ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်

  ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် ခင်ပွန်းသည်က ဒီလောက်နှင့် တော်ပြီ ဟု ချီးကျူးခဲ့ကြောင်း အကယ် ဒမီသက်မွန်မြင့် က ပြော သည်။

”ရုံတင်တော့ အစ်မ တို့နှစ်ယောက် စလုံး သွား ကြည့်ဖြစ်တယ်။ သက်မွန် ယောက်ျားလည်း တအား သဘောကျတယ်။ သက်မွန် ကတော့ ပရိသတ် ဝင်ပါ့မလား စိုးရိမ် မိတယ်”ဟု သက်မွန်မြင့်က ပြောသည်။

ဒါရိုက်တာဝိုင်း ရိုက်ကူး တင်ဆက်ပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နှင့် ဇင်ဝိုင်း တို့ အဓိက ပါဝင်သရုပ် ဆောင် ထားသည့် အဆိုပါ ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကား သည် ရုံတင်ရက် ထပ်တိုးရ သည်အထိ အောင်မြင်မှု ရရှိသည်ဟု သိရသည်။

”သက်မွန် ကြားတာတော့ ရုံတင်ရက် ထပ်တိုး မယ်။ ဘာပဲပြောပြော ပင်ပန်း ခဲ့သမျှ ပီတိဖြစ်တာ ပေါ့”ဟု သက်မွန်မြင့် က ပြောသည်။

”ဒီကားမှာ မှတ်မိတာ က ပရိသတ် ကြိုက်တဲ့ကား တော်တော် များများက ပင်ပန်းတဲ့ကား ဖြစ်တယ်။ ဒီ စေတန် ဆိုရင် တစ်ယောက် တည်းပြေး လိုက် နှစ် ယောက်ပေါင်း ပြေးလိုက် တော်တော်ကို ပြေးခဲ့ရ တယ်။ ချွေးတွေ ဆိုလည်း ကားထဲက မြင်တဲ့ အတိုင်း ပဲ။ ပြေးရင်းနဲ့ ပေါင်ကြော ညပ်တာတော့ အမှတ် တရပဲ” ဟု ၄င်းက ပြောသည်။

သက်မွန်မြင့်က အဆိုပါ စေတန်ရဲ့ ကချေသည် ဇာတ်ကား ရိုက်ပြီးသည့်နှစ်က အကယ်ဒမီ ရသည့် နှစ်နဲ့ တစ်နှစ် တည်း ကျပြီး ရိုက်ကွင်းမှာ ပေါင်ကြော ညပ်သည့် ဒဏ် က အကယ်ဒမီ ဆုတက်ယူသည် အထိ ခြေထောက် က ထော့ နဲ့ထော့နဲ့ဖြင့် ဆုတက် ယူခဲ့ရသည်ဟု သိရသည်။

”ပရိသတ်တွေ ဆီက ပြန်ကြား ရတာကတော့ ခြံပေါက်ဝ ကနေ ချောင်းကြည့် ပြီး နေတိုး ကိုမြင်တော့ လန့်သွားတဲ့ပုံ၊ လက်ဆောင် ပြေးဝယ် ရတဲ့ပုံ၊ ဇာတ်သိမ်းပိုင်း က ပန်းသီး ကိုက်တဲ့ပုံ ဒီဇာတ်ဝင်ခန်း တွေကို ကြိုက်ကြတယ်” ဟု သက်မွန်မြင့် က ဆို သည်။

ထူးထူး

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ