စိတ်ဖောက်ပြန်မှုနှင့် ကြာရှည်စွာအလွန်အကျူးမူးယစ်သောက်စားမှုတို့ သိသာထင်ရှားစွာဆက်စပ်မှုရှိ


အချိန်ကာလကြာရှည်စွာ အလွန်အကျူး အရက်(အယ်လ်ကို ဟော) မူးယစ်သောက်စားမှုသည် ဦးနှောက်ပျက်ယွင်းခြင်းကြောင့် စိတ်ဖောက်ပြန်မှုရောဂါပုံစံအားလုံး ၏ အဓိကအန္တရာယ်ရှိသည့်အချက် ပင်ဖြစ်သည်ဟုThe Lancet Public Health အွန်လိုင်းဂျာနယ်တွင် ဖော်ပြထားချက်အရ သိရသည်။
သုတေသီများကပြင်သစ်နိုင်ငံ ရှိ စိတ်ဖောက်ပြန်မှုအစပိုင်းအဆင့် ခံစားနေရသူ ၅၇ဝဝဝ ကျော်တို့ အား ဆန်းစစ်မှုများအရ ¤င်းတို့ အနက်မှ ထက်ဝက်ကျော်သည် အရက်သောက်သုံးခြင်းနှင့်ဆက်စပ် ပြီး ဖြစ်ပွားသူများ သို့မဟုတ် အရက်အလွန်အကျွံသောက်သုံးမှု ကြောင့် ဆက်စပ်ရောဂါများပါ တွဲ ဖက်ခံစားနေရမှုများကို တွေ့ရှိခဲ့ရ သည်ဟု သိရသည်။

အကြမ်းဖျင်းအားဖြင့် အရက် သောက်သုံးခြင်းကြောင့်ဖြစ်ပွား သည့် စိတ်ဂနာမငြိမ်မှုများသည် စိတ်ဖောက်ပြန်မှု ရောဂါပုံစံအား လုံးထက် သုံးဆမြင့်ကြောင်း သိရ သည်။

မှတ်Óဏ်ချွတ်ယွင်းမှုရောဂါ နှင့် အခြားသောစိတ်ဖောက်ပြန်မှု ရောဂါပုံစံများသည် အသက် ၆၅ နှစ် အရွယ်မတိုင်မီအချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရ သည်။ ဖော်ပြခဲ့ပြီးသော သုတေ သနများအရ သိမြင်မှုဆိုင်ရာ ကျန်းမာရေးအပေါ် အရက်၏ သက်ရောက်မှုကို မရေမရာသာသိ ရှိခဲ့ရသည်။ အချို့သောလေ့လာ မှုများက အနည်းငယ်မှ အသင့် အတင့် အရက်သောက်သုံးခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြခဲ့ကြ ပြီး အခြားသောလေ့လာမှုများက အရက်အလွန်အကျွံသောက်သုံးခြင်း သည် စိတ်ဖောက်ပြန်မှုဖြစ်ပွားနိုင် ခြေကို မြင့်တက်စေသည်ဟု ဖော်ပြကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သတ်မှတ်ချက်အရ အရက်အလွန် အကျွံသောက်သုံးမှုနှုန်းသည် အမျိုးသားများအတွက် တစ်ရက် လျှင် ဂရမ် ၆ဝသောက်သုံးခြင်းနှင့် အမျိုးသမီးများအတွက် ဂရမ် ၄ဝ သောက်သုံးခြင်းဖြစ်သည်ဟု သိရ သည်။ သုတေသနသစ်တစ်ခုအရ ပြင်သစ်နိုင်ငံတွင် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၃ခုနှစ်အတွင်းတွင်စိတ်ဖောက် ပြန်သည့် ရောဂါခံစားနေရသူ တစ်သန်းကျော်ရှိသည်ဟု သိရ သည်။

Ref: Channel News Asia
နောင်နောင်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ