ဖြူးတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်။ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာ မြောက်ဘက် မီးရထားလမ်းတွင် ရထားကြိတ်၍ လူတစ်ဦးသေဆုံးနေကြောင်း သာဓုကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရမ်းအော်ဒေ့စ်မှ ဖြူးမြိုကမရဲစခန်းသို့ ဇန်နဝါရီလ(၂၈)ရက်၊ နံနက်(၉း၄၅)နာရီအချိန်တွင် ဖုန်းဖြင့်အကြောင်းကြားခဲ့သည်။

အဆိုပါဖြစ်စဉ်အား ဖြူးမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် သန်းဦးမှ သွားေ၇ာက်စစ်ဆေးရာ ရထားလမ်းမိုင်တိုင်အမှတ်(၁၃၆/၂၄)အနီး သံလမ်းတွင် အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသား (အမည်၊ နေရပ် စုံစမ်းဆဲ)သည် ဦးခေါင်းပြတ်၍ သေဆုံးနေသည်ကြောင်းတွေ့ရှိရသည်။ ဦးခေါင်းမှာ ရထားသံလမ်းကြား၌ တွေ့ရှိရပြီး ခန္ဓာကိုယ်မှာ သံလမ်းအပြင် ဘက်တွင် ပက်လက်အနေအထားဖြင့် တွေ့ရှိရသည်။

အထက်ပါ ဟိန္ဒူအမျိုးသားသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဖြူးမြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ