အမေရိကန်နိုင်ငံသားတစ်ဦး နေအိမ်တွင်သေဆုံးနေ၍ သေမှုသေခင်းဖွင့် စစ်ဆေးလျက်ရှိ

ရန်ကုန်၊ ဇန်န၀ါရီ ၂၈

၂၈.၁.၂၀၁၄ရက်နေ့၀၈၃၀အချိန် ကမာရွတ်မြို့မရဲစခန်းမှူးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ အောင်ချမ်းသာ(၄)လမ်းနှင့် န၀ရတ် လမ်းထောင့်၊ မေသူအိမ်ယာ၊ တိုက်(E)၊ အခန်း(၁၀၂)တွင် နိုင်ငံခြားသား တစ်ဦး သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါအခန်းတွင် တစ်ဦးတည်းနေထိုင်ပြီး PISM ကျောင်း၊ ကွန်ပျူတာနည်းပြအဖြစ်လုပ်ကိုင်သူ အမေရိကန်နိုင်ငံသား Mr. Lom Eric Gold Fmith၊ (၄၆)နှစ် ဖြစ်ကြောင်းတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ယခင်ကတည်းက နှလုံးသွေးကြော ကျဉ်းရောဂါနှင့်ဆီးချိုရောဂါတို့ဖြင့် ဆေးခန်းပြကုသခံယူနေသူဖြစ်ပြီး ယင်းနေ့ ၀၈၃၀ အချိန်ခန့်က ကျောင်းမန်နေဂျာ ဦးအောင်ဆန်းလွင်မှ
ဆေးခန်းပြသပေးရန်သွားရောက်ခေါ်ဆောင်စဉ် အခန်းတံခါးပိတ်ထား၍ ဘဲလ်တီးခေါ်သော်လည်းမရသဖြင့် သော့အပိုဖြင့်ဝင်ရောက်ကြည့်ရှုရာ ၎င်းအား ဧည့်ခန်းဆိုဖာထိုင်ခုံပေါ်တွင် အပေါ်အင်္ကျီမပါ၊ ဘောင်းဘီတို
ဝတ်လျက် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် ရဲစခန်းသို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အမေရိကန်နိုင်ငံသားသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ