မိုင်လီဆိုင်းရပ်စ်ကို အားကျနေသည့် တက်သစ်စ အဆိုတော်မလေး

Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်

သူမအနေဖြင့် မိုင်လီဆိုင်းရပ်စ်၏ မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချမှုမျိုးကို နှစ်သက် သဘောကျမိကြောင်း တက်သစ်စ အဆိုတော်မလေး အေရီရာနာ ဂရန်ဒီက ပြောကြားလိုက်သည်။ Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။ Wrecking Ball ဂီတ ဗီဒီယိုတွင် မိုင်လီက ဝတ်လစ်စားလစ် ပုံရိပ်များ ထည့်သွင်းခဲ့သလို ပြီးခဲ့သည့်နှစ် MTV၏ VMA ဆုပေးပွဲတွင် ကြမ်းတမ်းလော်လီလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လူပြောများခဲ့သည်။

မိုင်လီ့အနေဖြင့် ဝေဖန်မှုများ ကြုံနေရသော်လည်း ထောက်ခံရပ်တည်သူများလည်း ရှိနေရာ ယင်းတို့အနက် အေရီရာနာက တစ်ဦးအပါအဝင် ဖြစ်လာသည်။ အေရီရာနာက "ကျွန်မကတော့ မိုင်လီ့စိတ်ကို သဘောကျတယ်။ သူ့ကို Rock Starတစ်ယောက်လို မြင်တယ်။ မိုင်လီဟာ ကိုယ့်သရုပ်သကန်ကိုယ် ယုံယုံကြည်ကြည် ထုတ်ပြနေတာလို့ ကျွန်မ ထင်ပါတယ်။ Popဂီတ ယဉ်ကျေးမှုမှာ နည်းနည်းပါးပါး လွန်ကဲသွားတာဟာ အမှားတစ်ခု မဟုတ်ဘူး။ ပြောရရင် ကျွန်မကိုယ်တိုင်လည်း သံဘောလုံးကြီး တစ်ခုပေါ်မှာ ဝတ်လစ်စားလစ် တက်ထိုင်ပြရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုမျိုး လိုချင်မိပါတယ်။ ဒီအခြေအနေမှာ ကိုယ့်ခန္ဓာကိုယ်အပေါ် အပြည့်အဝ ဂုဏ်ယူယုံကြည်စိတ် ရှိနေရမယ်လေ"ဟု ပြောကြားခဲ့သည်။

အသက်(၂၀) အရွယ်ရှိ အေရီရာနာက Popဂီတ လောက၏ လူဆိုးလေးအဖြစ် နာမည်ကြီးနေသော ဂျက်စတင်ဘီဘာကိုလည်း ကာကွယ်သွားသည်။ ဂျက်စတင်သည် မကြာသေးမီက အရက်သောက်ပြီး ကားမောင်းမှုဖြင့် အဖမ်းခံရသည်။ "လူတွေက ပုံကြီးချဲ့နေတာပါ။ Twitterမှာ ဒါမျိုးဒါမျိုးတွေကို လူပေါင်းစုံ လုပ်ပြတာတွေ ဂုဏ်ယူပြီး ရေးနေတာပဲ။ အဲဒီလူတွေကျတော့ မျက်ကွယ်ပြု ခံနေရတယ်။ ဂျက်စတင် အဆင်ပြေပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်"ဟု သူမက ဂျက်စတင်ဘက်မှ ရပ်တည် ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ