အားကစားပျိုမေ တို့ ရှိရင်းထက် လျော့မကျစေလို


နှစ်အသစ် မှာ စိတ်အသစ် လူအသစ်နဲ့ လှပလိုတဲ့ ပျိုမေများစွာရှိမှာပါ။ နှစ်သစ်မှာ စတိုင်အသစ် ဖက်
ရှင် အသစ်နဲ့ ရှိုးထုတ်ဖို့ အတွက် လူက လည်း စတိုင်မိနေမှ ရမယ်နော်။ အခုနောက်ပိုင်း ခေတ်ကာလ က ပိန်ပိန်သွယ်သွယ် ပျိုမေတို့အတွက် ပဲ ထုတ်တော့သလား ထင်ရအောင် ဖက်ရှင်ဒီဇိုင်းများက body fit လေးတွေပဲများလာပါတယ်။

နှစ်အသစ်မှာ လူအသစ်ဖြစ်အောင် ပြောင်းလဲဖို့ အားကစားလုပ်မယ် ရည်ရွယ်ထားတဲ့ ပျိုမေတွေ များစွာရှိမှာပါ။တခြား ဘောင်းဘီ၊ ဖိနပ်၊ အင်္ကျီ ၀ယ်ယူရာမှာ ပြသာနာ မရှိပေမဲ့ အတွင်းခံ ဘရာစီယာ ၀ယ်တဲ့အခါမှာတော့ အခက်တွေ့ကျပါပြီ။ ခါတိုင်း အပြင်သွားသလို ပွဲတက်သလို အလှအပ ဘရာစီယာ များအဆင်မပြေပါ။ထိုအပြင် ထူလွန်းတော့ ဖောင်းဖောင်းကြီး ဖြစ်နေမှာ ပါးလွန်းတော့ ချွေးထွက်တဲ့အခါ ကြည့်မကောင်းဖြစ်မှာ တွေးပူစရာပါ။ထိုဖြင့် အားကစားလုပ်မှာ မိမိရှိရင်းစွဲ ရင်သားတွေ တွဲထားတယ်ဆိုတဲ့ သူများပြောစကားတွေ ကြားဖူးတော့ ပိုအခက်တွေ့စရာပေါ့။

ဘရာစီယာ ကို အားကစားလုပ်တဲ့အခါ အရေးကြီးလားမေးရင် ကြီးပါတယ်။ရင်သား ဟာ ကြွက်သားမရှိပါဘူး။ ရင်သား အရွယ်အစားနဲ့ ပုံသဏ္ဍန် ကို ဖြစ်စေတဲ့ Cooper’s ligament ပဲရှိပါတယ်။သူ့ကို သေချာ မထိန်းတဲ့အခါ အားကစားလုပ်တဲ့ချိန် ရင်သားဟာ အပေါ်အောက် ခဏခဏ လှုပ်ရှားပြီး ပုံပျက်ကာ တွဲကျလာတတ်ပါတယ်။အားကစား ပျိုမေတို့ သတိထားဖွယ်။

သူများ သွားမေးရမှာလည်း မရဲ ၊ ကိုယ်တိုင်လည်း မရွေးချယ် တတ်ဆို ပြီး အခက်မတွေ့ပါနဲ့တော့။
မိမိကိုယ်တိုင် မိမိ ကစားမဲ့ အားကစားနဲ့လိုက်မဲ့ ဘရာစီယာ ကိုယ်တိုင် ရွေးချယ်နိုင်အောင် ကူညီမှာပါ။

ပထမဦးစွာ အားကစားလုပ်တဲ့အခါ ၀တ်တဲ့ အသုံးအများဆုံး ဘရာစီယာ သုံးမျိုး သိရပါမည်။
(၁) Encapsulation sports bra - သူက ပုံမှန် bra လို cups ပုံစံနဲ့ပါ။သီးသန့် cups တခုစီ နဲ့ ရင်သားက တဖက် ဆီကို သီးသန့် ထိန်းပေးပါသည်။
(၂) Compression sports bra - သူကတော့ cups မပါပါဘူး။ရင်သားကို အားကစားလုပ်တဲ့အချိန်မှာ လုံးဝ လှုပ်ရှားမှု မရှိအောင် လုပ်ပေးပါသည်။
(၃) Combination sports bra - သူမှာတော့ cups လဲပါသည်။ရင်သား နှစ်ဖက်လုံးကို ထိန်းပေးပြီး compression လဲ ကောင်းကောင်းပေးပါသည်။အခုနောက်ပိုင်း fitness မော်ဒယ်မလေးတွေ အ၀တ်များတဲ့ ဒီဇိုင်းပါ။ပုံစံ ဒီဇိုင်းမျိုးစုံ လာတဲ့ အပြင် အပေါ်မှာ ဘာအင်္ကျီ မှ ထပ်မ၀တ်ရင်တောင် အမြင်မရိုင်းတဲ့ ဒီဇိုင်းပါ။


မိမိကစားမဲ့ အားကစားရဲ့  လှုပ်ရှားမှုပြင်းအား(impact) ကို သိရပါမည်။ သုံးမျိုးရှိပါသည်။
(၁) high impact -ခုန်ပေါက်လှုပ်ရှားရတဲ့ ပြေးခြင်းကစားနည်းများ၊ အေရိုးဗစ် ကစားနည်း၊ ခုန်ခြင်းကစားနည်းများ၊ ကာရာတေး လက်ဝှေ့ စသော ကစားနည်းများ၊ တင်းနစ် ကစားနည်းများ။
(၂)medium impact- အတင့်အသင့် လှုပ်ရှားရတဲ့ တောင်တက်ခြင်း၊ စက်ဘီး စီးခြင်း၊စကိတ်စီးခြင်း၊
(၃)Low mipact - လှုပ်ရှားမှုနည်းတဲ့ ယောဂ ကစားနည်း၊လမ်းလျှောက် ခြင်း၊ strength အားကစားနည်းတွေ၊ ဂေါက်ရိုက်ခြင်း၊။
မိမိကစားမဲ့ အားကစား နည်းလမ်းက high impact အမျိုးအစားဆိုရင် encapsulation sports bra အမျိုးအစားက သင့်လျော်ပြီး low impact အမျိုးအစား ဆိုရင် compression sports bra အမျိုးအစားက အဆင်ပြေစေမှာပါ။ တခါတရံ ခုန်ပေါက်ကစား ရပြီး တခါတရံ ပုံမှန်ပဲ ကစားရတယ်ဆိုရင်တော့ combination sports bra အမျိုးအစား က အသင့်လျော်ဆုံးပါပဲ။
ကဲ အမျိုအစား ရွေးနည်းလဲ သိပြီဆိုတော့ ဆိုဒ်ရွေးတဲ့နည်း ပြောကြဦးစို့ ။
ဘရာဆိုဒ် ကို ရွေးတဲ့နည်းလမ်းတွေ များစွာရှိပါသည် ထိုထဲမှာ လွယ်ကူစွာ အဆင်ပြေမဲ့ နည်းလမ်းလေး ဖော်ပြပေးပါမည်။ မိမိ ပုံမှန် ၀တ်နေကျ ဆိုဒ် နဲ့ တိုင်းဝယ်လို့ မရပါ။ bands အတိုင်းအထွာ နဲ့ cup ဆိုဒ် တိုင်းနည်း က အရေးကြီးပါသည်။ပေကြိုးတချောင်းယူပါ။ bands အတွက် တိုင်းနည်း ဆိုသည်မှာ ရင်သား အောက်က ပတ်လည် အတိုင်းအထွာဖြစ်ပြီး cup ဆိုဒ် အတွက် ကတော့ ပုံမှန် မိမိ ၀တ်နေကျ ဘရာ အပေါ်ကနေရင်သား တည့်တည့်မှာ တိုင်းရမှာ ဖြစ်ပါတယ်။ တိုင်းတဲ့အခါ တင်းတင်း ဆွဲ တိုင်းရပါမည်။
ပထမဆုံး ရင်သားအောက်တိုင်းတဲ့ အတိုင်း အတာ နဲ့ ရင်သားပေါ်က အတိုင်းအတာ ရလာတဲ့အခါ မှာ မိမိ အတွက် သင့်လျော်တဲ့ ဘရာထွက်လာပါတယ်။ပုံမှာ ပြထားတဲ့အတိုင်း ရင်သားအောက် အတိုင်း အထွာနဲ့
Cup ဆိုဒ်ကို တွက်ချက်ရပါမည်။ ဥပမာ - ရင်သားအောက်တိုင်းသောအခါ ၃၀ လက်မ ရှိပြီး ရင်သားအပေါ်တည့်တည့် တိုင်းသောအခါ ၃၅ လက်မရှိသည်ဆိုပါတော့။ ခြားနားခြင်းက ၅ လက်မကွာသောအခါ cup ဆိုဒ် က B ပါ band ဆိုဒ် က 34 ပါ။ထိုအခါ 34 B ဆိုဒ် ၀ယ်ရမှာပါ။
နောက်ဥပမာ တခု က ရင်သားအောက်တိုင်းသောအခါ ၂၆ လက်မ၊ ရင်သားတည့်တည့်တိုင်းသောအခါ ၃၃ လက်မ ရှိသည်ဆိုပါစို့။ သူ့အတွက် ခြားနားခြင်းက ၇ လက်မဖြစ်သည်။ သူ့အတွက် CUP ဆိုဒ်က D ပါ band ဆိုဒ်က 30 D ပါ။
အခုလောက်ဆို ရွေးချယ်တတ်လောက်ပါပြီ။band ကို လက်ရှိုကြည့်တဲ့အခါ လက် နှစ်လုံးလောက် ၀င်ဆန့်ရပါမည်။ အသက်ရူသောအခါ ရင်ဘတ်ကြီး တင်းမနေရပါ။ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာ ရူနိုင်ရပါမည်။ ချွေးစုပ်သော အ၀တ်အသားမျိုးကောင်းသည်။ ရာသီဥတု မရွေး ၀တ်နိုင်ပြီး အဆင်ပြေသည်။


မိမိ နဲ့ သင့်တော်မဲ့ အမျိုးအစားလဲ သိပြီ ဆိုတော့ ဘယ်လို ထိန်းသိမ်းရမယ် လျှော်ဖွပ်ရမယ် ဆိုတာလည်း သိဖို့ လိုပါသေးသည်။ဆပ်ပြာ အနုစား သုံးပါ။ ရေနွေးဖြင့် မလျှော်ရပါ။ စက်နဲ့အကြမ်းပတမ်း လျှော်စရာမလိုပါဘူး။အသာအယာ လက် နဲ့ ပွတ်လျှော်ပေးရင် လုံလောက်ပါပြီ။မီးပူမတိုက်ရပါ။
ကဲ ဒီလောက်ဆို အားကစားပျိုမေတို့ နှစ်သစ်မှာ ခန္ဓာကိုယ် အသစ်ပြောင်းလဲမဲ့ စိတ်ကူးလေးတွေ အခက်အခဲမရှိလောက်တော့ပါဘူးနော်။မိမိကိုယ် ယုံကြည်မှု အပြည့်နဲ့ အားကစားလုပ်ရင်း နှစ်သစ်မှာ ကျန်းမာလန်းဆန်း တက်ကြွသော ခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ပါစေကြောင်း ဆုတောင်းပေးပါသည်။

ဒေါက်တာဗိုး
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ