အေးမြသောလေက ကိုယ်အလေးချိန်ကျစေနိုင်


အရမ်းကြီးအေးစက်နေတာ မဟုတ်ဘဲ အေးမြနေတဲ့လေ ( mildly cold air ) ဟာ ကယ်လိုရီ ကို လောင်ကျွမ်းစေနိုင်တယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ် ။ လေအေးတွေနဲ့ ထိတွေ့ရခြင်းကြောင့် ကိုယ်ခန္ဓာအတွင်း အပူချိန်ကိုမြှင့်တင်ဖို့အတွက် စွမ်းအင်တွေကို အသုံးချမှုများ တာကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ် ။

ဒါ့အပြင်ဆောင်းရာသီမှာ အနွေးဓာတ် ပေးထားတဲ့ အိပ်ခန်းတွေ၊ ရုံးခန်းတွေဟာ ခါးအဆီတွေကို စုစေတယ်လို့လည်း သိရပါတယ် ။ “ဖွံ့ဖြိုးပြီးနိုင်ငံများမှာ နေထိုင်သူတွေဟာ တစ်နေ့တာရဲ့ ၉၀ရာခိုင်နှုန်း အခန်းတွင်း ပတ်ဝန်းကျင်မှာသာ အချိန်ကုန်ဆုံးစေပါတယ် ။ ဒါကြောင့် ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိရာ စွမ်းအင်နဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေနည်းပါးပြီး အ၀လွန်လာ ရခြင်းဖြစ်ပါတယ်” လို့  လေ့လာ မှုခေါင်းဆောင် နယ်သာလန်နိုင်ငံ၊ Masastricht တက္ကသိုလ်မှ Dr.Wouter Marken က ပြောကြား ထားပါတယ် ။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အေးမြတဲ့လေကို ထိတွေ့ရပြီဆိုရင် ကိုယ်ခန္ဓာဟာ ခိုက်ခိုက် တုန်လာခြင်းပဲဖြစ်ပြီး အဲဒီနည်းအားဖြင့် စွမ်းအင်တွေကို လောင်ကျွမ်းစေကာ ကိုယ်တွင်း အပူချိန် မြင့်တက်စေပါတယ် ။ ငြိမ်နေတာထက်စာရင် ခိုက်ခိုက်တုန်ခြင်း (shivering) ဟာ ကယ်လိုရီလောင် ကျွမ်းမှုကို ငါးဆမြင့်တက်စေတယ်လို့ သိရှိရပါတယ်။

လေ့လာမှုမှာတွေ့ရှိချက်အရ တစ်နေ့တာမှာ ခြောက်နာရီခန့် ၁၅ ဒီဂရီစင်တီ ဂရိတ်ရှိတဲ့ လေအေးနဲ့ ထိတွေ့သူတွေဟာ (၁၀)ရက်ကြာတဲ့အခါမှာ ခါးအဆီတွေ လောင် ကျွမ်းမှုမြင့် တက်လာတာ ကို ဖော်ထုတ်နိုင်ခဲ့ ပါတယ် ။
ဒီလေ့လာမှုကို Journal Trends in Endocrinology and Metabolism မှာဖော်ပြထားတာ ဖြစ်ပါတယ်။

သန့်စင်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ