မာရီယို MTV ဇွန်လကုန်ပိုင်းတွင် ဖြန့်ချိမည်ဟု နီနီခင်ဇော်ဆို

ရန်ကုန်၊ မေ ၂၉

ဂီတလောကမှာ အဆိုပညာ ပြည့်ဝတဲ့ တေးသံရှင် တစ်ဦးအဖြစ် ပရိသတ်များရဲ့ အသိအမှတ်ပြု လက်ခံအားပေးမှုကို ရရှိထားတဲ့ တေးသံရှင် နီနီခင်ဇော်က သူ့ရဲ့ မာရီယို MTV ကို ဇွန်လကုန်ပိုင်းမှာ ဖြန့်ချိပေးတော့မှာပါလို့ The Voice ကို ပြောပါတယ်။

“မာရီယို MTV ကို အကောင်းဆုံး ဖြစ်စေချင်တဲ့အတွက် နီနီ သေချာအချိန်ယူပြီး ရိုက်ကူးထားပါတယ်။ သီချင်း တစ်ပုဒ်ချင်းစီကို စိတ်တိုင်းမကျမချင်း ပြန်ရိုက်တယ်။ တချို့ သီချင်းတွေဆို ရိုက်ပြီး တစ်ဝက်လောက်ရောက်မှ မကြိုက်လို့ အစကနေ ပြန်ရိုက်ရတာတွေလည်း ရှိတယ်။ ဒီ MTV ထဲမှာ လေယာဉ်ပျံနဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းနှစ်ပုဒ်ကို နီနီ တော်တော်လေး အားရတယ်။ မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းကို အစက ပုဂံမှာ ရိုက်ထားတာ။ ဒါပေမဲ့ ရိုက်ပြီးတော့မှ မကြိုက်လို့ ရှေးဟောင်း ဆက်တင်တွေ ဆောက်ပြီး မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေနဲ့ ပုံဖော် ရိုက်ကူးထားပါတယ်။ ဒီသီချင်းကို ဒါရိုက်တာ မောင်မောင်သာမြင့်က ရိုက်ကူးပေးထားပြီး နီနီကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်” လို့ မာရီယို MTV နဲ့ ပတ်သက်ပြီး နီနီခင်ဇော်က ပြောပါတယ်။

မာရီယို MTV မှာ ပါဝင်တဲ့ သီချင်းတွေကို ဒါရိုက်တာ ဇော်ကိုကို၊ ဝင်းလွင်ထက်၊ အောင်မြတ်၊ အာကာ၊ ဝေဖြိုး၊ မောင်မောင်သာမြင့်တို့က ရိုက်ကူးပေးထားပြီး သရုပ်ဆောင် ထွန်းကိုကို၊ မြတ်သူကျော်၊ ထက်ဘုန်းနိုင်၊ ရှိုင်း၊ ခါရာ၊ မင်းသိမ်းခန့်၊ နေဝင်း၊ ဝင့်ယမုံလှိုင်နဲ့ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားကြောင်း၊ မာရီယို MTV ကို အကောင်းဆုံး ဖြစ်အောင် စေတနာထားပြီး ရိုက်ကူးထားတာကြောင့် ပရိသတ်များ ကျေနပ် အားရလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဇွန်လ ၁၄ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ တေးသံရှင် R ဇာနည်၊ မေဆွိ၊ မေခလာ၊ ချမ်းချမ်းတို့နဲ့ အတူ ပါဝင်သီဆို ဖျော်ဖြေဖို့ ရှိကြောင်း နီနီခင်ဇော်က ထပ်လောင်း ပြောကြားပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ