အလုပ်များလွန်းသဖြင့် လက်ထပ်ရန် မစဉ်းစားနိုင်သေးသည့် ကိတ်ဟတ်ဒ်ဆန်

အသက်(၃၄)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် မက်သရူး ဘယ်လာမီနှင့် တွဲနေသော်လည်း လက်ထပ်ရန် အစီအစဉ်သည် အလုပ်များလွန်းခြင်းကြောင့် ဖြစ်မြောက်လာဖွယ် မရှိသေးဟု ဆိုသည်

အနုပညာ အလုပ်များဖြင့် ရုန်းကန်နေရသည့် အခြေအနေကြောင့် ချစ်သူနှင့် လက်ထပ်မည့် ကိစ္စကို အကောင်အထည် မဖော်နိုင်သေးကြောင်း ကိတ်ဟတ်ဒ်ဆန်က ဝန်ခံခဲ့သည်။ အသက်(၃၄)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် မက်သရူး ဘယ်လာမီနှင့် တွဲနေသော်လည်း လက်ထပ်ရန် အစီအစဉ်သည် အလုပ်များလွန်းခြင်းကြောင့် ဖြစ်မြောက်လာဖွယ် မရှိသေးဟု ဆိုသည်။ Birbe Warsဇာတ်ဆောင် မင်းသမီးသည် Muse ဂီတအဖွဲ့မှ မက်သရူးနှင့် (၂၀၁၁)ခုနှစ်၊ ဧပြီလကတည်းက စေ့စပ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိ အချိန်ထိ မင်္ဂလာဆောင်နှင်းမှု မရှိသေးခြင်းကြောင့် သတင်းထောက်များက မေးမြန်းရာ ကိတ်က သူမအနေဖြင့် အလုပ်များလွန်း၍ ဖြစ်ကြောင်း ညည်းညူဖြေကြား သွားခဲ့သည်။

သူမနှင့် မက်သရူး လက်ထပ်ရန် ပြင်ဆင်နေပြီဆိုသော ကောလာဟ လများကို သတင်းသမားများက မေးမြန်းရာ ကိတ်က "မဟုတ်ပါဘူး။ ခုလောလောဆယ် အဲဒီကိစ္စကို မစီစဉ်အားသေးဘူး။ ကျွန်မအနေနဲ့ လောလောဆယ် အရမ်းကို အလုပ်များနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အကောင်းဆုံးမှာ ရှိနေဆဲပါ။ ကျွန်မအနေနဲ့ လက်ထပ်ဖို့ဆိုတာ အရေးအကြီးဆုံး အရာလို့လည်း မယူဆပါဘူး။ ကျွန်မကို ပျိုးထောင်ခဲ့တဲ့ မိဘတွေကလည်း လက်ထပ်ထားတာ မဟုတ်ဘူးလေ"ဟု တုံ့ပြန်ခဲ့သည်။

ကိတ်က "ကျွန်မအနေနဲ့ကတော့ လက်ထပ်ဖို့ စဉ်းစားထားပါတယ်။ လက်တွေ့လည်း အကောင်အထည် ဖော်ဖြစ်မှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ လုပ်စရာတွေ များလွန်းတယ်။ လက်ထပ်ပွဲတစ်ခုကို စီစဉ်ရတယ် ဆိုတာက အင်မတန် အချိန်ယူရတာပါ။ တစ်ဖက်မှာ ကျွန်မက ရုပ်ရှင်တစ်ကားရိုက်ဖို့ တာဝန်ယူရတာတွေ ရှိနေသေးတယ်။ ဒါကြောင့် ခုလောလောဆယ်နဲ့ သိပ်မကြာခင် အတောအတွင်း အချိန်တွေမှာတော့ လက်ထပ်ဖို့ကိစ္စ မဖြစ်နိုင်သေးပါဘူး"ဟုလည်း ရှင်းပြသွားသည်။ ကိတ်နှင့် မက်သရူးတို့သည် (၂၀၁၁)ခုနှစ်၊ ဇူလိုင်လတွင် သားငယ်လေး ဘင်ဟမ်ဟွမ်း ဘယ်လာမီကိုလည်း ဖွားမြင်ထားပြီး ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ