ဂီတကနေ သာယာမှုမခံစားတတ်ကြသူများ


ကမ္ဘာ့လူဦးရေရဲ့ ၃% ကနေ ၅% က ဂီတကနေ သာယာမှုကို မခံစားနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ ဘာစီလိုနာတက္ကသိုလ်၊ မွန့်ရီယဲလ် ဦးနှောက်အာရုံကြော အင်စတီကျုနဲ့ မတ်ဂေးလ်တက္ကသိုလ်တို့မှ သုတေသီ တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ သုတေသနအသစ်တစ်ခုအရ ယင်း ကဲ့သို့ ဂီတကနေသာယာမှုကို မခံစား တတ်ကြတဲ့သူတွေမှာ ဦးနှောက်နဲ့ အသံကိုလက်ခံတဲ့ Cortical အပိုင်းနဲ့ ကြားရတဲ့အသံ ပေါ်မူတည် ပြီး တုန့်ပြန်ပေးနိုင်တဲSubcortical အပိုင်းကြား လုပ်ဆောင်ချက် ဆက်သွယ်မှု လျော့နည်းနေတာကို တွေ့ခဲ့ရပါတယ်။

 ဂီတကနေ သာယာ မှုကိုမခံစားနိုင်တဲ့ အခြေအနေကို နားလည်နိုင်ဖို့အတွက် သုတေသီ တွေက ပါဝင်သူတွေကို ၎င်းင်းတို့ရဲ့ ဂီတအပေါ် တုန့်ပြန်နိုင်စွမ်းကို အခြေပြုပြီး အဖွဲ့ (၃) ဖွဲ့ခွဲခဲ့ပါတယ်။ အဲဒီနောက် ၎င်းင်းတို့ကို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်နေပုံကို တိုက် ရိုက်ဖော်ပြပေးနိုင်တဲ့ လျှပ်စစ် သံလိုက်ပုံရိပ်ဖော်စက် f MRI ထဲ ထည့်ပြီးနောက် ဂီတကို နားထောင် စေပါတယ်။

 ဦးနှောက်ရဲ့ အခြား ပျော်ရွှင်ဖွယ် ၀မ်းနည်းဖွယ်ကိစ္စတွေ မှာ တုန့်ပြန်ပုံနဲ့ ဂီတကိုတုန့်ပြန်ပုံ ကွဲပြားမှု ရှိမရှိ သိရဖို့ အတွက် ကိစ္စတွေမှာ လောင်းကစား လုပ်စဉ် ဦးနှောက်တုန့်ပြန်ပုံကိုလည်း မှတ် တမ်းတင်ထားပါတယ်။ ရလဒ်တွေ အရ ဂီတကနေ သာယာမှုကို မခံစား နိုင်တဲ့သူတွေမှာ Subcortical အပိုင်း မှာရှိတဲ့ Accumben နယူကလိယရဲ့ တုန့်ပြန်မှု အားနည်းနေတာကို တွေ့ ရပါတယ်။ ဒါပေမဲ့ ဗခခကာဘနည နယူကလိယက လောင်းကစားလုပ်တဲ့ အခါ အနိုင်ရရာမှာတော့ ကောင်း ကောင်းတုန့်ပြန်တာကို တွေ့ရပါ တယ်။ အပြန်အလှန်အားဖြင့် ဂီတကို ကျွမ်းကျွမ်းကျင်ကျင် အာရုံခံစား နိုင်တဲ့သူတွေမှာတော့ ယင်း Cortical နှဲ့Subcortical အပိုင်းကြား ဆယ်သွယ်မှုက ပိုကောင်းတာကို တွေ့ရပါတယ်။


ဒါကြောင့် လူတစ်ဦးတိုင်းစီ အတွက် သီးခြားလှုံ့ဆော်မှုတွေအပေါ် သီးခြား တုန့်ပြန်မှုလမ်းကြောင်းတွေ ရှိတယ်လို့ ကောက်ချက်စွဲလို့ ရပါ တယ်။ ဦးနှောက်တွင်း ဆက်သွယ်မှု လျော့ကျလာခြင်းက အခြားသော အတွေ့အကြုံကတဆင့် ပညာယူ နိုင်စွမ်းရည် နိမ့်ကျနေတဲ့ အခြေအနေ တွေရဲ့ တရားခံလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် အောက်တစ်ဇင် ဝေဒနာခံစားနေရတဲ့ ကလေးတွေမှာ လူတွေရဲ့အသံကို အရှိအတိုင်း မကြားနိုင်၊ သာယာမှုကို မခံစားရနိုင် ခြင်းက ဦးနှောက်ရဲ့ bilateral posterior superior temporal sulcus အပိုင်းနဲ့ Accumbens နယူကလိယ ကြားဆက်သွယ်မှု လျော့ကျနေတဲ့အတွက် ဖြစ်တယ် ဆိုတာ ရှင်းပြနိုင်ခဲ့ပါတယ်။

ယခု တွေ့ရှိချက်ကတဆင့် လူတစ်ဦျးင်း စီရဲ့ ဦးနှောက်က သာယာမှုအပေါ် တုန့်ပြန်သည့်စနစ် ကွဲပြားပုံကို နားလည်ရန် ကူညီနိုင်ရုံသာမက သာယာမှုအပေါ် တုန့်ပြန်သည့်စနစ် အပေါ် အခြေခံပြီး ဖြစ်ပွားနေတဲ့ ရောဂါတွေဖြစ်တဲ့ စိတ်ကျဝေဒနာ၊ စွဲလန်းမှုပြဿနာတွေကို ကုသနိုင်ဖို့ ကုထုံးသစ်တွေ ပေါ်လာရန်အတွက် လည်း ကူညီပေးနိုင်မယ်လို့ သိရပါ တယ်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ