ဆေးမင်ကြောင် ဖျက်နည်းများ

-ဆေးမင်ကြောင် ထိုးထားတဲ့ အရေ ပြားကို တိုက်စားပစ်ခြင်း၊ လေဆာ နှင့် ဖျက်ခြင်းတို့ ပြုလုပ်နိုင် ပါတယ်။ အရောင်ပါတဲ့ ဆေးမင်တွေကိုတော့ တစ်ကြိမ်တည်းနှင့် အပြီးသတ်မဖျက် နိုင်ဘဲ အကြိမ်ကြိမ်ဖျက်ပေးရပါတယ်။ မည်သည့်နည်းကို အသုံးပြုသည် ဖြစ်စေ ဆေးမင်ကြောင်ထိုးထားတဲ့ အသားအရေဟာ နဂိုမူလအတိုင်း ပြန်မရတော့ပါဘူး။

-ဆေးမင်ရောင်အမျိုးမျိုးအတွက် လေဆာရောင်ခြည် အမျိုးမျိုးသုံးရပါ တယ်။လေဆာသုံးဖျက်ပြီးစမှာ အရေ ပြားဟာ ဖြူဖျော့ဖျော့ကျန်ခဲ့ပြီး ပုံမှန် အရောင်ပြန်ရဖို့ အချိန်အတန် ကြာ စောင့်ရပါတယ်။

-လေဆာရောင်ခြည်ဟာ ဆေးမင် တွေကို ဖြိုခွဲပစ်တာကြောင့် မင်မှာပါ သည့် ပစ္စည်းများ အစိတ်စိတ်အမွှာမွှာ ပြိုကွဲတဲ့အခါ ဓါတုပစ္စည်းတစ်ခုကို ဓါတ်မတည့်မှုဖြစ်ပေါ်ပြီး အရေပြား ပေါ်မှာ အရည်ကြည်ဖုတွေ ပေါက် လာတတ်ပါတယ်။ ဂရုတစိုက် ကုသ မယ်ဆိုလျှင်တော့ အရည်ဖုတွေ သက်သာပျောက်ကင်းနိုင်ပါတယ်။

-လေဆာရောင်ခြည်ဟာ မည်မျှဘေး ကင်းတယ်ဆိုစေ အနာရွတ်ကျန်ခဲ့နိုင် ပါတယ်။

-မြန်မာနိုင်ငံမှာ လတ်တလောခေတ် စားလာတဲ့ ယာယီဆေးမင် (tempo rary tatoo) တွေဟာလည်း ဓါတ်မ တည့်မှုဖြစ်ပေါ်စေပြီး အနာတွေဖြစ် တတ်ပါတယ်။ ယာယီဆေးမင်မှာ အသုံးပြုတဲ့ အရောင်ဆိုးဆေးဟာ ဆံပင်ဆေးဆိုးဖို့အတွက်သာ သင့် တော်ပြီး အရေပြားမှာ အသုံးမပြုသင့် ကြောင်း ဥရောပနှင့် အမေရိကနိုင်ငံ များမှာ ပိတ်ပင်ထားပါတယ်။

-ဆေးမင်ကြောင်ဖျက်နည်းတွေ မည် မျှဆန်းသစ်သည်ဆိုစေ၊ နဂိုမူလ အရေပြားအတိုင်း ပြန်မဖြစ်နိုင်တော့ သည့်အတွက် အစကတည်းက ဆေးမင်ကြောင်းမထိုးမိဖို့ ဆင်ခြင် သင့်ပါတယ်။

ဇော်ကို
Source:RD
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ