ကလေးထိန်း ဆိုးဆိုးတွေရဲ့ လက္ခဏာများ


ကိုယ့်ရင်သွေးလေးကို ပြုစုစောင့်ရှောက်ပေးမယ့် ကလေးထိန်းကောင်း ရှာဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်ချို့မိဘတွေက ကိုယ့်ကလေးအပေါ် ကလေးထိန်းက ဘယ်လိုဆက်ဆံစောင့်ရှောက်နေတယ်ဆိုတာကို အလွယ်တကူ သတိထားမိတတ်ကြပေမယ့် ဆိုးဆိုးဝါးဝါး အခြေအနေမျိုးတွေ မဟုတ်ဘူးဆိုရင်တောင် တစ်ခုခုဝင်ပြောဖို့ အခြေအနေတွေ ရှိလာတတ်ပါတယ်။

ကလေးထိန်းက ကောင်းမကောင်းကို အောက်ပါအချက်တွေအရ သိရှိနိုင်ပါလိမ့်မယ်....

ကိုယ့်ကလေးငယ်ဟာ ကလေးထိန်းကို ကြောက်ရွံ့နေမယ်၊ စိတ်ဂဏာမငြိမ်ဖြစ်နေမယ်၊ ပျော်ပျော်ရွှင်ရွှင် သွက်သွက်လက်လက် မရှိတော့ဘူးဆိုရင် ဂရုစိုက်ပြီး လေ့လာသင့်ပါတယ်။

ကလေးထိန်းဟာ နေ့စဉ်အလုပ်တာဝန်တွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြတာမျိုး မရှိဘူးဆိုရင်လည်း ဂရုစိုက်သင့်ပါတယ်။

ကိုယ့်ကလေးငယ်မှာ အလွယ်တကူရှောင်ကြဉ်လို့ရတဲ့ မတော်တဆထိခိုက်မှုတွေ မကြာခဏ ဖြစ်နေမယ်ဆိုရင် ဂရုစိုက်သင့်ပါပြီ။

ကလေးထိန်းဟာ ကိုယ့်ရဲ့တောင်းဆိုချက်တွေကို မလိုက်နာတာ၊ မပြုလုပ်တာတွေကို သတိထားမိတယ်ဆိုရင် စဉ်းစားဖို့လိုပါပြီ။

ကလေးထိန်းဟာ ကလေးကို ကိုယ်ပြုစုစောင့်ရှောက်တဲ့အခါ ဝေဖန်ပြောဆိုတာမျိုး၊ တစ်ခုခုလုပ်ဖို့ တွန်းအားပေးတာမျိုး ပြုလုပ်တတ်တယ်ဆိုရင်လည်း ပြန်စဉ်းစားဖို့လိုပါတယ်။

ကလေးထိန်းဟာ ကလေးထိန်းဖို့ အိမ်လာပေးတဲ့အခါ မကြာခဏ နောက်ကျတတ်တယ်ဆိုရင်လည်း ကလေးထိန်းအသစ်ပြောင်းဖို့ စဉ်းစားသင့်ပါတယ်။

ကလေးထိန်းနဲ့ ထားခဲ့တဲ့အခါ အမြဲတမ်းလိုလို ညစ်ပတ်ပေရေနေမယ်၊ မသေမသပ်ဖြစ် နေမယ်ဆိုရင်လည်း သတိထားဖို့ လိုပါပြီ။

ကလေးထိန်းနဲ့ ကိုယ်ရဲ့ပတ်သက်မှုအပေါ် ယုံကြည်ပြီးနေလို့မရပါဘူး။ ပစ္စည်းတွေ ပျောက်မယ်၊ လိမ်ညာပြောဆိုနေမယ်ဆိုရင်တော့ ဒီလို ကလေးထိန်းမျိုးကိုလည်း သည်းခံနေစရာမလိုပါဘူး။

ကိုယ့်ရဲ့ ကလေးငယ်ဟာ တစ်နေ့လုံး ဘာမှ မစားရသေးသလိုမျိုး အစားကို အငမ်းမရစားနေပြီ အမြဲလိုလို ဆာလောင်နေတဲ့ပုံ ပေါ်နေပြီဆိုရင်တော့ ကလေးထိန်းဟာ ကလေးကို အချိန်မှန် အစားအသောက် ကျွေးမကျွေး စစ်ဆေးဖို့ လိုအပ်နေပါပြီ။

နောက်တစ်မျိုးကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ကလေးထိန်းနဲ့ ပတ်သက်ပြီး စိတ်ထင့်နေရင် အလိုမကျဖြစ်နေတယ်ဆိုရင်လည်း စဉ်းစားစရာပါပဲ။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ