မီးရထား လမ်းကူးအား ဖြတ်ကူးသည့် သုံးဘီးဆိုင်ကယ်ကို ရထားတိုက်၍ ၁ ဦးသေ

နေပြည်တော်၊ မေ ၂၇

၂၀၁၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကန်သာကျေးရွာအနီး နေပြည်တော်-မြို့သစ်-ကျောက်ပန်းတောင်းမီးရထားလမ်း၊ မိုင်တိုင် အမှတ်(၃၀၈/၃-၄)ကြား ကန်သာကျေးရွာအ၀င်လမ်း၊ မီးရထားလမ်းကူးတွင် သုံးဘီးဆိုင်ကယ်(၁)စီးအား မီးရထားဖြင့် တိုက်မိကြောင်းသတင်းအရ မြို့သစ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ တောင်တွင်းကြီး-နတ်မောက်ကားလမ်းဘက်မှ ကန်သာလေးရွာ ဘက်သို့ နေပြည်တော်၊ ဥတ္တရသီရိမြို့၊ ရွှေနံသာရပ်ကွက်နေ ခိုင်ဇော်ဦး(၂၂)နှစ် မောင်းနှင်ပြီး မြို့သစ်မြို့၊ ကန်သာလေးကျေးရွာနေ မျိုးသန့်ထွန်း(၂၂)နှစ် လိုက်ပါလာသည့် ၄ဟ/xxxx သုံးဘီးဆိုင်ကယ်သည် မီးရထားလမ်းကူးအား ဖြတ်ကူးစဉ် ကျောက်ပန်းတောင်းဘက်မှလာသည့် အမှတ် ၁၀၂ အစုံ၊ ချောက်-နေပြည်တော် စာပို့ရထားဖြင့်တိုက်မိခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် မျိုးသန့်ထွန်းမှာ သုံးဘီးဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ရထားကြိတ်မိသဖြင့် ဦးခေါင်းကြေ၊ ဦးနှောက်ထွက်၊ ယာလက်ပြတ်၊ ယာပေါင်နှင့် ခြေသလုံးကျိုးကြေဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ခိုင်ဇော်ဦးအား မြို့သစ်မြို့မရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ