နိုင်ငံခြားသား ပျောက်ဆုံးသွားသော ပိုက်ဆံအိတ်အားပြန်လည်ပေးအပ်

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ Rich Queen Hotel ၌ တည်းခိုလျက်ရှိသော အမေရိကန်နိုင်ငံသား Mr. Falbawskl Krukzpf သည် ၎င်း၏အနက်ရောင် ခေါက်ပိုက်ဆံအိတ်တစ်လုံး ကျပျောက်သွားပြီး အိတ်အတွင်း၌ VISA ဘဏ်ငွေထုတ်ကတ် (၁) ခု၊ American Express ဘဏ်ငွေထုတ်ကတ်(၁)ခု၊ Empire Medi-Blue အသက်အာမခံကတ်ပြား (၁) ခု၊ ယာဉ်မောင်းလိုင်စင် (၁) ခု၊ အမေရိကန် ၅ ဒေါ်လာတန် (၂) ရွက်နှင့် ၁ ဒေါ်လာတန် ၁ ရွက်တို့ပါရှိသဖြင့် ကူညီစုံစမ်း ရှာဖွေပေးရန် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (မန္တလေး) သို့ ဖုန်းဆက် အကူအညီ တောင်းခံခဲ့သဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ တပ်ဖွဲ့ဝင်များသည် နိုင်ငံခြားသားများ ဝင်/ထွက် သွားလာတတ်သည့်နေရာများအား လိုက်လံစုံစမ်း ရှာဖွေခဲ့သည်။

ထိုသို့စုံစမ်းရှာဖွေနေစဉ် အောင်မြေသာစံမြို့နယ်၊ မြနန်းစံကျော် ရွှေနန်းတော်မြက်ခင်းပြင်တွင် အနက်ရောင် ပိုက်ဆံအိတ် တစ်လုံးအား ရှေးဟောင်းဦးစီးဌာန ဝန်ထမ်းများက ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် တွေ့ရှိကြောင်း သိရှိရသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ပြီး မြနန်းစံကျော် ရွှေနန်းတော်ကျောင်းသို့ အဆိုပါ အမေရိကန် နိုင်ငံသားအား ခေါ်ယူပြသခဲ့ရာ ၎င်းပျောက်ဆုံးသွားသော ပိုက်ဆံအိတ်နှင့် ပစ္စည်းများ မှန်ကန်သဖြင့် ပြန်လည်ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

The Mirror Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ