ရွှေဂုံတိုင်ဂုံးကျော် တံတားအနီး၌ ယာဉ်(၅)စီးဆင့်ကဲ တိုက်မှုဖြစ်

ရန်ကုန်၊ မေ ၂၇

၂၇.၅.၂၀၁၄ရက်နေ့ ၀၉၅၀အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အတိုင်း ဦးထောင်ဘိုအ၀ိုင်းဘက်မှ ရွှေဂုံတိုင်ဘက်သို့ ယာဉ်မောင်း ဇေယျာလင်း (၃၄)နှစ်၊ စမ်းချောင်းမြို့နယ်နေသူ မောင်းနှင် လာသော ၈ည/---- စူပါကာစတန်ကိုယ်ပိုင်ယာဉ်သည် ဇိဝိတဒါန သံဃာ့ဆေးရုံရှေ့အရောက် မီးပွိုင့်မိ၍ရပ်ထားသော 9A---စူပါရုဗင် ကိုယ်ပိုင်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်ဘက်မှ ၀င်တိုက်မိခဲ့ ပါသည်။

ထိုသို့တိုက်မိသည့်အရှိန်ကြောင့် 9A---- ယာဉ်မှာ ၎င်း၏ရှေ့တွင်ရပ် နေသာ DD--- Probox Success အငှားယာဉ်အား လည်းကောင်း၊ DD---- ယာဉ်မှ ၄စ/---Probox အငှားယာဉ်အား လည်းကောင်း၊ ၄စ/---- ယာဉ်မှ CC---- ကယ်ဒီနာအငှားယာဉ်အားလည်းကောင်း အဆင့်ဆင့် တိုက်မိခဲ့သဖြင့် ယာဉ်(၅)စီးပျက်စီးခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇေယျာလင်းအား ဗဟန်းမြို့မ ရဲစခန်း ယာဉ်(ပ)၅၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ