(ကြို့ထိုးခြင်း) Hiccup


ကြို့ထိုးခြင်း

ခန္ဓာကိုယ် ရင်အုပ်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်းကို ခြားထားတဲ့ ကန့်လန့်ကာ ကြွက်သားဟာ အကြောင်း အမျိုးမျိုးကြောင့် နှိုးဆွခံရပြီး အလိုအလျောက် ကျုံ့ခြင်း၊ ဆန့်ခြင်း ဖြစ်ပေါ်လာကာ

ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ယင်းကန့်လန့်ဖြတ် ကြွက်သားခေတ္တ ကျုံ့တဲ့အခါ ရင်အုပ်ပိုင်း၊ ဝမ်းဗိုက်အပေါ်ပိုင်း တစ်ချက်တစ်ချက်တင်း၍ ကြို့ထိုးခြင်းကို အလွန်ခံရခက်စွာ ကြုံရတတ်ပါတယ်။

များသောအားဖြင့် ပါးစပ်ကျယ်ကျယ် ဟပြီးရယ်တဲ့အခါ၊ ကျယ်လောင်စွာ ပြောတဲ့အခါမှာ ပြင်ပက လေများရုတ်တရက် ရှူသွင်းမိခြင်းဖြင့် ကန့်လန့်ဖြတ်ကြွက်သား (DIAPHRAGM) ရုတ်တရက် နှိုးဆွခံရပြီး ကြို့ထိုးတတ်တယ်။ အစားအသောက်များကို လျင်မြန်စွာစားခြင်းနဲ့ အရက်၊ ဘီယာ သောက်ခြင်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။

ရောဂါ

ရောဂါကြောင့်လည်း ကာလကြာ ကြို့ထိုးနေတတ်တယ်။ အစာအိမ်တင်းခြင်း၊ ကျယ်ပြန့်ခြင်း၊ လေပွခြင်း၊ အဆုတ်ရောင်ခြင်း၊ ဝမ်းဗိုက်ပိုင်း အမြှေးပါး တစ်ခုလုံးရောင်ခြင်း၊ ကန့်လန့်ကာ ကြွက်သားအောက် ပြည်တည်ခြင်း၊ ကန့်လန့်ကာ ကြွက်သားမှာ အူကျွံနာဖြစ်ခြင်း၊ အသည်းကင်ဆာ၊ အစာအိမ် ကင်ဆာတို့ကြောင့် ကြို့ထိုးခြင်းဖြစ်တယ်။ သားနေရည် အကျိတ်ရောင်ခြင်း၊ နှလုံးမြှေးရောင်ခြင်း၊ နှလုံးကြီးခြင်းနှင့် အခြား အစိတ်အပိုင်းများ ရောင်ခြင်း၊ အရက်၊ ဘီယာအလွန်အကျွံ သောက်ခြင်း၊ ကျောက်ကပ်ရောဂါကြောင့် သွေးထဲနိုက်ထရိုဂျင်နှင့် ပတ်သက်တဲ့ အညစ်အကြေး စုပေးခြင်း၊ ကာလသားရောဂါ (syphilis) ၏ဘေးထွက်ဆိုးကျိုး၊ ဦးနှောက်ထဲ ရေဝင်ခြင်း၊ ဦးနှောက်အတွင်း သွေးခဲခြင်း၊ အသားပို၊ အကျိတ်များ ဖြစ်ပေါ်ခြင်း၊ လေပြွန်ရောဂါ ဖြစ်ခြင်းဖြစ် တို့ကြောင့် ကြို့ထိုးတတ်တယ်။

ပြုစုနည်း

ကြို့ထိုးရင် ရေမသောက်သင့်ပါ။ အစာရေမျိုပြွန်မှ ရေဖြတ်သွားစဉ် အသက်ရှူရခက်ခြင်း၊ လေဝင်လေထွက်ကြောင့် ခေတ္တရပ်တန့်ထားရလို့ ခဏတာ သက်သာစေတယ်။ ကြို့ထိုးစဉ် လေအဆက်မပြတ် ဝင်ထွက်နေလို့ ကန့်လန့်ကာ ကြွက်သားကျုံ့ခြင်း၊ ဆန့်ခြင်းက ထိန်းမရ ဖြစ်စေတယ်။ လေဝင်လေထွက်၊ အစာနှင့် ရေဝင်၊ ရေထွက်ခြားပေးတဲ့ အရိုးနု စသည်တို့ တစ်ပြိုင်နက် အပိတ်အဖွင့် မလုပ်နိုင်ရင် ပွင့်နေတဲ့ လေပြွန်ထဲသို့ ပါးစပ်မှငုံထားသော ရေများရောက်ရှိကာ ချောင်းဆိုးခြင်း ဖြစ်တယ်။ အဆင်မသင့်ပါက အဆုတ်တွင်း ရေ ဝင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာတတ်တယ်။ ပါးစပ်ထဲလေ အဆက်မပြတ်ရှူသွင်း၊ လျှာရှည်ရှည်ထုတ်၍ လက်ချောင်းများဖြင့် အာခေါင်းပိုင်း ဆွပေးခြင်းဖြင့် အန်ချင်လာမယ်၊ အန်ပြီးရင် သက်သာသွားတယ်။ လက်ကိုင်ပဝါဖြင့် နှာခေါင်းပေါက်ပိတ်ပြီး ခေတ္တအသက်ရှူခြင်း ရပ်တန့်ရမယ်။ အချို့ကြို့ထိုးစဉ် အသက်ရှူအောင့်ပြီး ရေသောက် ရင် ပျောက်သွားတယ်။ ကြို့ထိုးစဉ် အသက်ရှူအောင့်တာ လုံးဝမလွယ်ကူတတ်ပါ။

ကုသခြင်း

ရောဂါကြောင့်ဖြစ်လျှင် ရောဂါပျောက်ကင်းအောင် ကုရမယ်။ ရုတ်တရက် အထိတ် တလန့်ဖြစ်စေခြင်းက ကြို့ထိုးခြင်းကို လျော့စေတယ်။ ပြင်ပမှလာသော ရုတ်တရက် ပြင်းထန်တဲ့ နှိုးဆွမှု အသစ်က မူလနှိုးဆွခြင်းမှာ ဖြစ်ပေါ်လာတဲ့ အာရုံကြောလှုပ်ရှားခြင်း ဖြစ်စဉ် ပြတ်တောက်သွားလို့ ကြို့ထိုးခြင်း ရပ်သွားတယ်။ ကြို့ထိုးခြင်းဟာ အန္တရာယ်ပေးနိုင်တဲ့ ရောဂါ မဟုတ်ပေမယ့် တဒင်္ဂအတွင်း အခံရခက်လှသော ဝေဒနာတစ်ရပ် ဖြစ်တယ်။ ကြို့ထိုးခြင်း၏ အခြေခံရောဂါ (အသည်းကျွတ်ဆတ်ခြင်း၊ အသည်းကင်ဆာ) တို့ကလည်း အသက်အန္တရာယ် ရှိစေတာ တွေ့ရတယ်။ အရက်၊ ဘီယာရှောင်သင့်တယ်။

အကြံပြုခြင်း

ကျန်းမာရေး ကောင်းသူအတွက် ကြို့ထိုးခြင်းဟာ ယေဘူယျ ခဏတာသာ ဖြစ်တယ်။ ဖြစ်ခြင်းမြန်သလို ပျောက်ခြင်းလည်းမြန်တယ်။ အများအားဖြင့် ရောဂါမရှိဘဲ ကြို့ထိုးခြင်း ခံစားကြရတယ်။ ကြို့ထိုးနေစဉ် ရေသောက်ပါက ချောင်းဆိုးနိုင်တယ်။ အဆင်မသင့်ရင် အဆုတ်အတွင်း ရေရောက်ရှိပြီး အဆုတ်ရောင်ခြင်း၊ ချောင်းအဆက်မပြတ် ဆိုးခြင်းဖြစ်စေနိုင်ကြောင်း ဖော်ပြအပ်ပါ တယ်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ