နာမည်ကျော် မိုက်ခရိုဆော့ဖ် မြန်မာ့ပညာရေး ကဏ္ဍတွင် လေးနှစ်စီမံကိန်းဖြင့် ကူညီမည်

ဝန်ကြီးဌာနတို့နှင့်အသေးစိတ်ညှိ နှိုင်းမှုများ ပြီးဆုံးပါက မိုက်ခရိုဆော့ဖ် အနေဖြင့် ပညာရေးကဏ္ဍတွင် လေးနှစ် စီမံကိန်းနှင့် ကူညီဆောင်ရွက်သွားမည် ဟု မိုက်ခ ရိုဆော့ဖ်မြန်မာပြည်ရုံးခွဲ Knowledge Centricity မှ သိရသည်။

အဆိုပါစီမံကိန်းအတွက် ပညာ ရေးဝန်ကြီးဌာနအပါအဝင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူ လက်မှတ်ရေးထိုးနိုင် ရန်အတွက်ဝန်ကြီး ဌာနများ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေရ ခြင်းဖြစ်သည်ဟု အထက်ပါရုံးခွဲ၏ ဒုတိ ယဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် မိုက်ခရိုဆော့ဖ်အနေ ဖြင့် စီမံကိန်းအတွင်း လုပ်ဆောင်မည့် ပရောဂျက်များအား တင်ပြထားပြီး ယခု နှစ်ဆန်းပိုင်းတွင် သဘောတူလက်မှတ် ရေးထိုးနိုင် ရန် မျှော်လင့်ထားသည်ဟု သိရသည်။

မိုက်ခရိုဆော့ဖ်၏ပြည်တွင်း ပညာ ရေးကဏ္ဍအတွက် ဆောင်ရွက်မည့် လေးနှစ်တာစီမံကိန်း၌ အဓိကအနေဖြင့် နှစ်ပိုင်းခွဲ ဆောင်ရွက်သွားမည်ဖြစ်ကာ ဆရာ၊ ဆရာမ များကို အိုင်တီနည်း ပညာနှင့် ပတ်သက်သည့် သင်တန်းများ လေ့ကျင့်သင်ကြားပေးရန်လည်း ရည် ရွယ်ထားကြောင်း သိရသည်။

”ဆရာ၊ ဆရာမတွေက သိတယ်ဆို ပေမယ့် တချို့အရာတွေက ခေတ်မမီ တော့ဘူး”ဟု မိုက်ခရိုဆော့ဖ်ရုံးခွဲ ဒုတိယဥက္ကဋ္ဌက နည်းပညာနှင့် ပတ် သက်၍ ပြောသည်။

ထို့အပြင် အိုင်တီနည်းပညာများ ပါဝင်မည့် ညွှန်းတမ်းများကို ပါ ပြောင်းလဲရေးဆွဲစေမည့် အချက်များ စီမံကိန်းအတွင်းပါဝင်မည်ဖြစ်ရာ ၄င်း မှာ အခြေခံပညာနှင့် အဆင့်မြင့်ပညာ နှစ်မျိုးစလုံးအတွက် ဆောင်ရွက်သွား မည်ဟု သိရသည်။

သုတလင်း

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ