တူနာငါးက ရင်သားကင်ဆာကို တားဆီးကာကွယ်ပေးနိုင်


အမေရိကန် သုတေသနတစ်ခု အရ တူနာငါးသည် ရင်သား ကင်ဆာကို တားဆီးကာကွယ်ပေး နိုင်ပြီး ငါးစားသုံးခြင်းသည် ရင် သားကင်ဆာဖြစ်နေသည့် အမျိုး သမီးများ၏ အသက်ရှင်သန်နိုင်မှု ကို ပို၍တိုးပွားစေနိုင်ကြောင်း သိရ သည်။

ရင်သားကင်ဆာဖြစ်နေသည့် အမျိုးသမီး ၁၄ဝဝ အား စစ်တမ်း ကောက်ယူချက်အရ ငါးအစားများ သည့် အမျိုးသမီးများသည် ငါး အစားနည်းသည့် အမျိုးသမီးများ ထက် အရွယ်မရောက်ခင် သေဆုံး နိုင်မှုနှုန်း သုံးဆလျော့နည်းကြောင်း သုတေသီများက ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ သုတေသီများ သည် ရင်သားကင်ဆာရောဂါခံစား နေရသည်မှာ သုံးလကြာမြင့်နေပြီ ဖြစ်သည့် ရောဂါဝေဒနာရှင်များကို အင်တာဗျူးပြီးနောက် ပျှမ်းမျှ အားဖြင့် အချိန် ၁၄ နှစ်နှင့်ခုနစ်လ အကြာရောဂါစစ်ဆေး၊စောင့်ကြည့် ခဲ့ကြခြင်းဖြစ်သည်။

ရလဒ်များအရတူနာငါးအစိမ်း အများဆုံးစားသုံးသည့် အမျိုးသမီး များသည် မစားသုံးသူများထက် သေဆုံးနိုင်မှုအန္တရာယ်၂၉ရာခိုင်နှုန်း လျော့နည်းကြောင်းနှင့် အခြားသော ငါးများအား ချက်ပြုတ်၍ စားသုံး သူများသည် ၂၅ ရာခိုင်နှုန်းလျော့ နည်းသည်ဟု သိရသည်။

အဆိုပါရလဒ်များကို Cancer ရောဂါဆိုင်ရာ ဂျာနယ်တွင်ဖော်ပြ ထားခြင်း ဖြစ်သည်။ ယင်းသို့ ဖြစ်ပွားရခြင်းသည် ငါးထဲတွင် ပါဝင်သည့် သွေးထဲတွင် ကိုလက် စထရောဖြစ်ပေါ်မှုကို အားမပေး သော polyunsaturated ဖက်တီး အက်စစ်သည် ရောင်ရမ်းမှုကို တိုက်ဖျက်သည့် အာနိသင်များရှိပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို လျော့ နည်းစေသည့် အာနိသင်ရှိသည့် အတွက်ဟု ယူဆရကြောင်း သိရ သည်။ တူနာငါးအပြင် ဆာဒင်း ငါး၊ ဆယ်လ်မွန်ငါးနှင့် အခြား သောအဆီများသည့် ငါးများသည် ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင် ခြေကို လျှော့ချနိုင်ကြောင်း သိရ သည်။

နောင်နောင်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ