သွေးတိုးခြင်းဖြင့် အသက်ဆုံးရှုံးမှု များနေသောကြောင့် ကြိုတင် ကာကွယ်ရန် လိုအပ်


 ကမ္ဘာပေါ်၌ လူ ၁ဝ ဦးလျှင် တစ်ဦးသည် သွေးတိုးရောဂါ ဖြစ်ပွားလျက်ရှိပြီး အသက် ဆုံးရှုံးမှုဖြင့် ကြုံတွေ့ နေရသောကြောင့် သွေးတိုးရောဂါ မဖြစ်ပွားရန် ကြိုတင် ကာကွယ် သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သွေးတိုးရောဂါသည် လူနေမှုဘဝနှင့် ဆက်စပ်နေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ဆား၊ အငန်နှင့် အဆီအအိမ့် အစားများခြင်း၊ ဆီးချိုသွေးချို ရောဂါရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေး လိပ်နှင့် အရက် အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့် အဖြစ်များကာ သွေးပေါင်ချိန် (၁၄ဝ/၉ဝ) မီလီမီတာ မာကျူရီနှင့် အထက်ရှိလျှင် သွေးတိုးရောဂါ ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စမ်းသပ်ချက်များအရ သိရသည်။ သွေးတိုးရောဂါ ဖြစ်ပွားသူများသည် ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်စိပြာခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ အော့အန်ခြင်းတို့ ဖြစ် သည်။ သွေးတိုးရောဂါကို ကာကွယ်ရန် ကိုယ်အလေးချိန်ကို ထိန်း၍ အဝမလွန် စေရန်နေထိုင် စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ နေ့စဉ် နာရီဝက်၊ တစ်နာရီခန့် လမ်းလျှောက်ပေးခြင်း၊ ဆားနှင့် အချိုမှုန့် အသုံးပြု၍ ပြုလုပ်ထားသော စားသောက်ဖွယ်ရာများ၊ ငါးပိ၊ ငါးခြောက်နှင့် အသင့်စားသုံးနိုင်သော အစားအစာများကို ရှောင်ကြဉ်ခြင်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊ အရက်နှင့် ဆေးလိပ် လွန်ကဲစွာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ အဆီကို လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

သွေးတိုးရောဂါ ဖြစ်ပွားလျှင် နှလုံးကြီးခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်း၊ နှလုံးညှစ်အား လျော့ကျခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်စိဝေခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်း၊ လေဖြတ်ခြင်းနှင့် ရုတ်တရက် သွေးကြော ပိတ်ခြင်းစသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်သောကြောင့် သွေးတိုးရော ဂါ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများ၌ သွေးပေါင် မှန်မှန်ချိန်၍ စနစ်တကျ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ