နာပိုလီ၏ မျက်စိရှုပ်စရာ ပြောက်ကျားဂျာစီဒီဇိုင်း ဝေဖန်ခံနေရ

ယခုရာသီတွင် အီတလီ စီးရီးအေ၌ မန်နေဂျာသစ် ရာဖာဘင်နီတက်ဇ်၏ ဦးဆောင်မှုများနှင့် အတူ လေးစား လောက်ဖွယ် စွမ်းဆောင် ရည်ကောင်းများ ပြသလာခဲ့သည့် နာပိုလီသည် အဝေးကွင်း ဂျာစီသစ်ကို မိတ်ဆက်လိုက်မှ ရယ်ပွဲဖွဲ့ချင်စရာ ဖြစ်လာကြောင်း သတင်းများက ဆိုသည်

နာပိုလီ အသင်းအနေဖြင့် အဆန်းထွင်ထားသည့် ပြောက်ကျားဒီဇိုင်း အဝေးကွင်း ဝတ်စုံကြောင့် လှောင်ပြောင်မှုများ ကြုံနေရကြောင်း သိရသည်။ ယခုရာသီတွင် အီတလီ စီးရီးအေ၌ မန်နေဂျာသစ် ရာဖာဘင်နီတက်ဇ်၏ ဦးဆောင်မှုများနှင့်အတူ လေးစားလောက်ဖွယ် စွမ်းဆောင်ရည်ကောင်းများ ပြသလာခဲ့သည့် နာပိုလီသည် အဝေးကွင်း ဂျာစီသစ်ကို မိတ်ဆက်လိုက်မှ ရယ်ပွဲဖွဲ့ချင်စရာ ဖြစ်လာကြောင်း သတင်းများက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်က စတင်၍ ပြသခဲ့သော ဂျာစီသစ်မှာ ရှုပ်ထွေးလွန်းပြီး ဘောလုံးကွင်းထဲတွင် မျက်စိနောက်စရာ ဖြစ်နေကြောင်း နာပိုလီ ပရိသတ်များ ကိုယ်တိုင်က ဝေဖန်နေကြသည်။ နာပိုလီသည် အဆိုပါ အဝေးကွင်း ဝတ်စုံသစ်ကို အတည်ပြု အသုံးပြုသွားမည်ဟု ကြေညာထားသည်။

နာပိုလီ၏ ဝတ်စုံသစ်သည် အစိမ်းပုပ်ရောင် အရိပ်များကို အားဖြည့်ခြယ်သထားသည့် ပြောက်ကျားဒီဇိုင်းကို အခြေခံထားခြင်း ဖြစ်သည်။ ထို့အပြင် မီးခိုးရောင်နှင့် အနက်ရောင်တို့ကို ရောစပ်ထားပြီး စပွန်ဆာ အမှတ်တံဆိပ်၏ စာသားအနီက အလယ်တွင် ထင်းထင်းကြီး ဖြစ်နေသည်။ ပရိသတ်များက ယခုဂျာစီ ဒီဇိုင်းကို ဖန်တီးသူသည် ပါရမီရှင် တစ်ဦးဖြစ်ကြောင်း အငေါ်တူး ပြောဆိုလျှက်ရှိကာ ဘောလုံးသမိုင်းတွင် အဆိုးဆုံး ဂျာစီတစ်ထည်ဟုလည်း ပြောဆိုလျှက် ရှိသည်။ ယခင်ကလည်း အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အဲဗာတန်သည် ဂိုးသမား ဂျာစီကို ပြောက်ကျားဒီဇိုင်း ထွင်မိသဖြင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရဖူးသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ