နေကြာဆီနဲ
့ပြောင်းဆီ စတဲ့ ဟင်းသီးဟင်းရွက်ဆီတွေမှာ နှလုံးရောဂါနဲ့ dementia ခေါ် ဦးနှောက်ထိခိုက်မှု
ကြောင့် စိတ်ဖောက်ပြန်မှုရောဂါတွေကို ဖြစ်စေနိုင်တဲ့ အဆိပ်ရှိဓာတုပစ္စည်းတွေ ပါဝင်လျက်ရှိကြောင်း
သိပ္ပံပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။
ဒီ ဆီတွေအစား
သံလွင်ဆီကို ရွေးချယ်အသုံးပြုနိုင်ပေမယ့် ကျွမ်းကျင်သူတွေရဲ့အဆိုအရ စားအုန်းဆီ၊ ထောပတ်
နဲ့ ဝက်ဆီတို့ ဟာ တခြားဆီတွေထက် သာလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။
“ ဟင်းသီးဟင်းရွက်ဆီတွေနဲ
့မငြိစွန်းနေတဲ့ ရောဂါအုပ်စုရယ်လို့ ကို မရှိဘူးဖြစ်နေပါတယ်” လို့ De Montford တက္ကသိုလ်က
ပရော်ဖက်ဆာ Martin Grootveld က ပြောပြပါတယ်။
“ ပထမဆုံးအနေနဲ
့အတတ်နိုင်ဆုံး ဆီကြော်အစားအစာတွေကို ရှောင်ပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာပဲ ကျွန်တော်တို
့က ဆီကြော်စာကို မှကြိုက်တတ်ကြပြီး ကျွန်တော်ကိုယ်တိုင်လည်း ဆီလေးနဲ့ ကြော်ထားတဲ့ မနက်စာကောင်းကောင်းတစ်နပ်ကို
မရှောင်နိုင်ဘူးဖြစ်နေတယ်”
“ ဒီအတွက်ကြောင့်
ဆီသုံးမယ်ဆိုရင်လည်း ဒီ အဆိပ်ရှိဒြပ်ပေါင်းပါဝင်မှုနည်းပါးတဲ့ ဆီမျိုးကို ရွေးသုံးပါ”
နေကြာဆီ ဒါမှမဟုတ်
ပြောင်းဆီကို သုံးပြီးကြော်ထားတဲ့ ငါးကြော်ဟင်းမှာ aldehydes ဆိုတဲ့ အဆိပ်ရှိဒြပ်ပေါင်းဟာ
စိတ်ချရတဲ့ပမာဏထက် အဆ ၂၀၀ ကျော် ပိုမိုပါဝင်နေတာကို ပရော်ဖက်ဆာ Grootveld က တွေ့ ရှိခဲ့ရ
ပါတယ်။
ကိုလက်စထရောဖြစ်ပေါ်မှုအားမပေးတဲ့ polyunsaturated fats ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဆီတွေ
ဟာ အန္တရာယ်ရှိတဲ့ဒြပ်ပေါင်း အမြောက်အများကို ထုတ်ပေးနိုင်ပြီး သံလွင်သီးနဲ့ အခွံမာစေ့တွေကနေရတဲ့
monounsaturated fat ပြည့်ဝတဲ့ဆီတွေကတော့ ဒီဒြပ်ပေါင်းတွေကို အနည်းအကျဉ်းသာ ထုတ်ပေးတယ်လို
့ ပရော်ဖက်ဆာက ရှင်းပြပါတယ်။
ယခုတွေ့ ရှိမှုဟာ
ပြည့်ဝဆီတွေကို ရှောင်ရှားပြီး polyunsaturated fats ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဆီ တွေကို
ရွေးချယ်အသုံးပြုသင့်တယ်ဆိုတဲ့ နှစ် ၂၀ ကျော်ကြာ သုတေသနပြု လက်ခံထားတဲ့ အချက်အလက်နဲ
့ လုံးဝဖီဆန်လျက်ရှိပါတယ်။
( Ye
Wint )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref:
Metro