ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် (၂.၁)ဘီလျံထိရှိလာ

 အဝလွန်ခြင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခြိမ်းခြောက်နေသည့် ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ (၁၉၈၀)ပြည့်နှစ်က ကမ္ဘာတဝှမ်းတွင် အဝလွန်သည်ဟု သတ်မှတ်နိုင်သူ အရေအတွက် (၈၇၅)သန်းမျှ ရှိခဲ့သည်။ ယခုအခါတွင်မူ (၂.၁)ဘီလျံထိ တိုးပွားလာခဲ့ကြောင်း Lancet Show သုတေသန စစ်တမ်းတွင် ဖော်ပြပါရှိခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် အချိုးအစား အများဆုံး နိုင်ငံများအဖြစ် ရပ်တည်နေကြောင်း သိရသည်။

အနောက်ဥရောပ ဒေသတွင် ဗြိတိန်က အဝလွန်သူများ စာရင်း၌ တတိယ ချိတ်ခဲ့သည်။ ယခုစစ်တမ်းကို ကမ္ဘာ့နိုင်ငံ (၁၈၈)ခုတွင် စုရုံးကောက်ယူ လေ့လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်ရှိ ကျန်းမာရေးဆိုင်ရာ အချက်အလက်နှင့် ကိန်းဂဏန်း တွက်ချက်မှုများ ဌာန (IHME)က ဦးဆောင်ကာ ယခုစစ်တမ်းကို ပြုစုခဲ့သည်။ ယင်းအဖွဲ့မှ သုတေသီများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ထံမှ အချက်အလက်များကိုလည်း အားဖြည့် ရယူခဲ့သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အဝလွန်မှု ပြဿနာ ကြီးထွားလာနေသော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ပိုမို၍ သိသာဆိုးရွားလျှက် ရှိသည်။

အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘရာဇီးလ်၊ မက္ကစီကို၊ အီဂျစ်၊ ဂျာမနီ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှား (၁၀)နိုင်ငံတွင်ပင် အဝလွန်သည်ဟု တွက်ချက်နိုင်သူဦးရေ (၆၇၁)သန်းထိ ရှိနေကြောင်း သိရှိရသည်။ ယခုစစ်တမ်းက အဝလွန်ခြင်းကို အရေးပေါ် ကမ္ဘာ့ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် ရှုမြင်စေသည့်ပြီဟု သုတေသီ တစ်ဦးဖြစ်သည့် ပရော်ဖက်ဆာ အလီမော့ခ်ဒက်က ဆိုသည်။ “ခက်တာက အဝလွန်မှုကို လျှော့ချနိုင်ပြီဆိုတဲ့ ဇာတ်လမ်းကောင်းလေးတွေ ကြားရဖို့ ကျွန်တော်တို့ တော်တော်ကြီး အချိန်စောင့်ရဦးမယ် ထင်တယ်”ဟုလည်း ၎င်းက ဝန်ခံပြောဆိုသွားသည်။

Planet Myanmar Network.

 ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် (၂.၁)ဘီလျံထိရှိလာ အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် အချိုးအစား အများဆုံး နိုင်ငံများအဖြစ် ရပ်တည်နေကြောင်း သိရသည်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ