နှလုံးသွေးကြော ဆိုင်ရာရောဂါတွေကြောင့် သေဆုံးမှုနှုန်း ဟာ ဆယ်စုနှစ်တစ်ခု အတွင်းမြင့်တက်လာနိုင်ဖွယ်ရှိ



နှလုံးသွေးကြော ဆိုင်ရာရောဂါတွေကြောင့် သေဆုံးမှုကို နိုင်ငံတွေအနေနဲ့ ကျန်းမာရေး သတိပေးမှုတွေ အပြင်းအထန် မပြုလုပ်ဘူးဆိုရင်တော့ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ တစ်နှစ်ကို လူဦးရေ ၈ သန်းခန့် ထိ သေဆုံးမှုနှုန်း မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ လေ့လာမှု အသစ်တစ်ခုက ဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၅ ခုနှစ်မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် အရွယ်မတိုင်မီ သေဆုံးမှု ကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချ မယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ သွေးဖိအားမြင့်မားခြင်း ၊ ဆေးရွက်ကြီး အသုံးပြုခြင်း ၊ အ၀လွန်ခြင်း နဲ့ ဆီးချိုသွေးချို စတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ချေ တစ်ဖြည်းဖြည်း နည်းလာခဲ့ပါတယ်။

သုတေသီတွေဟာ ၂၀၂၅ ခုနှစ်မတိုင်ခင်နိုင်ငံပေါင်း ၁၈၈ နိုင်ငံက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးမှုနှုန်းထားကို လေ့လာခဲ့တဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ကြားထဲက Global Burden of Disease ၊ Risk Factors and Injuries ဆိုတဲ့ လေ့လာမှု ကနေ လိုအပ်တဲ့အချက်အလက်တွေကို ယူသုံးခဲ့ကြပါတယ်။

ပထမတော့ ကုလသမဂ္ဂ အပါအ၀င် အခြား အဖွဲ့အစည်းတွေက ခန့်မှန်းထားခဲ့တာကတော့ ၂၀၂၅ ခုနှစ်မှာ အမျိုးသားတွေရဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးမှု နှုန်း ၂၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေက ၂၃ ရာခိုင်နှုန်းဆီ လျော့ကျသွားမယ်ဆိုရင် တစ်ကမ္ဘာလုံး က နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးမှု နှုန်း ဟာ ၅.၇ သန်းထိ လျော့ကျနိုင်မယ်လို့ မျှော်လင့်ထားတာပါ။

တစ်ကယ်တမ်း သုတေသီတွေက ဆေးရွက်ကြီးသောက်သုံးမှု ၊ ဆီးချိုသွေးချို နဲ့ အ၀လွန်ခြင်းတို့ကြောင့် သေဆုံးမှု နှုန်းထားအချက်အလက်တွေကို ရယူပြီး တွက်ချက်လိုက်တဲ့အခါမှာတော့ ၂၀၂၅ မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးမှု နှုန်း ဟာ တစ်ကမ္ဘာလုံးမှာ လူဦးရေ ၇.၈ သန်းခန့်အထိ ရှိလာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

သုတေသီတွေ ပြောပြခဲ့တာကတော့ လက်ရှိခန့်မှန်းမှုထက် ကောင်းကျိုးရှိလာစေမယ့် ပြောင်းလဲမှု တွေ ကျယ်ပြန့်စွာ ဖြစ်ထွန်းလာဖို့အတွက်ဟာ နေရာဒေသနဲ့ ဆိုင်ပါတယ်တဲ့။ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးမှု နှုန်း ဟာ နေရာဒေသ ရဲ့ လူနေမှု ပုံစံ နဲ့ အစားအစာ အပေါ်မူတည်ပြီးသာ ပြောင်းလဲနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ထို လေ့လာမှု ကိုတော့ Circulation ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ