အသုံးပြုရန် မသင့်တော့သည့် ပြန်ကြော်ဆီများကို ဒီဇယ်နှင့် ဆပ်ပြာကြမ်းချက် လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် စမ်းသပ်လျက်ရှိ


စားသောက်ဆိုင်၊ ဟိုတယ်နှင့် အကြော်စုံ လုပ်ငန်းများ၌ အသုံးပြုရန် မသင့်တော့သည့် ပြန်ကြော်ဆီများကို ဒီဇယ်နှင့် ဆပ်ပြာကြမ်း ချက်လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် စမ်းသပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အစားအသောက် လုပ်ငန်းများ၌ အသုံးပြုပြီးသော ပြန်ကြော်ဆီများကို မစွန့်ပစ်ဘဲ ဓာတုပစ္စည်းများဖြင့် အရောင်ချွတ် ခြင်းနှင့် အနံ့ထည့်ခြင်းများ ပြုလုပ်ကာ ပြည် တွင်းဈေးကွက်၌ ပြန်လည်ဖြန့်ဖြူး ရောင်းချနေခြင်းကြောင့် ပြန်ကြော် ဆီများကို ဈေးနှုန်းတစ်ခုပေးကာ ပြန်လည်ဝယ်ယူပြီး ဒီဇယ်နှင့် ဆပ်ပြာကြမ်း ချက်လုပ်သည့် လုပ်ငန်းများ၌ ကုန်ကြမ်း အဖြစ်အသုံးပြုနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စမ်းသပ်မှုကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ကျောက္ကာ၌ ပြုလုပ်နေပြီး စမ်းသပ်မှု အောင်မြင်ပါက စားသုံးသူများ၏ ကျန်းမာရေးကို ကာကွယ်နိုင် မည်ဖြစ်ကာ စက်မှုလုပ်ငန်း၊ ဒီဇယ်၊ ရေနံချေးနှင့် ဆပ်ပြာကြမ်းချက် လုပ်သည့် လုပ်ငန်းများအတွက် အထောက်အကူ ပြုလာနိုင်မည်ဖြစ်သည်။ လက်ရှိတွင် စားေ သာက်ဆိုင်များနှင့် ဟို တယ်များ၌ အသုံးပြုပြီးသော ဆီများကို သင့်တင့်သည့်ဈေးဖြင့် ပြန်လည်ဝယ်ယူကာ ဒီဇယ်နှင့် ဆပ်ပြာကြမ်းချက်လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ