ဘောလုံးကန်စဉ် စကားများရာမှ လူသတ်မှုဖြစ်

မှော်ဘီမြို့နယ်တွင် ဘောလုံးကစားစဉ် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးမှာ ချွန်ထက်သောအရာ ဖြင့် ခုနစ်ချက်ခန့်ထိ ထိုးသွင်းသတ်ဖြတ်ခံလိုက်ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဇန်န၀ါရီ ၂၃ တွင် သတင်းထုတ်ပြန်သည်။

အမှုမှာ သန္ဓေပင်ကျေးရွာအုပ်စု၊ ကြက်ဖြူကန်(ရှမ်းပိုင်း)ကျေးရွာနေ ကိုကိုနိုင်(၃၆)နှစ်သည် ဇန်န၀ါရီ ၂၂ ရက် ညနေ ၆ နာရီတွင် ယောက်ဖဖြစ်သူမှာ ဘောလုံးကန်စဉ် စကားများရန်ဖြစ်မှုကြောင့် လမ်းဘေးတွင် လဲနေကြောင်း ကြားသိသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

ရဲဘော်ဈေးထိပ်ရှိ စာသင်ကျောင်းရှေ့ လယ်ကွင်းထဲတွင် ဘောလုံးသွားကန်သော ယောက်ဖဖြစ်သူ ၀ဏ္ဏ(၃၃)နှစ်မှာ တစ်ရွာတည်းနေ ကျော်မျိုးဦး (ခ)ပသိုင်း(၃၄)နှစ်နှင့်အတူ စကားများရန်ဖြစ်ရာမှ ချွန် ထက်သောအရာဖြင့် အထိုးခံရသဖြင့် ရှမ်းပိုင်းလမ်းတွင် လဲကျနေခြင်းဖြစ်ကြောင်း သိရသည်။

ယောက်ဖဖြစ်သူကို ကြည့်ရှုရာတွင် ထိုးသွင်းဒဏ်ရာများရရှိကာ သတိလစ်နေသည်ကို တွေ့ရှိခဲ့ရသည် ဟု တရားလိုဘက်က ရဲထံထွက်ဆိုထားသည်။

ထို့ကြောင့် အချွန်ဖြင့် ထိုးခံရသည့် ၀ဏ္ဏကို မှော်ဘီဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ ကုသရသောကြောင့် ကျော်မျိုးဦး(ခ)ပသိုင်းကို အရေးယူပေးရန် ဦးကိုကိုနိုင်က အမှုဖွင့်တိုင်တန်းထား ခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူသည် ဆေးရုံတွင် ကုသနေစဉ် သေဆုံးသွားသဖြင့် အမှုကို လူသတ်မှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ၍ ဆက်လက်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ