားပေးပါ ။ အိပ်ယာထပြီး အချိန်အနည်းငယ်ကြာမှသာ လုပ်ဆောင်သင့်ပါသည် ။

မနက်စောစော သောက်ရေများများ သောက်ပေးပါ ဒါမှာသာ ခန္ဓာကိုယ်အတွက်လိုအပ်သော ရေဓာတ်ဖြည့်တင်းခြင်းနှင့်အတူ အစာခြေဖျက်စနစ်အတွက်ပါ အထောက်အကူများစွာပြု့ ပြီး ဝမ်းမှန်စေပါသည် ။

ဝိတ်ချတော့မည် သူများအနေဖြင့် နံနက်စာအပါအဝင် တစ်နေ့ တာအတွက်စားသုံးသင့်သည်မှာ ကြက်ဥ ၊ ဌက်ပျောသီး ၊ ခရမ်းချဉ်သီး ၊ မုန်လာဥ ၊ လိမ္မော်သီး ၊ ပန်းသီး ၊ ငါး ၊ ပုဇွန် ၊ ကန်စွန်းရွက် ၊ ပန်းဂေါ်ဖီ ၊ သဘောင်္သီး နှင့် အသီး အရွက်များစွာ စားသုံးသင့်ပါသည် ။
အဆီများကို ချေဖျက်နိုင်သည့် ဗီတာမင်စီ ပါဝင်သည့် သစ်သီးများစားသုံးပေးခြင်း ဖျော်ရည်အဖြစ် လုပ်ပြီး သောက်သုံးပေးပါ ။

ဝိတ်ချတော့မည်ဆိုပေမဲ့ ရံဖန်ရံခါ ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်နှင့် အသားဓာတ်များ ဖြည့်တင်းပေးဖို့ လည်း လိုအပ်ပါသည် ။ ကြက်သား ၊ အမဲသား ၊ဆိတ် သား နှင့် ပဲအမျိုးမျိုးတို့ လည်း စားသုံးပေးသင့်ပါသည် ။

အလှအပကြောင့်ဘဲဖြစ်ဖြစ် ဘယ်လိုဘဲဖြစ်နေပါစေ ဝလာလို့  ဝနေလို့  ဆိုပြီး စိတ်စောစွာ ပြင်းပြင်းထန်ထန် ကိုယ့်အလေးချိန်လျှော့ချမှု့ အဖြင့် အစားသောက်ကို ပုံမှန် စားသောက်နေသည့်အနေအထားမှာ သုံးပုံ နှစ်ပုံထိ လျှော့ချခြင်း ၊ ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားကစားခြင်းတို့ြ့ပု့ လုပ်တက်ကြသလို ရက်ပိုင်းအတွင်း ပျိုမေများအတွက် သေးသွယ်လှပသော ခန္ဓာကိုယ်ဖြစ်စေနိုင်သည့် ဆေးများဖြစ်သော ပိန်ဆေး အဆီချဆေးလို့ ပြောရမည့် ဆေးဝါးသောက်သုံးကြပါတယ် ။ အဲလိုဆေးမျိုးတွေကို စာလေးဖက် ပုံလေးကြည့် တို့ လည်း သောက်တာဟုတ်တယ် ကောင်းတယ် အဆီချဆေးရောင်းတယ် အညွှန်းကောင်း အဖော်ကောင်းလို့  ဒုက္ခဖြစ်တာတွေအများကြီးပါ ။ နောက်ဆက်တွဲဖြစ် နှလုံးပိုင်းဆိုင်ရာ ရောဂါများ ၊ အူလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါများ၊ အဆစ်အမြစ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်လာတက်ပါသည် ။

နေ့ စဉ် စားသောက်မည့် အစားအစာများတွင် ကယ်လိုရီနည်းသော အစားအစာများ စားသောက်ခြင်း ၊ အဆီများပါသော မုန့်  အစားသောက်များ ရှောင်ခြင်း ၊ အသီးအရွက်များများ စားသုံးပေးခြင်း နှင့် အတူ ပုံမှန်ကိုယ်လက်လှုပ်ရှားအားကစား ပြု့ လုပ်ခြင်းတို့ သည်သာလျှင် မိမိကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်ပြီး လှပသော ခန္ဓာကိုယ် အချိုးအစား ရရှိပိုင်ဆိုင်နိုင်သော ဝိတ်ချတော့မည် ဝိတ်ချလိုက်သည်လို့ ဆိုချင်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
https://www.facebook.com/mg.mandalay

ခေါင်းလျှော်ဆိုင်သွား သတိထား


ခေတ်လည်းမှီတယ် လွယ်လည်းလွယ်တယ်ဆိုပြီး အများအားဖြင့် ဆံကေသာအတွက် ဆိုင်မှာလျှော်ခြင်း ၊ ဆံပင်နှင့်ပတ်သက်သည့်ပေါင်းတင်ခြင်း ၊ အရောင်ဆိုးခြင်း အပါအဝင် ဆံကေသာအလှတွက် လုပ်ဆောင်နေကြပါတယ် ။ အားလုံးအတွက် အစဉ်ပြေပေမဲ့ ကျန်းမာရေးအတွက် သတိလေးတော့ ပေးချင်လို့ ပါ ။

လူတစ်ဦးတိုင်းတွင် ဓာတ်တည့်ခြင်း မတည့်ခြင်းဆိုသည့် ဇီဝဖြစ်စဉ်တွေအများအပြားရှိပါတယ် ။ များသောအားဖြင့် အမျိုးသမီးများတွင် တစ်ယောက်က ဆံကေသာကိုဒါလေးလုပ်ထားတယ် လှတယ် အစဉ်ပြေပေမဲ့ နောက်တစ်ယောက်အတွက်ကျတော့ လူု့ အရေပြားမှာ တစ်ခြားတစ်ယောက်သုံးစွဲသော ခေါင်းလျှော်ရည် ၊ မိတ်ကပ် နှင့် အရောင်ဆိုခြင်းတွေတွင် ဓာတ်တည့်ချင်မှ တည့်ပါလိမ့်မယ် ။ အဲလိုမျိုးတွေရှိပါတယ် ။ ခေါင်းလျှော်နေသည့် ဦးခေါင်းအနီးတွင် ပန်ကာလေခံခြင်း ၊ အဲယာကွန်းလေ တည့်တည့်ကျရောက်နေရာမျိုးတွင် ခေါင်းလုံးဝ လျှော်ခြင်း မပြု့ လုပ်သင့်ပါ ။

လျှော်ပေးသူသည် တစ်ကိုယ်ရည်သန့် ရှင်းရန်လည်း လိုအပ်ပါတယ် ။ လူအများအပြားဥိးခေါင်းကို ကိုင်တယ်ရသဖြင့် အရေပြားကူးစက်ပိုးများသည့် လက်သည်းကြားအတွင်းမှနေ တစ်ခြားကို ဝင်ရောက်ကူးစေတက်လို့ ပါ ။ လက်သည်ရှည်ထားပြိး မသန့် ရှင်းခြင်း ၊ တစ်ဦးလျှော်ပြီးလျှင် လက်ကို ပိုးသတ်ဆေးရည်များဖြင့် မဆေးကြောခြင်းကြောင့် တစ်ခြားတစ်ဦးကို ရောဂါ ကူးစေတက်သည် ။

ခေါင်းလျှော်ပြီးလို့  နှိပ်နယ်ပေးခြင်းသည် အလွန်သတိထားဖွယ် ကိစ္စတစ်ခုဖြစ်ပါတယ် ဒါကို မသိနားမည်ဘဲ ခေါင်းနဲ့ ဂုတ်ပိုးများကို နှိပ်နယ်ခံယူတက်ကြပါတယ် ။ ခေါင်းလျှော်စင်ပေါ်တွင် အိပ်နေသည့်နေအထားဖြစ်နေပြီး ခေါင်းကိုမပြီး နှိပ်နယ်ပေးခြင်း နားနောက်နေရာတွင် နှိပ်နယ်ပေးခြင်း နားထင်များကို နှိပ်နယ်ပေးခြင်း အများဆုံးလုပ်ဆောင်ခြင်း ခံကြရပါတယ် ။ တစ်ချို့ က အဲလိုလုပ်မှ ကောင်းတယ် လူကိုပေါ့သွားတယ် အကြောတွေပြေတယ် ခေါင်းကြည်တယ်လို့ ပြောပါတယ် ။

နားထဲ့ကိုလည်း ရေဝင်အောင်လုပ်လည်း လုပ်ဆောင်နည်းတစ်မျိုးထပ်လုပ်ကြပါတယ် ။ ကျန်းမာရေးအတွက် အထူးသတိထားရန် အရေးကြီးပါတယ် ။ အကြောဆိုင်ရာ အာရုံကြောဆိုင်ရာ ရောဂါမျိုးဖြစ်တက်ပါတယ် ။ အသက်အရွယ်ရလာသည့်အခါတွင် အဲလိုမျိုးတွေ များနေခဲ့ရင် ဦးခေါင်းပိုင်း တုန်တုန်ဖြစ်နေခြင်း ၊ အကြားအာရုံအလွန်နည်းလာခြင်း ၊ ခေါင်းကျင်ဝေဒနာစွဲကပ်လာနိုင်ခြင်းတို့ ဖြစ်လာတက်ပါတယ် ။ နားအတွင်းရေဝင်ခြင်းကြောင့် ကျန်ရှိနေခဲ့ပါက မှိုရောဂါကျရောက်တက်သလို နားအူခြင်း ၊ နားကိုက်ခြင်း နှင့် နားပြည်တည်ခြင်း တို့ ဖြစ်တက်ပါတယ် ။

ဆံကေသာအရောင်ဆိုခြင်းသင့်လုပ်ဆောင်ပါက လူတစ်ချို့ တွင် ဦးခေါင်းယားယံခြင်း ၊ ပူစပ်သလို ခံစားမိခြင်း ၊ ခေါင်းကိုက်ခေါင်းခဲသလို ခေါင်းမကြည်ခြင်းသုံးရက်ကျော်ကျော် ခံစားနေရလျှင်နီးစပ်ရာဆေးခန်းတစ်ခုကိုပြသပေးရန် လိုအပ်ပါသည် ။ ရက်ကြာလာပါက ဦးခေါင်းအရေပြားနီရဲပြီး ကုတ်ခြစ်ရာများကြောင့် ပိုးဝင်ပြီး မှိုတက်ရောဂါဖြစ်လာတက်ပါသည် ။ ဘောက်ဖတ်လိုလို အနာဖတ်များဖြစ်လာပြီး ဦးရေတစ်ခုလုံး အနာများပေါက်ပြိး ကုသမှု့ ကြာရှည်တက်ပါတယ် ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
https://www.facebook.com/mg.mandalay

ပဲပိစပ်နှင့် ခရမ်းချဉ်သီးက ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်


ပဲပိစပ်ထွက် အစားအစာများ နှင့် ခရမ်းချဉ်သီးသည် အတူတကွစား သုံးပေးပါက ဆီးကျိတ်ကင်ဆာကို ကာကွယ်ရာတွင် ပိုမိုထိရောက်မှုရှိသည် ဟုလေ့လာမှုတစ်ရပ်တွင် ဖော်ပြထား သည်။
အမေရိကန်ပြည်ထောင်စု၊ အီလီ နွိုက်တက္ကသိုလ်မှ အစားအစာနှင့် အာဟာရဗေဒဆိုင်ရာပါမောက္ခ Dr.John Erdman က "လေ့လာမှုမှာ ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်တဲ့ မျိုးဗီဇ တွေ ထည့်သွင်းထား တဲ့ကြွက် တွေကို အသုံးပြုခဲ့ပါတယ် ။ ခရမ်းချဉ်သီးနဲ့ ပဲပိစပ်ပါဝင်တဲ့ အာဟာရကို ကျွေးမွေး ခဲ့တဲ့အခါမှာ ကင်ဆာဖြစ်နေတဲ့ ကြွက် အရေအတွက် တစ်ဝက်ကျော်မှာ ဆီးကျိတ် ကင်ဆာမဖြစ်လာခဲ့ ပါဘူး"ဟု ပြောကြားထားသည် ။

ထို့ပြင်ပဲပိစပ်နှင့် ခရမ်းချဉ်သီး ကို မကျွေးခဲ့သောကြွက်များတွင် ဆီး ကျိတ်ကင်ဆာဖြစ်လာခဲ့သည် ကို တွေ့ရှိခဲ့ကြသည် ။ ခရမ်းချဉ်သီး ၊ ပဲပိ စပ်များကို ပေါင်းစပ်စားသုံးခြင်း သည် ဆီးကျိတ် ကင်ဆာဖြစ်ပွားနိုင် ချေကို လျော့ပါးစေပြီး တစ်မျိုးချင်းစီ စားသုံးခြင်းထက်စာလျှင် ၄၅%ပိုမို၍ ကင်ဆာကိုကာကွယ်ပေးနိုင်ကြောင်း သုတေသနတွင် တွေ့ရှိခဲ့သည်။

ဆီးကျိတ်ကင်ဆာသည် အမျိုး သားများတွင်အဖြစ်များသော ကင်ဆာ တစ်မျိုးဖြစ်ပြီး စောစီးစွာသိရှိပါက ကုသပျောက်ကင်းမှုနှုန်း ၉၀% ကျော်သော ရောဂါဖြစ်သည် ။ ပဲပိစပ် စားသုံးမှု များသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံတွင် ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ပါးကြောင်း ယခု လေ့လာမှု တွင် ဖော်ပြထားသည် ။

တစ်ပတ်တွင် ခရမ်းချဉ်သီးပါ ဝင်သော ဟင်းလျာကို သုံးကြိမ် ထက်မနည်း စားသုံးပေးသင့်ပြီး စား သုံးတိုင်းတွင် ပဲပိစပ်ထွက်အစား အစာများဖြစ်သော ပဲနို့၊ပဲပြား၊ တို့ဖူး များကို တွဲဖက်စားသုံးပေးခြင်းဖြင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေး နိုင်ကြောင်း၊ ယခုအာနိသင်မှာ ခရမ်း ချဉ်သီးတွင် ပါဝင်သောလူကိုပင်း (lycopene)နှင့် ပဲပိစပ်တွင်ပါဝင် သော isoflavones တို့ကြောင့် ဖြစ် ကြောင်း Dr.John Erdmanက ရှင်းပြထားသည် ။

သန့်စင်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

အမြဲတမ်းပျော်ရွင်စေမည့် အကျင့်များ


(၁) ကောင်းမွန်သည့် အချက်သုံးချက် ကို နေ့တိုင်းချရေးပါ
မိသားစုထမင်းဝိုင်း ညစာစား ချိန်တွင် တစ်နေ့တာ အတွေ့အကြုံ များ ကိုယ်စီမျှဝေလေ့ရှိကြသည်။ နေ့စဉ် ညစာစားပြီးချိန် ည ခုနစ်နာရီခန့်တွင် တစ်နေ့တာ ကြုံခဲ့ရသမျှအနက် ကောင်းသည့် အချက် သုံးခုကို ရေးချပါ ။ ကောင်း သည့်အချက်ဟူ၍ စဉ်းစားနေရသည် ကိုက ပျော်စရာဖြစ်စေသည်။

(၂) သူတစ်ပါးကို ကူညီပါ
မိမိတစ်ဦးတည်း သီးသန့်နေ လေ့ရှိပါက စိတ်ဖိစီးမှုကြီးမားတတ် သည်။ သူတစ်ပါးကို အကူအညီ ပေးသည့် အခါ မိမိခံစားနေရသော စိတ်ဖိစီးမှုနှင့် ဒုက္ခများသည် အခြား သူများထံ၌ အလားတူဖြစ်လေ့ ရှိကြောင်း သိမြင်လာပြီး ပျော်ရွှင်စရာ များ မျှဝေခံစားတတ်လာသည်။

(၃) တရားမှတ်ပါ
တစ်နေ့နှစ်မိနစ်ခန့် တရားမှတ် လျှင် နေ့စဉ်အကျင့်ဖြစ် လာသည့် အခါပစ္စုပ္ပန်ကျကျ နေတတ်စေပြီး စိတ်ပူပန်မှုကင်းဝေးစေသည်။

(၄) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်စဉ်သော် လည်းကောင်း လုပ်ပြီးလျှင်သော် လည်းကောင်း ၊ သွေးလှည့်ပတ်မှု ကောင်းစေ ပြီး လန်ဆန်း တက်ကြွ စေသည်။
အထက်ပါ အကျင့်များကို တစ်ကြိမ်လျှင် တစ်ခုစီသာ ပျိုးထောင် ပါ။ အားထုတ်မှုနည်းနည်းချင်းပေး၍ စတင်ပါ။ အကျင့်ဖြစ်လာသည်နှင့် ပျော်ရွှင်မှု၊ ပစ္စုပ္ပန်ကျကျ နေထိုင် တတ်မှု အာရုံစူးစိုက်အားကောင်းမှု စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါ သည်။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

Terco-D ဆေး



ပို့စ်တခု = Hein Thura January 11 at 6:06am တောင်ဥက္ကလာ အထက ၃/၁ က ၉-၁ဝ တန်း ကျောင်းသား ၊ ကျောင်းသူလေးတွေနဲ့ ရပ်ကွက်ထဲက ၂ဝ-၂၅ အရွယ်ကောင်လေး၊ ကောင်မလေးတွေ ဒီဆေးကဒ်တွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ အလွယ်တကူလဲဝယ်ရတယ်။ ဆေးဆိုင်တွေကလဲ သားသမီးချင်းမစာနာ ရောင်းတယ်။ တ/ဥ ရဲစခန်းကို အကြိမ်ကြိမ် PH ဆက်လဲ ရှောင်ဖယ် ရှောင်ဖယ်နဲ့။့ ဆေးဝါးကွပ်ကဲရေးကို PH ဆက်ပြန်တော့လဲ 199 နဲ့တိုင်ပင်တဲ့ ခေါင်းရှောင်တယ်။ 199 ဆက်တော့ ပိတ်ထားတယ် ။ ရက်ကွက်ရုံးပြောတော့ ကလေးတွေကို ဆုံးမတဲ့ ။့

Terco-D ဆေးကို ထိုင်းနိုင်ငံကထုတ်တယ် ။ ATC Classification = R05FA02 ဘိန်းကနေ ထုတ်လုပ် ထားတဲ့ ချွဲထွတ်စေနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးဖြစ်တယ် ။ Dextromethorphan HBr 15 mg, guaifenesin 100 mg, terpin hydrate 130 mg ဆေးတွေပါဝင်နေတယ်။ အသည်းရောဂါ၊ ပန်းနာရောဂါ နဲ့ သိပ်ငယ်တဲ့ကလေးတွေကို မပေးရပါ ။ Thai FDA Category အဆင့် D လို့ သတ်မှတ် ထားတယ် ။ မူးဝေတဲ့သတ္တိရှိတယ် ။ ဆေးစွဲစေတယ် ။

ဘေးထွက်ဆိုးကျိုးများ
ခေါင်းမူးမယ်။ အစာခြေလမ်းကသိကအောင့်ဖြစ်မယ်။ စိတ်တက်ကြွစေမယ် ။ စိတ်ရှုတ်ထွေးစေမယ် ။ အသက်ရှူမှုကို အားနည်းစေမယ်။ ပျို့-အန်၊ ခေါင်းမူး၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အိပ်ချင်၊ စိတ်ဂနာမငြိမ်၊ မျက်စိမှတ် ထားရင် သူများမမြင် မကြားရတာမျိုး မြင်ကြားမယ် ။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၃ ဆကနေ ၂ဝ ဆအထိသောက်ရင် -
အကောင်းတွေလို့ထင်မြင်နေမယ်။ အားပြည့်နေသလိုထင်မှတ်ရမယ်။ ကိုယ်ကိုယ်ကိုယုံကြည်မှု ရှိသင့်တာထက်ပိုမယ်။ ဆောက်တည်ရာမရဖြစ်မယ်။ အိပ်မရဖြစ်မယ်။ စကားတွေအမြန်ပြောနေမယ်။ သူငယ်အိမ်ကျယ်နေမယ်။ မျက်လုံးက ငေးကြည့်နေမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၁၅ ဆကနေ ၇၅ ဆသောက်မိရင် -

သူများမမြင်မကြားရတာမျိုး မြင်ကြားမယ်။ စိတ်မြင်အစည်းပြေသလိုဖြစ်လာမယ်။ အန်မယ်။ အမြင်တွေဝေ ဝါးနေမယ် ။ သူငယ်အိမ်ပိုကျယ်လာမယ် ။ ချွေးပြန်မယ်။ ကိုယ်ပူမယ်။ သွေးဖိအားကျမယ်။ အသက် ရှူနှေးလာမယ် ။ နှလုံးခုန် မြန်လာမယ်။ ဝမ်းလျှောမယ်။ ဆီးအိမ်တင်းနေမယ်။ အိပ်ငိုက်နေမယ်။ ကြွက်သားတွေ အလိုလိုလှုတ်နေမယ် ။ အကောင်းတွေလို့သာ ထင်မြင်နေမယ်။ အာရုံခံမှုပြောင်းမယ်။ ဘာမှန်းမှမသိဖြစ်လာမယ်။ မျက်စိကမမြင်နိုင်တော့ဘူး။ မျက်စိကို စူးစိုက်လို့မရတော့ဘူး။ အရေပြားအနီကွက်တွေထွက်လာမယ် ။

ချောင်းဆိုးပျောက်ဆေးတွေအကြောင်း ရေးပါတယ်။ ဘလော့ခ်မှာလည်းရှိပါတယ် ။ အသစ်ပေါ် တာတွေကို ဆေးနာမည်အတိအကျနဲ့သိရရင် မရေးရသေးတာတွေ့ရင် ရေးပါမယ် ။ အခုဆေးကိုသိဘို့ရာ ထိုင်းဝဘ်ဆိုက်မှာ ကျွန်တော့ဆရာဝန်ဖြစ်ကြောင်း အချက်အလက်တွေနဲ့ မှတ်ပုံတင်ရသေးတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ