အရက် ဆေးလိပ်နှင့် ဆေးရွက်ကြီး တို့ကြောင့် ဖြစ်ပွား တတ်သော ကင်ဆာ သုံးမျိုး


 ကင်ဆာ ရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးနှင့် မကူးစက်နိုင်သော နာတာရှည် ရောဂါဖြစ်သည်။ ကွမ်းယာထဲတွင် ဆေးထည့်စားလျှင် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ ဆေးပေါ့လိပ်၊ စီးကရက်ကြောင့် အဆုတ်ကင်ဆာ၊ အရက်ကြောင့် အသည်းကင်ဆာတို့ ဖြစ်ပွား တတ်သည်။

ကွမ်းထဲ ဆေးထည့်စားခြင်း

ကွမ်းယာတွင် အန္တရာယ် အပေးနိုင်ဆုံးမှာ ကွမ်းစားဆေး ဖြစ်သည်။ ''ထုံး'' မဟုတ်ပါ။ ဆေးရွက်ကြီးတွင် နီကိုတင်း၊ အယ်ကာလွိုက် အပါအဝင် ဓာတ်များသည် တံတွေးနှင့် ပေါင်း၍ ကင်ဆာ ဖြစ်စေသည်။ ခံတွင်း ကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်း ကင်ဆာ၊ အစာမျို လမ်းကြောင်း ကင်ဆာနှင့် အစာအိမ် ကင်ဆာတို့ ဖြစ်စေသည်။ နီကိုတင်း၏ ကင်ဆာ ဖြစ်စေသော အာနိသင်သည် ကွမ်းသီးတွင် ပါသော အေရိုကိုလင်း (Arecoline) ကြောင့် ပို၍ အစွမ်းထက် တတ်သည်။ ကွမ်းစားခြင်းကြောင့် ဆိုးကျိုး မဖြစ်မီ ကွမ်းဖြတ်သင့်သည်။

ဆေးလိပ်နှင့် အဆုတ်ကင်ဆာ

၉ဝ ရာခိုင်နှုန်းသော အဆုတ်ကင်ဆာသည် ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်တွင် ပါဝင်သည့် နီကိုတင်းနှင့် ဓာတုပစ္စည်းပေါင်း ၄ဝဝ ကျော်သည် ကင်ဆာ ဖြစ်စေသည့် အပြင် အဆုတ် လေပြွန်များ အတွင်းတွင် မလိုအပ်သော ဓာတုပစ္စည်းများ စုမိပါက ကင်ဆာ ဖြစ်စေသည်။ စောစီးစွာ သိရှိနိုင်ရန် လိုအပ်သည်။ ကင်ဆာဖြစ်ပါ က ရေရှည် ချောင်း ဆိုးခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊ ရင်ကျပ်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ အသံ ပြောင်းခြင်း၊ အစားအသောက် ပျက်ခြင်းတို့ ဖြစ်ပွားတတ်သည်။ အဆုတ်ကင် ဆာ ဖြစ်နေကြောင်းကို ရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန်၊ သလိပ် စစ်ဆေးခြင်း၊ အသက်ရှူ လမ်းကြောင်း မှန်ပြောင်းဖြင့် ကြည့်ခြင်း စသော နည်းလမ်း များစွာဖြင့် စစ်ဆေးနိုင်မည် ဖြစ်သ ည်။ ဆေးလိပ်မသောက်လျှင် အဆုတ်ကင်ဆာ ဖြစ်ရန် ၅ဝ ရာခိုင်နှုန်း ကျဆင်းသွားပြီး နှစ် ၂ဝ ဆေးလိပ်ဖြတ်လျှင် နဂိုအဆုတ် အနေအထားသို့ ပြန်ရနိုင်သည်။

အဆုတ်ကင်ဆာ ကုသမှု

အဆုတ်ကင်ဆာ ကုသမှုသည် ပျံ့နှံ့ဖြစ်ပွား မှုအဆင့်၊ တစ်သျှူး အမျိုးအစား၊ လူနာအသက်၊ မူလ ကျန်းမာရေး အခြေအနေ စသည်တို့အပေါ် မူတည်သည်။ စောစီးစွာ သိရှိပါက ခွဲစိတ် ကုသလျှင် ပျောက်ကင်းနိုင်သည်။ နောက်ပိုင်း ခွဲစိတ် ကုသပြီး ကင်ဆာ ဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ ပူးပေါင်းပါဝင်မှုက ပို၍ ရလဒ် ကောင်းခြင်းကြောင့် နှစ်မျိုး သို့မဟုတ် သုံးမျိုးတွဲ ကုသမှုကို သုံးလာကြသည်။ အဆုတ်ကင်ဆာ အားလုံး၏ ၅ ရာခိုင်နှုန်း သာ နောက်ထပ် ငါးနှစ်သ က်တမ်းရှည်နိုင်သည်။

အရက်နှင့် အသည်းကင်ဆာ

အသည်းကင်ဆာသည် ကမ္ဘာပေါ်ရှိ ကင်ဆာအားလုံးအနက် အသေအပျောက် အများဆုံး ဖြစ်သည်။ အသည်းကင်ဆာကို တရုတ်၊ ဟောင်ကောင်၊ မြန်မာ၊ အိန္ဒိယနှင့် ရုရှားတို့၌ ပိုမို တွေ့ရှိရသည်။ အသည်း ကင်ဆာသည် အသည်းရောင် ဘီပိုးနှင့် စီပိုးတို့ကြောင့် ဖြစ်တတ် သည်။ အရက် သောက်စားမှုသည် အသည်းရောင် ဘီနှင့် စီဗိုင်းရပ်စ်ပိုးကို ပွားများစေ၍ ပိုမိုဆိုးရွား စေသည်။ အသည်း ကင်ဆာ၏ လက္ခဏာများမှာ အသည်းကြီး လာခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးဝါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အစားအသောက် ပျက်ပြီး ပိန်ချုံးလာခြင်းတို့ ဖြစ်သည်။ ရောဂါ လက္ခဏာမပြမီ အသည်းကင်ဆာ ရှိ၊ မရှိ သိနိုင်ရန် အေအက်ပီဓာတ် တစ်မျိုး သွေးဖောက် စစ်ဆေးခြင်း၊ တီဗွီဓာတ်မှန်၊ ကွန်ပျူတာဓာတ် မှန်ရိုက်ခြင်း တို့ ပြုလုပ်ရမည်။ အသည်း သွေးကြောများ အတွင်းသို့ ဆေးထိုးခြင်း၊ အသည်း အစားထိုးခြင်း၊ ဓာတ်ရောင်ခြည်နှင့် ဟော်မုန်းများဖြင့် ကုသခြင်းတို့ ပြုလုပ်နိုင်သည်။ အသည်းရောင် ဘီ ကာကွယ် ဆေးထိုးထား သင့်သည်။ အရက်ကို လက်လွတ်စပယ် သောက်ခြင်းကို ဆင်ခြင်ရမည်။ အရက်ဖြတ်ရမည်။ အရက်ဖြတ်လျှင် အရက်စွဲ လက္ခဏာများ ပေါ်လာ တတ်သဖြင့် ဆရာဝန် နှင့် စနစ်တကျ ဖြတ်ရမည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ