အိန္ဒိယတွင် စည်းစိမ်ဥစ္စာ ပြည့်စုံစွာ ထားပေးနိုင်စွမ်း မရှိသော ခင်ပွန်း ဖြစ်သူကို ဇနီးဖြစ်သူက မီးရှို့သတ်

ဘီဟိုင်း မေ ၂၆

အိန္ဒိယနိုင်ငံ Madhavganj ခရိုင်မှ ချာမီလီ အမည်ရှိ အမျိုးသမီး တစ်ဦးသည် သူမကို စည်းစိမ်ဥစ္စာ ပြည့်စုံစွာ မထားနိုင်သော သူမ၏ ခင်ပွန်းဖြစ်သူကို နေအိမ်၌ မီးရှို့သတ်ဖြတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် များက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ သတ်ဖြတ်မှုသည် မေ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ချာမီလီသည် သူမ၏ ခင်ပွန်းဖြစ်သူ ရာသော့ဒ် အိပ်ပျော်နေစဉ် ရာသော့ဒ်၏ ခြေလက်များကို ခုတင်တိုင်၌ ချည်နှောင်ခဲ့ပြီး ရေနံဆီလောင်း၍ မီးရှို့သတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ချာမီလီသည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးသွားခဲ့ပြီး ရာသော့ဒ်ကို အိမ်နီးချင်းများက လာရောက် အကူအညီ ပေးကြသော်လည်း ၎င်းမှာမီးလောင် ဒဏ်ရာများနှင့် သေဆုံး သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ချာမီလီကို ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့သော်လည်း ယင်းအမှုတွင် ပါဝင်ခြင်း မရှိကြောင်း သူမက ငြင်းဆိုခဲ့သည်ဟု သိရသည်။

၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးတွင် သားသမီး နှစ်ဦးရှိပြီး ချာမီလီသည် စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် နေလိုသည့် ဆန္ဒရှိခဲ့ကြောင်း၊ သို့သော်လည်း ရာသော့ဒ်သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမား တစ်ဦး ဖြစ်သောကြောင့် ဇနီးဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ