ခန္ဓာကိုယ်အဆီပိုတွေကို တိုင်းတာနိုင်မဲ့ အရိုးရှင်းဆုံးတိုင်းတာနည်း


ယခုနှစ်အစောပိုင်း Frontiers of Public Health ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနစာတမ်းတစ်ခု အရ ကမ္ဘာ့လူဦးရေရဲ့ ၇၆% မှာ အဆီပိုတွေ များနေတယ်လို့ သိခဲ့ရ ပါတယ်။ ယခုတစ်ကြိမ်မှာလည်း ယင်းစာတမ်းကို သုတေသနလုပ်ခဲ့တဲ့ သုတေသီတွေကပဲ ဖွံ့ဖြိုးပြီး နိုင်ငံ ပေါင်း ၃၀ ကျော်မှာ အ၀လွန်တာနဲ့ ပတ်သက်တဲ့ သုတေသနတွေပိုပြီး အာရုံစိုက်လုပ်ခဲ့ပြီး အံ့အားသင့်ဖွယ် တွေ့ရှိမှုကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ ယခုလတ်တလော ပေါများလာတဲ့ ၀မ်းဗိုက် အဆီပုံလာခြင်းတွေကို လူကြီးတွေသာမက လူငယ်တွေမှာပါ တွေ့လာရပြီး ရလဒ်ကတော့ အင်ဆူလင်ယဉ်ပါးမှုတွေကို ပိုဖြစ် စေတာပါပဲ။

ခန္ဓာကိုယ်မှာ အဆီပို လာခြင်းက သွေးတိုးခြင်း၊ သွေးတွင်း အဆီများလာခြင်း၊ နှလုံးသွေးကြော ရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ၊ သည်းခြေအိတ်ရောဂါ၊ အရိုးပွအဆစ် ရောဂါ၊ ဂေါက်အဆစ်ရောင်ရောဂါ၊ အဆုတ်ရောဂါနဲ့ အိပ်စက်ခြင်းဆိုင် ရာရောဂါတွေ ကြုံလာရစေနိုင်ပါ တယ်။ သမာရိုးကျ တိုင်းတာနည်း ဖြစ်တဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ် အညွှန်းကိန်း (BMI) က ခန္ဓာကိုယ်ရဲ့ အဆီပိုမပိုကို ဆုံးဖြတ် ရာမှာ လက်တွေ့အသုံးမ၀င်တာကို တွေ့ရပါတယ်။

ထပ်မံပြုလုပ်ခဲ့တဲ့ သုတေသန အရ တွေ့ရှိခဲ့ရတဲ့ အံ့အားသင့်ဖွယ် အချက်တွေကတော့ ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာ အရွယ်ရောက်ပြီး အမျိုးသား ၉၀% ကျော်၊ ကလေး ၅၀% ခန့်ဟာ အဆီပိုနေတယ်ဆိုတဲ့ ကဏ္ဍအတွင်း ပါဝင်နေပြီး အမျိုးသမီး ၈၀% ခန့်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ သမားရိုးကျ BMI နည်းက ခန္ဓာကိုယ်အဆီပိုအတွက် ထုတ်ရာမှာ အသုံးမ၀င်တဲ့အတွက် တိုင်းတာနည်းအသစ်ကို ထုတ်ပြန် ခဲ့ပါတယ်။ တိုင်းတာနည်းအသစ်မှာ တော့ ]]ခါးအရွယ်အစားကို ချက် နေရာမှ တိုင်းခြင်းဖြစ်ပြီး၊ ယင်း ပမာဏက အရပ်ရဲ့ တစ်ဝက်ထက် မကျော်ရပါဘူး။ မဟုတ်ရင်တော့ သင်ဟာ အဆီပိုနေတယ်ဆိုတဲ့ ကဏ္ဍမှာ ပါဝင်နေပြီး နာတာရှည်ရောဂါ တွေဖြစ်နိုင်ခြေများကာ၊ ဘ၀အရည် အသွေးအပါအ၀င်၊ သေဆုံးနိုင်ခြေ တို့ကိုပါ ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ