လူ ငယ် ဆို တိုင်း သွေး မ တိုး ဘူး တဲ့ လား


 သွေးတိုးရောဂါဟု ဆိုလိုက်သည်နှင့် အသက်ကြီးပိုင်းတွင်သာ အဖြစ်များသည်ဟု သိထားကြသည်။ ယခု အခါ သွေးတိုးရောဂါသည် လူကြီးများတွင်သာ မက အသက် ၁၉-၃၅ အတွင်းရှိ လူငယ်များတွင်လည်း ဖြစ်ပွား တတ်သည်။ ထိုသို့ ဖြစ်ပွားခြင်းကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ Young Hypertension ဟု သတ်မှတ် ထားသည်။ Young Hypertension ဖြစ်ပွားရသည့် အကြောင်းအရင်းသည် မျိုးရိုးကို လိုက်၍သော် လည်းကောင်း၊ ယခုခေတ် လူငယ်တို့၏ နေထိုင် စားသောက်မှု ပုံစံတို့ကြောင့် လည်းကောင်း ဖြစ်ပွားရခြင်း ဖြစ်သည်။ ထို့အပြင် ကျောက်ကပ်ရောဂါ ဖြစ်ပွားနေသူများနှင့် ဟော်မုန်းနှင့် သက်ဆိုင်သော ရောဂါ ဖြစ်ပွား နေသူများတွင်လည်း သွေးတိုးရောဂါကို ဖြစ်ပွား စေနိုင်သည်။

သွေးတိုးရောဂါ လက္ခာဏာများသည် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင် ဝေဝါးခြင်း၊ ဇက်ကြောတက်ခြင်း စသည်တို့ ဖြစ်သည်။ ထိုကဲ့သို့ ရောဂါလက္ခာဏာများ ခံစားနေရပါက ဆောလျင်စွာ ဆေးကုသမှုကို ခံယူ သင့်သည်။ ဆေးကုသမှုကို မခံယူဘဲ အချိန်ကြာမြင့်စွာ နေပါက ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်သော ကိုယ်တစ်ခြမ်း သေခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်နိုင်ခြင်းတို့ အပြင် အဆိုးဆုံး ဖြစ်သော ဦးနှောက် သွေးကြောပေါက်၍ အသက်ကိုပါ ဆုံးရှုံးနိုင်သည် အထိ ဖြစ်လာ နိုင်သည်။ သွေးတိုး ရောဂါသည် နှလုံးရောဂါနှင့်လည်း ဆက်စပ်လျက် ရှိသည်။ ထိုကဲ့သို့ မဖြစ်ရလေအောင် ဆေးကုသမှုကို စောစီးစွာ ခံယူသင့် ပေသည်။

ထို့အပြင် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့်လည်း ကိုယ် အလေးချိန်ကို လျှော့ချ ရမည်။ အစားအသောက်ကို စားသုံးရာတွင်လည်း ချိုလွန်းသော၊ ငန်လွန်းသော အစားအစာများကို ရှောင်ရမည့် အပြင် အဆီကိုလည်း လျှော့စားရမည်။ ကျန်းမာရေး အတွက် အထောက်အကူ မပြုသော ဆေးလိပ်၊ အရက်၊ ကွမ်းယာတို့ သုံးစွဲခြင်းမှလည်း ရှောင်ရှားရမည်။ ပုံမှန် ဆေးသောက်နေသူ ဖြစ်ပါက ဆေးကို ပုံမှန် မပျက်မကွက် သောက်သုံးခြင်းဖြင့် သက်ရှည် ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်အောင် ကြိုးစား ရပေမည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ