အရုပ်ဟု တံဆိပ်ကပ်ထားပြီး နိုင်ငံဖြတ်သန်း ချောပို့ဖြင့် ပြန်ရောက်လာသော သေတ္တာအတွင်းမှ ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်း

တိုကျို- ဂျပန်ရဲတပ်ဖွဲ့ စုံထောက်များသည် နိုင်ငံကိုဖြတ်သန်းပြီး ချောပို့စနစ်ဖြင့် ပြန်လည်ရောက်ရှိလာသော ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ရီကာအိုကာဒါ (၂၉) နှစ်၏ ရုပ်အလောင်းကို ‘‘အရုပ်’’ ဟု တံဆိပ်ကပ်ထားသည့် နှစ်မီတာအရှည်ရှိသော သော့ခတ်ထားသည့် သေတ္တာတစ်လုံးဖြင့် စာတိုက်မှပေးပို့လိုက်သည်ကို တိုကျိုအနောက်ဘက်ရှိ ၎င်းနေထိုင်ရာ ဟာချီအိုဂျီစီးတီးတွင် ရဲက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အိုကာဒါသည် ပြီးခဲ့သည့် မတ်လကပင် ပျောက်ဆုံးနေခဲ့ပြီး ၎င်း၏ အလောင်းထည့်ထားသော သေတ္တာအတွက် အမြန်ချောပို့ခငွေပေးချေမှုကို ၎င်း၏ ခရက်ဒစ်ကတ်ဖြင့်ပင် ပေးချေထားကြောင်း တွေ့ရသည်ဟု ဆိုသည်။

အိုကာဒါမပျောက်ဆုံးမီ အချိန်က သူ၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် သူငယ်ချင်းတစ်ဦးနှင့် သွားတွေ့ရန်ရှိသည်ဟု ရေးသားထားခဲ့သည်ကို သိရသည်။

ရဲတပ်ဖွဲ့စုံစမ်းရေးသမားများသည် နေအိမ်သို့ ပြန်ရောက်လာသော ၎င်း၏ အလောင်းကို စစ်ဆေးရာတွင် ဓားဒဏ်ရာများစွာ တွေ့ရပြီး လက်များတွင်မူ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရာမှဖြစ်သော ဒဏ်ရာဒဏ်ချက်များ မတွေ့ရဟုဆိုသည်။

အိုဆာကာ ရဲတပ်ဖွဲ့ကလည်း အိုကာဒါ၏ ပတ်စ်ပို့ကို အသုံးပြုကာ တရုတ်အမျိုးသမီးတစ်ဦးနှင့်အတူ ရှန်ဟိုင်းသို့ ဦးတည်ထွက်ခွာသွားသော အမျိုးသမီးတစ်ဦးရှိခဲ့ကြောင်း သတင်းများက ဖော်ပြနေမှုကို အတည်ပြုရန် ငြင်းဆန်ထားသည်။

—Ref: BBC

7DAY DAILY


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ