ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တစ်နေ့ ၆နာရီ ထိုင်ပါက သန္ဓေသားကိုထိခိုက်စေ



ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထိုင်များရင် သန္ဓေသားအတွက် အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ကိုယ်ဝန် ဒုတိယ သုံးလပတ်အချိန်အတွင်း တစ်နေ့ ၆နာရီထိုင်ခြင်းဟာ ကိုယ်အလေးချိန်များစေပြီး ဆီးချိုရောဂါဖြစ်နိုင်ကာ ကလေးမွေးရခက်ခဲမှုတွေရှိနိုင်ကြောင်း Warwick ဆေးတက္ကသိုလ်မှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စိတ်ဓာတ်ကျတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထိုင်များတတ်ကြပြီး အထိုင်များခြင်းက ကိုယ်အလေးချိန်တက်လာကာ ကိုယ်ဝန်ဆောင်သွေးချို အန္တရာယ်များတယ်လို့လည်း ကျွမ်းကျင်ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၂၀၀ ကျော်ကို လေ့လာမှုပြုခဲ့တာပါ။ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Nithya Sukumar ဟာ သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို အီဒင်ဘတ်မှာလုပ်ခဲ့တဲ့ အန်ဒိုခရင်းဟော်မုန်းဗေဒ ဆေးပညာအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ