သင့်ကျန်းမာရေး (သည်းခြေအိတ်ကျောက်တည်ခြင်း)


 သည်းခြေအိတ် ကျောက်တည်ခြင်းဟာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းကနေ၂ဝ ရာခိုင်နှုန်းအထိ ဖြစ်ပွားတတ်ပြီး ဝတဲ့ အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ နောက်ပိုင်းမှာ အမျိုးသားများပါ ဖြစ်ပွားနှုန်းတူညီလာတယ်။ သည်းခြေအိတ်ေ ကျာက်တည်ရာမှာ ကိုလက်စထရောနဲ့ ဆားတွေ သည်းခြေအိတ်ထဲမှာ စုပုံနေခြင်းကြောင့် ဖြစ်တယ်။ သည်းခြေရည်က အူလမ်းကြောင်းထဲက အဆီကို စုပ်ယူရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင် နေတယ်။ သည်းခြေရည်ဟာ အဆီကို ပျော်ဝင်အောင် ပြုလုပ်ပေးတယ်။ အသည်းကနေ တစ်နေ့ ၁ လီတာ ခန့် သည်းခြေရည်များ ထုတ်လုပ်ပေးပြီး သွေးနီဥဟောင်းထဲက ရောင်းခြယ်ဆဲလ်နဲ့ကို လက်စထရော အရော အနှောဖြစ်တယ်။ သည်းခြေ မှာ ရောင်ခြယ်ဆဲလ် ပမာဏများလာရင် သည်းခြေအိတ် ကျောက်တည်မယ့် အခွင့်အရေးများလာတယ်။ ၂ဝ ရာခိုင်နှုန်းက ဝေဒနာမခံစားရဘဲ ၁၅ နှစ်ကြာတဲ့အထိ ဒုက္ခမပေးတတ်ဘူး။ ဆေးဝါး ကုသမှုလည်း မလိုဘူး။

လက္ခဏာ

သည်းခြေအိတ်မှာ ပိတ်ဆို့နေတဲ့ ကျောက်က ညာဘက်နံရိုးအောက်မှာ ပြင်းထန်တဲ့နာကျင်မှုကို အထပ်ထပ် အခါခါ ခံစားမိစေတယ်။ ညာဘက်နံရိုးအောက်မှာ ပြတ်တောက်ပြတ်တောက် နာကျင်မှုခံစားရပြီး အစာစား ရင်ပိုဆိုးလာတယ်။ ကျောက်က အမြဲပိတ်ဆို့နေရင်၂၄ နာရီအတွင်း သည်းခြေအိတ် ပိုးဝင်နိုင်တယ်။ အဖျား တက်နိုင်တယ်။ အသားဝါလာနိုင်တယ်။ နာကျင်မှုခံစားရရင် ဆရာဝန်နဲ့ပြသပြီး ခွဲစိတ်ထုတ်ပယ်ရမယ်။ ခွဲစိတ် ပြီးပေမယ့် လည်း ပြန်ဖြစ်တတ်တယ်။

ဓာတ်စာများ

ကိုယ်အလေးချိန် များနေရင် ကိုယ်အလေးချိန် လျှော့ချရမယ်။ တိရစ္ဆာန်ကရတဲ့ အဆီ၊ ဆီအုန်း၊ နှစ်ခါပြန် ကြော်ဆီစားခြင်း ရှောင်ရမယ်။ အသားစားသူများ ဟင်းသီးဟင်းရွက်များများ စားပေးသင့်တယ်။ သက်သတ် လွတ်စားရင် အသားစားသူထက် ကျောက်ဖြစ်မှုနည်းတယ်။ တိရစ္ဆာန်အသား စားလို့ရတဲ့ ပရိုတင်းကို အခြား ပဲကပေးတဲ့ ပရိုတင်းနဲ့ အစားထိုးသင့်တယ်။ ပဲနီလေး၊ ငါး၊ အခွံမာသီး၊ ဒိန်ချဉ်လို အဆီပါဝင်မှုနည်း တဲ့ နို့ထွက်ပစ္စည်းတွေ ကို လျှော့ချပေးရမယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားရမယ်။ အထူးသဖြင့် မုန်လာဥ၊ မုန်လာဥနီ၊ ပန်းသီး၊ တရုတ်ဆီးသီး၊ မက်မွန်သီး၊ ဆီးသီး၊ နာနတ်သီး၊ စပျစ်သီး၊ ထောပတ်သီး၊ ပန်းဂေါ်ဖီ၊ ပဲသီးစိမ်းနဲ့ အခြားသီးနှံများ စားရမယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ အပါအဝင် သန့်စင်ထားတဲ့ အစား အစာကိုစားသုံးခြင်းဟာ ဗီတာမင်နဲ့သတ္တုဓာတ် အလုံအလောက် ရရှိစေတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာ စားပေးခြင်းဖြင့် ဝမ်းမချုပ်စေသလို သည်းခြေကျောက် တည်ဖို့လည်း အားမပေးနိုင်ဘူး။

အကြံပြုချက်များ

သည်းခြေ ကျောက်တည်သူများဟာ အစားအစာအချို့နဲ့ ဓာတ်မတည့်ပါဘူး။ ရောဂါမှတ်တမ်း ရေးသား ထားခြင်းနဲ့ မည်သည့်အစာက ဓာတ်မတည့် ဖြစ်တတ်တယ်ဆိုတာကို ဖော်ထုတ်ရမယ်။ အဓိကမတည့်တဲ့ အစာတွေက ကြက်သွန်နီ၊ ဥအမျိုးမျိုးနဲ့ ဝက်သားတို့ဖြစ်တယ်။ ရနံ့မွှေးကြိုင်တဲ့ အစားအစာများ ရှောင်သင့် တယ်။ အိန္ဒိယ အစားအစာများဟာ ပြည့်ဝဆီနဲ့ သကြားပါဝင်မှုများတယ်။ ကော်ဖီသောက်သုံးမှုကို ဖြတ် တောက်ပြီး ဆေးဖက်ဝင်တဲ့ လက်ဖက်ရည် သို့မဟုတ် သစ်သီးဖျော်ရည်ကို သောက်သုံးပေးသင့်တယ်။

ကာကွယ်ခြင်း

နာကျင်မှုမရှိတဲ့ သည်းခြေအိတ် ကျောက်တည်ခြင်းမှာ အချိန်မရွေး ကျောက်ပိတ်ဆို့နိုင်တယ်။ လူတိုင်းနှစ်စဉ် မိုးဝင်နှင့်မိုးနှောင်းမှာ သံချဆေးနှစ်ကြိမ် သောက်ထားသင့်တယ်။ အဆီချသင့်တယ်။ နေ့စဉ်နာရီဝက် လေ့ကျင့်ခန်း အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်ပေး သင့်ပါတယ်။

ဒေါက်တာလွင်သန့် (ဆေး-၂)

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ