ဓာတ်မတည့်မှုဖြစ်စေပြီး ပန်းနာရင်ကျပ်ထစေသော အရာများ

ချောင်းဆိုးတာ၊အသက်ရှုကျပ်တာနဲ့ချွဲထတာ စတာတွေကိုမကြာခဏခံစား
နေရပါသလား။ဒီဝေဒနာတွေကဓာတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်ရောဂါထတာ
ရဲ့အဖြစ်များတဲ့လက္ခဏာတွေဖြစ်ပါတယ်။ဓာတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်
ရောဂါလက္ခဏာတွေကိုရှောင်လွဲဖို့အေက်ပါအရာတွေကိုရှောင်ရှားဖို့လိုပါ
တယ်။

ပိုးဟပ်နှင့် အခြားအိမ်ရှိအင်းဆက်များ

အသန့်ရှင်းဆုံးအိမ်တွေမှာတောင်ပိုးဟပ်၊ယင်ကောင်၊မှတ် စတဲ့ အကောင်
တွေရှိတတ်ပါတယ်။ဒီအင်းဆက်ပိုးတွေကထွက်တဲ့ချေးတွေက အသက်ရှူ
လမ်းကြောင်းအပေါ်မကောင်းတဲ့သက်ရောက်မှုဖြစ်စေပြီး ဓာတ်မတည့်မှု
ဖြစ်တတ်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ကြမ်းခင်းနဲ့ဘုံပိုက်ခေါင်းတွေကိုသန့်ရှင်းစင်ကြယ်
အောင်ထားပြီးအိမ်ထဲကိုအင်းဆက်ပိုးတွေမ၀င်ရောက်အောင်ကာကွယ်ပါ။အံ
ဆွဲ၊ဘီဒိုနဲ့အခြားမည်းမှောင်တဲ့အခန်းထောင့်လိုနေရာမျိုးမှာအင်းဆက်တွေ
ကပ်ညှိနေနိုင်တဲ့အတွက်မကြာခဏသန့်ရှင်းရေးပြုလုပ်ပြီးအင်းစက်ချေးတွေ
ကိုဖုန်စုပ်စက်နဲ့ဖယ်ရှားသန့်စင်ပါ။

ဖုန်မှုန်မွှားများ

မဖိတ်ခေါ်ပဲဝင်လာတဲ့အင်းဆက်ပိုးတွေကသေးငယ်လွန်းတာကြောင့်
အသက်ရှူလမ်းကြောင်းပြသနာကိုဖြစ်စေနိုင်ပါတယ်။ဖုန်မှုန်မွှားတွေကအရေပြား
ဆဲလ်တွေကိုစားပြီးသူတို့ရဲ့မစင်နဲ့ခန္တာကိုယ်အစိတ်ပိုင်းတစ်ချို့ကိုချန်ထား
ခဲ့ပါတယ်။အဲဒီအရာတွေနဲ့ထိတွေ့ရှူရှိက်မိတဲ့အခါဓာတ်မတည့်မှုဖြစ်စေပြီး
ပန်းနာရင်ကျပ်လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ခန်းစီး၊လိုက်ကာ၊ကြမ်းခင်း၊အိမ်တွင်းပရိဘောဂ
ပစ္စည်းတွေကိုဖုန်သုတ်ပါ။အိပ်ရာခင်းကိုတစ်ပတ်တစ်ခါလျှော်ပါ။ခေါင်းအုံးနဲ့
မွေ့ရာတွေကိုအမြဲဖုန်းအုပ်ထားပါ။

အချို့အစာများ

မြေပဲနဲ့ပုဇွန်လိုအခွံမာငါးတွေဟာဓာတ်မတည့်မှုကိုဖြစ်စေနိုင်သလိုပန်းနာ
ရင်ကျပ်ရောဂါထစေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--သင့်ကိုဓာတ်မတည့်မှုဖြစ်စေတဲ့အစာတွေကိုရေး
မှတ်ထားပြီးရှောင်ပါ။

မှိုပိုးများ

သင့်အိမ်တွင်းမှာစိုထိုင်းတဲ့နေရာဟာသင့်ကိုဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့နေရာပါ။
ရေချိးခန်း၊အ၀တ်လျှော်တဲ့နေရာနဲ့ မြေအောက်ခန်းတို့ဟာဓာတ်မတည့်မှု
ဖြစ်စေပြီးပန်းနာရင်ကျပ်ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--နှာခေါင်းစည်းတပ်ပြီးမှိုနဲ့ရေညှိတွေကိုဖယ်ရှားသန့်စင်ပါ။
အိမ်တွင်းစိုစွတ်
တဲ့နေရာတွေကိုခြောက်သွေ့အောင်ထားပါ။

တိရစ္ဆာန်အညစ်အကြေးများ

အိမ်မွေးတိရစ္ဆန်အမွေးအမျှင်တွေက အ၀တ်အစားနဲ့ပရဘောဂတွေမှာကပ်
ငြိပြီးဓာတ်မတည့်မှုကိုဖြစ်စေနိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်အညစ်အကြေး
တွေကအလွန်သေးငယ်ပြီးရှုသွင်းမိတဲ့အခါ အသက်ရှူလမ်းကြောင်းစနစ်ကို
ထိခိုက်စေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ခွေး၊ကြောင်စတဲ့အိမ်မွေးတိရစ္ဆာန်တွေမွေးမြူချင်
ရင်သန့်ရှင်းရေးကိုစနစ်တကျလုပ်ဆောင်ပါ။ဒါမှမဟုတ်သူတို့ကိုသီးခြားနေ
ရာထားပေးပါ။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
By- Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ