ယခင် စကားများရန်ဖြစ်ဖူးသူက ကတ်ကြေးဖြင့်ထိုး၍သေဆုံး

နေပြည်တော်၊ မေ ၂၇

၂၀၁၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်နေ ဦးကျော်တင်မိုးသည် နတ်မောက်-မကွေးကားလမ်းဘေး၊ တမာပင်ဘုန်းကြီးကျောင်း ၀င်ပေါက်၊ ကျော်လင်း ကွမ်းယာဆိုင်ရှေ့တွင် သားဖြစ်သူ စည်ဟိန်မိုး(၂၁)နှစ်သည် ဒဏ်ရာများရရှိကာ နတ်မောက်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားကြောင်းသိရ၍ လိုက်သွားရာ စည်ဟိန်မိုးတွင် ၀ဲရင်အုံ အထက်/အောက်ထိုးသွင်းဒဏ်ရာ၊ နောက်ကျောဝဲခြမ်းထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ ထိုသို့တွေ့ရ၍မေးမြန်းရာ နတ်မောက်မှ မကွေးသို့ ဆိုင်ကယ်စီးလာသော စည်ဟိန်မိုးအား ယခင်အရက်အတူသောက်ရာက စကားများရန်ဖြစ်ဖူးသူ တစ်ရပ်ကွက်တည်းနေ ကိုဇော်(ခ)ဇော်မင်းဦး (၃၀)နှစ်မှ ကျော်လင်း ကွမ်းယာဆိုင်ရှေ့တွင် ကတ်ကြေးဖြင့်ထိုးခဲ့ကြောင်း သိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းရာ ကိုဇော်(ခ)ဇော်မင်းဦးအား နတ်မောက်မြို့မရဲစခန်း (ပ)၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ