တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ မန်ယူအသင်းခေါင်းဆောင် လက်ပတ်ကိုရယူမယ့် တိုက်စစ်မှူး ဝိန်းရွန်းနီ

ရလဒ်ဆိုးများ ဆက်တိုက်ကြုံတွေ့နေရသော မန်ချက်စတာယူနိုက်တက် အသင်းက အဓိကတိုက်စစ်မှူး ဝိန်းရွန်းနီအား ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုရန် ကမ်းလှမ်းထားပြီး အဆိုပါ စာချုပ်အရ ရွန်းနီမှာတစ်ပတ်လုပ်ခလစာပေါင် ၃ သိန်းရရှိမည့်အပြင် အသင်းခေါင်းဆောင် ရာထူးကိုပါ ရရှိမည်ဖြစ်ကြောင်း Mirror Sport က ရေးသားဖော်ပြထားသည်။

ထို့အတူ အင်္ဂလန်စတား ရွန်းနီကအိုးထရက်ဖို့ဒ်တွင် ဆက်လက်နေထိုင်ရန် ဆန္ဒရှိနေပြီး ၎င်း၏အေးဂျင့်နှင့် အသင်းတို့ကြားအကြိုဆွေးနွေးမှု စတင်နေပြီဟု သိရ သည်။

မန်ချက်စတာ ယူနိုက်တက်အသင်းသည်ယခုဆောင်းရာသီ အပြောင်း အရွှေ့ဈေးကွက်တွင် ချဲလ်ဆီးအသင်း၏ အဓိကကွင်းလယ်လူ ဂျူအန်မာတာ အား ခေါ်ယူနိုင်ခဲ့ပြီး အသင်း၏ လက်ရှိအဓိက ကစားသမားများကို ဆက်လက်ထိန်းထားနိုင်ရန် ကြိုးပမ်းနေသည်။ လက်ရှိ အသင်းခေါင်းဆောင် နောက်ခံလူနီမန်ဂျာဗီဒစ်နှင့် လက်ထောက်
အသင်း ခေါင်းဆောင် ပက်ထရစ်အီဗရာတို့သည် ယခုနှစ်ရာသီကုန်တွင် အသင်းမှ ထွက်ခွာရန် ရှိနေသောကြောင့် ရွန်းနီအားကမ်းလှမ်းသောစာချုပ်တွင် အသင်းခေါင်းဆောင် ရာထူးပေးမည်အထိ မက်လုံးပေးခဲ့ခြင်း ဖြစ်သည်။

မန်ယူနည်းပြဒေးဗစ်မိုယက်စ်ကလည်း ရွန်းနီဦးဆောင်သော အသွင်သစ် မန်ယူဖြင့် ခေတ်တစ်ခေတ်ကို ထူထောင်ရန်ဆန္ဒရှိနေ သည်ဟုဖွင့်ဟထားသည်။ချဲလ်ဆီးစတား ဂျူအန်မာတာကို ပေါင် ၃၇သန်းဖြင့် ခေါ်ယူနိုင်ခဲ့မှုကအသင်း၏ လက် ရှိကစားသမားများအား ဆက်လက်ထိန်းထားနိုင်ရေးကို အထောက်အကူပြုစေလိမ့်
မည်ဟု ဘောလုံး ရေးရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

KYL

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ