နတ်မောက်မြို့နယ်၌ နှာမောင်းပါသော ဝက်နှင့်မျောက်မျက်နှာနှင့်ဆင်သည့်ဝက်မွေးဖွား

 မကွေး မေ ၃ဝ

မကွေးတိုင်းဒေသကြီး နတ် မောက်မြို့နယ် တံခွန်တိုင်ကျေး ရွာတွင် ဝက်မကြီးတစ်ကောင်မှ နှာမောင်းပါ ဝက်မလေးတစ် ကောင်၊ မျောက်မျက်နှာနှင့်ဆင် သည့် ဝက်မလေးတစ်ကောင်နှင့် ပုံမှန်ဝက်အထီးနှစ်ကောင် မွေးဖွား ခဲ့ကြောင်း ယနေ့နံနက် ၇ နာရီတွင် သိရသည်။

''ဒီဝက်မကြီးအသက်ကနှစ်နှစ် ရှိပြီ။ အရင်သားပေါက်တုန်းက ပုံမှန်ဝက်ထီး ငါးကောင်နဲ့ဝက် မလေးငါးကောင် စုစုပေါင်း ၁ဝ ကောင်မွေးတယ်။ အရမ်းလဲထွား တယ်။ မနေ့ကတော့ ဒုတိယသား ပေါက်တဲ့အချိန်က ညနေ ၄ နာရီခွဲ မှာ စမွေးတယ်။ ပုံမှန်ဝက်အထီး လေးနှစ်ကောင်မွေးပြီး တစ်နာရီ ကျော်မှ နောက်ထပ်မွေးလာတာ က ဆင်နှာမောင်းနဲ့ဝက်မလေး မွေးတယ်။ ဆက်ပြီး မျောက် မျက်နှာနဲ့ဝက်မလေးထပ်မွေးတယ်။ ဒီသတင်းလဲ လူတွေကြားကြရော လာကြည့်လိုက်တာ မနည်းဘူး။ မြို့ပေါ်ကလူတွေတောင်မနေဘူး။ လာကြည့်သွားကြတယ်''ဟု ဝက်ပိုင်ရှင်ဦးထွန်းထွန်းထိုက်က ပြောသည်။

''ဝက်တွေမွေးတဲ့အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် မိုးဦးစပြီးရွာ တယ်။ တော်တော်တော့ ထူးဆန်း တယ်''ဟု ဒေသခံတစ်ဦးကပြော သည်။

ထူးဆန်းစွာမွေးသောနှာမောင်း နှင့်ဝက်မလေးသည် မွေးဖွားပြီး တစ်နာရီကျော်ခန့်တွင် သေဆုံး သွားကာ မျောက်မျက်နှာနှင့်ဆင် သည့် ဝက်မလေးတစ်ကောင်နှင့် ပုံမှန်ဝက်အထီးလေးနှစ်ကောင် သည် အသက်ရှင်နေသော်လည်း မွေးဖွားချိန်တွင် လူများဝိုင်းအုံ ကြည့်ခြင်းကြောင့် ဝက်မကြီးသည် ကြောက်စိတ်များဝင်ပြီးဝက်ကလေး များကို နို့တိုက်ကျွေးရန်ပင်အနား အကပ်မခံသဖြင့် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

နတ်မောက်သားမြွေဟောက်
The Union Daily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ