မင်းသမီး အဖြစ် သရုပ်ဆောင်ခြင်းကို တက္ကသိုလ်ဝင်တန်း ပြီးမှ လုပ်ဆောင်ရန် စဉ်းစားပါမယ် ဆိုတဲ့ အကယ်ဒမီ ယွန်းယွန်း

ကလေး သရုပ်ဆောင်အဖြစ် ၂ဝ၁၂ ခုနှစ် အကယ်ဒမီ ရွှေစင်ရုပ်ဆုကို ပိုင်ဆိုင်ခဲ့သူ ယွန်းယွန်းက မင်းသမီးအဖြစ် ရုပ်ရှင် ရိုက်ကူးခြင်းကို တက္ကသိုလ် ဝင်တန်း ပြီးဆုံးချိန်မှ စတင်လုပ်ဆောင်ရန် စဉ်းစားမည် ဖြစ်ကြောင်း မြဝတီ သတင်းစာသို့ ပြောကြားခဲ့သည်။

ယွန်းယွန်းသည် လက်ရှိတွင် ချောင်းသာ ကမ်းခြေ၌ ''ဝါစိမ်းနီ ကမ္ဘာသိမ်းမည်'' ဇာတ်ကားကို ရိုက်ကူးခဲ့ကာ ကမ်းခြေ၌ မွေးနေ့ပွဲလေးကိုပါ ကျင်းပခဲ့ပြီးအဋ္ဌမတန်း အတန်းတင် စာမေးပွဲ ကြီးဖြေဆိုရန် ပြင်ဆင်တော့မည် ဖြစ်ကာ အထက်တန်း ပညာရေးဖြစ်သည့် နဝမတန်း နှင့် တက္ကသိုလ် ဝင်တန်းသို့ ရောက်ပါက ပညာရေး အတွက် ဦးစားပေး၍ လုပ်ဆောင် တော့မည် ဖြစ် ကြောင်း သိရသည်။

''သမီးက မင်းသမီး တစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးဖို့ကို တက္ကသိုလ် ဝင်တန်းပြီးမှ စဉ်းစားမှာပါ။ ဖေဖော်ဝါရီ တစ်လလုံးတော့ အဋ္ဌမတန်း စာမေးပွဲ အတွက် ပျက်ရက်မရှိ ကျောင်းတက်မှာ ဖြစ်ပြီး ပြန်လှန် သင်ကြားခြင်းတွေကို သေချာ ကျက်မှတ်ပါ့မယ်''ဟု ပြောပြခဲ့သည်။

ယွန်းယွန်းက အနုပညာ သက်တမ်း တစ်လျှောက်လုံး သူမကို အားပေးနေသော ပရိသတ်ကြီးကို ကျေးဇူးတင်လျက် အထူးကြိုးစား သရုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ